ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖရန့်ဖတ် - စပါး
(ယူရိုပါလိဂ်ကွာတားဖိုင်နယ်)
(18 April 2025/ 1:30 am)

ဒီနှစ်သင်းပထမအကျော့ လန်ဒန်မှာ (၁-၁)ဂိုးစီသရေကျခဲ့ကြပြီး စပါးအသင်းက အခွင့်အရေးတွေများစွာရခဲ့ပေမယ့် ဘန်တန်ကာ၊ ဘာ့ဂ်ဗယ်လ်တို့ရဲ့တိုင်ထိဂိုးတွေ၊ ဆွန်ဟောင်မင်၊ ဆိုလန်ကီ၊ မက်ဒီဆန်တို့ရဲ့ဂိုးမဖြစ်ခဲ့တဲ့ကန်ချက်တွေကြောင့် သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်တယ်။

ဒီရာသီ သက်ဆိုင်ရာပြည်တွင်းလိဂ်ပြိုင်ပွဲမှာ ရပ်တည်မှုချင်းယှဉ်ရင်တော့ စပါးက ပရီးမီးယားလိဂ်အဆင့်(၁၅)မှာ တိုင်ပတ်နေပြီး ဖရန့်ဖတ်က ဘွန်ဒစ်လီဂါအဆင့်(၃)မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေတယ်။

ဖရန့်ဖတ်က နောက်ဆုံးဘွန်ဒစ်လီဂါပွဲမှာ ဟိုင်ဒန်ဟိမ်းအသင်းကို (၃-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရထားပေမယ့် စပါးကတော့ နောက်ဆုံးပွဲမှာ ၀ုလ်ဗ်စ်ကို (၂-၄)ဂိုးနဲ့ ရှုံးခဲ့ရတယ်။

ဖရန့်ဖတ်မှာ ဒဏ်ရာရသူသိပ်မရှိဘဲ ကစားသမား(၃)ယောက်လောက်ပဲ ကြံ့ခိုင်မှုစစ်ဆေးပြီးရင် ဒီပွဲမှာ ပါမပါ ဆုံးဖြတ်ရမယ်။ စပါးမှာတော့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင် ဒီပွဲလွဲဖို့ သေချာနေပြီး ဒရာဂူဆင်နဲ့အတူ ဒဏ်ရာစာရင်းမှာ ရှိနေတယ်။ တီမိုဗာနာ၊ ရယ်ဂီလွန်အစရှိသူတွေလည်း ဒီပွဲမှာ ပါဝင်နိုင်မှာမဟုတ်ဘူး။

စပါးက ဒီရာသီ ယူရိုပါလိဂ်အဝေးကွင်းပွဲတိုင်းမှာ ဂိုးပေးခဲ့ရပြီး ဂါလာတာစာရေး၊ AZ အယ်ခမာတို့ကို အဝေးကွင်းတွေမှာ ရှုံးခဲ့တယ်။ ဂျာမန်မြေမှာ ကစားခဲ့တဲ့ ဥရောပပွဲတွေမှာ ဆိုရင်လည်း စပါးရလဒ်ကောင်းလေ့မရှိဘဲ ဂျာမနီမှာ ကစားခဲ့တဲ့နောက်ဆုံးဥရောပရှုံးထွက်ပွဲ(၇)ပွဲမှာ (၆)ပွဲရှုံးခဲ့တယ်။

ဒါကြောင့် ပထမအကျော့မှာ စပါးခြေသာခဲ့တယ်ဆိုပေမယ့် ဒုတိယအကျော့အဝေးကွင်းမှာတော့ ရုန်းကန်ရဖို့များတယ်။ အိမ်ရှင်ဖရန့်ဖတ်ကိုပဲ ပိုကြိုက်မိတယ်။ ဖရန့်ဖတ်အနိုင်(၂-၁)လို ရလဒ်မျိုးကို အကြိုက်တွေ့မိတယ်။

မန်ယူနိုက်တက် - လိုင်ယွန်
(ယူရိုပါလိဂ်ကွာတားဖိုင်နယ်)
(18 April 2025/ 1:30 am)

ပထမအကျော့ ပြင်သစ်မြေမှာတုန်းက ဒီနှစ်သင်း(၂-၂)ဂိုးနဲ့ သရေကျခဲ့သလို နှစ်သင်းကြား ခြေစွမ်းပိုင်းလည်း သိသိသာသာကွာခြားတာမျိုးမရှိဘူး။ မန်ယူနိုက်တက်အသင်းရဲ့ဒုတိယဦးဆောင်ဂိုးက ပွဲပြီးခါနီး(၈၈)မိနစ်မှ နောက်ခံလူယိုရိုရဲ့ခေါင်းတိုက်ဂိုးကနေ ရခဲ့တာဖြစ်သလို၊ လိုင်ယွန်အတွက် တိုက်စစ်မှူးချာကီသွင်းယူခဲ့တဲ့ ဒုတိယချေပဂိုးကလည်း ပွဲချိန်(၉၀+၄)မိနစ်မှ ဂိုးသမားအိုနာနာရဲ့ပေါ့ဆမှုကနေ သွင်းယူခဲ့တာဖြစ်တယ်။

ဖရန့်ဖတ်နဲ့ စပါးလိုပဲ သက်ဆိုင်ရာပြည်တွင်းလိဂ်ပြိုင်ပွဲတွေမှာတော့ ဒီနှစ်သင်းကြား ရပ်တည်မှုချင်းအတော်ကို ကွာခြားတယ်။ မန်ယူနိုက်တက်က ပရီးမီးယားလိဂ်အဆင့်(၁၄)မှာ ရပ်တည်နေပြီး လိုင်ယွန်က ပြင်သစ်လိဂ်အဆင့်(၄)မှာ ရပ်တည်နေတယ်။

လိုင်ယွန်က လတ်တလော ခြေစွမ်းထက်နေပြီး ရလဒ်ကောင်းတွေဆက်တိုက်ယူနေတာက မန်ယူနိုက်တက်အတွက် စိုးရိမ်စရာဖြစ်နေတယ်။ လိုင်ယွန်က နောက်ဆုံးပြိုင်ပွဲစုံ(၁၂)ပွဲမှာ (၉)ပွဲအထိ အနိုင်ကစားထားပြီး (၁)ပွဲသရေကျကာ (၂)ပွဲပဲ ရှုံးထားတယ်။

မန်ယူနိုက်တက်ကတော့ နောက်ဆုံးပြိုင်ပွဲစုံ(၁၂)ပွဲမှာ (၃)ပွဲပဲနိုင်ပြီး (၅)ပွဲသရေကျကာ (၄)ပွဲ ရှုံးထားတယ်။ နောက်ဆုံး(၄)ပွဲဆက်တိုက်နိုင်ပွဲမရဘူး။ နောက်ဆုံးပွဲမှာ နယူးကာဆယ်ကို (၁-၄)ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့တယ်။

ယူရိုပါလိဂ်ပြိုင်ပွဲသက်သက်မှာတော့ မန်ယူနိုက်တက်က ရလဒ်ကောင်းတွေရနေပြီး ရှုံးပွဲမရှိသလို နောက်ဆုံးအိမ်ကွင်း(၄)ပွဲဆက်တိုက် အနိုင်ကစားထားတယ်။

မန်ယူနိုက်တက်အသင်းက ဒီရာသီ ယူရိုပါလိဂ်အိမ်ကွင်းရလဒ်တွေကောင်းနေသလို လိုင်ယွန်ကလည်း ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၂၀၁၇ နောက်ပိုင်းကတည်းက အဝေးကွင်းပွဲတွေမှာ အရှုံးမရှိအောင် (၁၂ ပွဲဆက်တိုက်) ကစားထားနိုင်တဲ့ မှတ်တမ်းကောင်းရှိနေတယ်။

ဒါ့အပြင်လိုင်ယွန်က အင်္ဂလန်ကလပ်တွေနဲ့တွေ့တဲ့ ဥရောပပွဲတွေမှာဆိုရင်လည်း ရလဒ်ကောင်းလေ့ရှိပြီး နောက်ဆုံး(၉)ပွဲမှာ (၁)ပွဲပဲ ရှုံးခဲ့တယ်။ လက်ရှိအသင်းမှာလည်း နူအာမာကလွဲလို့ ဒဏ်ရာရသူကင်းရှင်းနေတယ်။ မန်ယူနိုက်တက်မှာက ထုံးစံအတိုင်း ဒီလစ်၊ ဒီယယ်လို၊ မာတီနက်ဇ်တို့လွဲမှာဖြစ်ပြီး ပထမအကျော့တုန်းက ခြေစွမ်းပြခဲ့တဲ့ ဇက်ခ်ဇီလည်း ဒီပွဲမပါဖို့များတယ်။

ဒါကြောင့် အဝေးကွင်းဖြစ်ပေမယ့် လိုင်ယွန် ဒီပွဲမှာ အနိမ့်ဆုံးသရေရလဒ်ရအောင် ကစားနိုင်မယ်လို့ ထင်မိတယ်။ (၁-၁)(၂-၂)လို ရလဒ် ပြန်ထွက်ပြီး အချိန်ပို ပယ်နယ်တီတွေအထိ ရောက်သွားမယ့်ပွဲလို့ ထင်မိတယ်။

Read more

ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဂွဲရိုးကို ကျော်ဖြတ်ပြီး အဆင့်(၅)နေရာရောက်လာတဲ့ ဆာလာ

ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဂွဲရိုးကို ကျော်ဖြတ်ပြီး အဆင့်(၅)နေရာရောက်လာတဲ့ ဆာလာ

လီဗာပူးလ်အသင်းရဲ့အီဂျစ်တိုက်စစ်မှူးဆာလာဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ်(၅-၁)စပါးပွဲမှာ လီဗာပူးလ်အသင်းအတွက် ပွဲချိန်(၆၃)မိနစ်မှာ အနိုင်ဂိ

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့(ဧပြီ ၃၀ ရက်)မှာ ကစားဖို့ရှိတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ် ဘာစီလိုနာ-အင်တာမီလန်ပွဲကို ဥရောပမှာ မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

မနေ့က ကစားခဲ့တဲ့ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အာဆင်နယ်အမျိုးသမီးအသင်းဟာ နာမည်ကြီးပြင်သစ်ကလပ် လိုင်ယွန်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ (၄-၁)ဂိုးနဲ့ အံ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရီးရဲလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ်ကိုင်တွယ်နေတဲ့ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ဒီရာသီကုန်ရင် အသင်းနဲ့ လမ်းခွဲပြီး သူ့ကိုနည်းပြအဖြစ်ခန့်အပ်ချင်နေ