ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

အက်စတွန်ဗီလာ - PSG
(ချန်ပီယံလိဂ်ကွာတားဖိုင်နယ်)
(16 April 2025/ 1:30 am)

ပထမအကျော့မှာကတည်းက ဒီနှစ်သင်းကြား ခြေစွမ်းပိုင်းသိသိသာသာကွာခြားခဲ့သလို ရလဒ်လည်း ပြတ်သားခဲ့တယ်။ ရပ်ရှ်ဖို့ဒ်၊ အဆန်စီယို၊ ဝက်ကင်စ်၊ တိုင်လေမန်တို့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတယ်ဆိုပေမယ့် ပြင်သစ်ချန်ပီယံအသင်းရဲ့ကစားအားကိုတော့ လိုက်မမီခဲ့တာ အမှန်ပဲ။

PSG ဂိုးပေါက်ကို ရော်ဂျာစ်တစ်ယောက်ပဲ ခြိမ်းခြောက်နိုင်ခဲ့ပြီး တစ်ဂိုးသွင်းနိုင်ခဲ့သလို ကျန်ကစားသမားတွေ တစ်ယောက်မှ ဂိုးပေါက်တည့်အောင်ကန်ခွင့်မရတဲ့အထိ ပထမအကျော့မှာ PSG က ပွဲကို စိုးမိုးနိုင်ခဲ့တယ်။

ဒူအီ၊ ဒမ်ဘီလီ၊ ကဗာရာရှက်ခလီယာ အစရှိတဲ့ PSG တိုက်စစ်က (၃)ဂိုးထက်မကတောင် ဂိုးရနိုင်တဲ့ခြေစွမ်းမျိုးရှိခဲ့ပြီး ဗီလာဂိုးသမားကောင်းလွန်းလို့သာ ဒီလောက်နဲ့ပဲ ပွဲပြီးခဲ့ရတာဖြစ်တယ်။

ဒုတိယအကျော့အိမ်ကွင်းကစားရမယ့် ဗီလာမှာ မယ်လန်၊ ဂါစီယာတို့က ကစားခွင့်မရဘဲ ဘိုင်လေကတော့ ကြံခိုင်မှုပြည့်ရင် ပါလာနိုင်တယ်။ ပထမအကျော့တုန်းက အရန်အဖြစ်သာ ပါခဲ့တဲ့ ဝက်ကင်စ်ပွဲထွက်လာနိုင်ပြီး ရပ်ရှ်ဖို့ဒ်နဲ့ အဆန်စီယိုတို့က Super Sub အဖြစ်သာ ပါလာနိုင်တယ်။

PSG မှာ ဒဏ်ရာရသူတစ်ဦးမှမရှိသလို အသင်းခေါင်းဆောင်မာကွင်ဟို့စ်လည်း ပွဲပယ်ကနေ ပြန်ပါခွင့်ရမှာဖြစ်တယ်။ နည်းပြအန်းနရစ်အနေနဲ့ ဒူအီ၊ ဒမ်ဘီလီ၊ ကဗာရာရှက်ခလီယာ တိုက်စစ်အတွဲနဲ့ ကျန်ကစားသမားတွေကိုလည်း ပထမအကျော့ကလူစာရင်းအတိုင်း ပွဲထုတ်ဖွယ်ရှိပြီး ဗီလာအတွက် ခက်ခဲမယ့်ပွဲတစ်ပွဲဖြစ်လာဦးမှာ မလွဲဘူး။

ပြင်သစ်ကလပ်တွေနဲ့တွေ့ရင် ရလဒ်ကောင်းမရတတ်ဘဲ နောက်ဆုံးတွေဆုံမှု(၄)ပွဲမှာ (၃)ပွဲရှုံးခဲ့တဲ့ဗီလာ အနေနဲ့ ဒီပွဲမှာလည်း ရလဒ်ကောင်းရမယ်မထင်ဘူး။ အဝေးကွင်းလာကစားမယ့် PSG ကိုပဲ ရွေးချယ်ချင်တယ်။ PSG အနိုင်(၁-၀)(၂-၁)လို ရလဒ်မျိုးကို ကြိုက်မိတယ်။

ဒေါ့မွန် - ဘာစီလိုနာ
(ချန်ပီယံလိဂ်ကွာတားဖိုင်နယ်)
(16 April 2025/ 1:30 am)

​ဒေါ့မွန်က ပထမအကျော့မှာ ဘာစီလိုနာကို (၄)ဂိုးပြတ် ရှုံးခဲ့တယ်ဆိုပေမယ့် ခြေစွမ်းပိုင်းမှာရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တာမျိုးတော့မဟုတ်ဘူး။ ဒေါ့မွန်တိုက်စစ်က ဂီရာဆေ၊ ဂျုလီယန်ဘရန့်၊ အဒီယီမီအစရှိတဲ့ကစားသမားတွေလည်း အခွင့်အရေးရခဲ့ကြပြီး အဆုံံးသတ်ညံ့တာနဲ့ ဘာစီလိုနာနောက်တန်းကောင်းလွန်းတာကြောင့် ဂိုးမရခဲ့တာဖြစ်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘာစီလိုနာက ဒေါ့မွန်ကို ငယ်နိုင်လိုဖြစ်နေတာတော့အမှန်ပဲ။ ချန်ပီယံလိဂ်မှာ (၆)ကြိမ်တွေ့ဆုံခဲ့ရာမှာ ဘာစီလိုနာက (၄)ကြိမ်နိုင်ပြီး (၂)ကြိမ်သရေကျခဲ့တယ်။ ဘာစီလိုနာကို ဒေါ့မွန် တစ်ခါမှ မနိုင်ဖူးသေးဘူး။ ဒေါ့မွန်အနေနဲ့ ချန်ပီယံလိဂ်မှာ သူတို့ မနိုင်ဖူးသေးတဲ့အသင်းတွေထဲမှာ ဘာစီလိုနာက အကြိမ်အများဆုံးရင်ဆိုင်ခဲ့ရတဲ့အသင်းဖြစ်တယ်။

ဂျာမန်မြေက ဘာစီလိုနာအတွက် ခက်ခဲ့တဲ့မြေမဟုတ်သလို ဂျာမန်ကလပ်တွေကလည်း ဘာစီလိုနာအတွက် ခက်ခဲ့တဲ့အသင်းတွေ မဟုတ်ဘူး။ ဒီရာသီ ဂျာမန်ကလပ်တွေနဲ့ ဘာစီလိုနာ(၃)ကြိမ်တွေ့ရာမှာ (၃)ကြိမ်စလုံးအနိုင်ရခဲ့တယ်။

ဒေါ့မွန်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဆာဘစ်ဇာနဲ့ ရှလော့တာဘတ်တို့ လွဲမှာဖြစ်ပြီး ဘာစီလိုနာမှာလည်း ဘာနယ်လ်၊ ဘယ်လ်ဒေး၊ စတီဂန်၊ ကာဆာဒိုအစရှိတဲ့ ကစားသမားတွေ ဒဏ်ရာရှိနေတယ်။ ဘာစီလိုနာအတွက် ဒဏ်ရာရသူတွေက ပြဿနာမဟုတ်ဘဲ ကျန်ကစားသမားတွေနဲ့ လူစုံတယ်လို့ ပြောလို့ရတယ်။

ဒီရာသီမှာ လီဝန်ဒေါစကီးက ခြေမကျဘဲ ဂိုးတွေဆက်တိုက်သွင်းနေသလို၊ ရာဖင်ညာ၊ ယာမားလ်၊ ဖယ်ရန်တောရက်စ်၊ အော်လ်မို၊ ဖာမင်လိုပက်ဇ်အစရှိတဲ့ ကစားသမားအစုံအလင်က ဂိုးတွေသွင်းပေးနေတာကြောင့်လည်း နည်းပြဟန်ဆီဖလစ်ရဲ့အသင်းက အိမ်ကွင်း၊ အဝေးကွင်းမရွေး ဂိုးတွေမြူးနေတာဖြစ်တယ်။

နောက်ဆုံးချန်ပီယံလိဂ်အဝေးကွင်း(၄)ပွဲမှာလည်း (၁၄)ဂိုးအထိသွင်းထားတယ်။ အိမ်ရှင်ထက် ဧည့်သည်ဘာစီလိုနာ အနိုင်အခွင့်အရေးပိုရှိတာ ငြင်းမရတဲ့ပွဲဖြစ်ပြီး ဒေါ့မွန်အနေနဲ့ ပထမအကျော့ကလောက် ပေးဂိုးမများအောင် ထိန်းကစားနိုင်မယ်လို့တော့ မျှော်လင့်မိတယ်။ အုပ်စုအဆင့်ကလို ဘာစီလိုနာအနိုင် (၃-၂) ဒါမှမဟုတ်(၂-၁)လိုရလဒ်မျိုးကို အကြိုက်တွေ့မိတယ်။

Read more

အုပ်စုအဆင့်ထိပ်ဆုံးအသင်းတွေသာ လွဲချော်ပြီး အဆင့်(၂၊ ၃၊ ၄)အသင်းတွေ မလွဲခဲ့တဲ့ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်

အုပ်စုအဆင့်ထိပ်ဆုံးအသင်းတွေသာ လွဲချော်ပြီး အဆင့်(၂၊ ၃၊ ၄)အသင်းတွေ မလွဲခဲ့တဲ့ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်

ဒီရာသီချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့တဲ့အသင်း(၈)သင်း (ပြိုင်ပွဲတစ်ခု ၄ သင်းစီ)ကို ပြန်လေ့လာကြည့်မယ်ဆိုရင် အုပ်စု

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းနဲ့ နည်းပြအာနီဆလော့ကို ကလောပ့်ဂုဏ်ပြု

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းနဲ့ နည်းပြအာနီဆလော့ကို ကလောပ့်ဂုဏ်ပြု

လီဗာပူးလ်အသင်းနည်းပြဟောင်း ကလောပ့်က ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ သူ့ရဲ့အသင်းဟောင်း လီဗာပူးလ်အသင်းနဲ့ သူ့ရဲ့နေရာမှာဆက်ခံခဲ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်) ပထမအကျော့ အာဆင်နယ် - PSG (30 April 2025/ 1:30 am) ဒီရာသီမှာ အာဆင်နယ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဒုတိယအသင်း၊ PSG က ပြင်သစ်လိ

လက်ရှိဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးနဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ (၃)ဂိုးသာလိုတော့တဲ့ယာမားလ်

လက်ရှိဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးနဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ (၃)ဂိုးသာလိုတော့တဲ့ယာမားလ်

ဒီရာသီ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ပြိုင်ပွဲစုံဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ဘာစီလိုနာအသင်းရဲ့အသက်(၁၇)နှစ်အရွယ် လူငယ်ကစားသမား လာမင်းယာမားလ်က ဦးဆောင်နေ