Digital Marketing လေ့လာဖို့ Free Website များ

Digital Marketing လေ့လာဖို့ Free Website များ

Digital ခေတ်ဖြစ်တာနဲ့အညီ Digital Marketing လုပ်ငန်းကလည်း အရေးပါလာတဲ့ အခန်းကဏ္ဋတစ်ခုမှာ ပါဝင်လာပါပြီ။လက်ရှိမှာလည်း အလုပ်အကိုင်အခွင့်အလမ်းများတာကြောင့်လည်း သင်ယူထားသူသင့်တဲ့ ပညာရပ်တစ်ခုလည်းဖြစ်ပါတယ်.ဒါကြောင့် အခုမှ စပြီးလေ့လာလိုသူများအတွက် Self Study အနေနဲ့ စတင်လေ့လာနိုင်အောင်လို့ အခမဲ့ website လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

  1. Google Digital Garage : Google ကနေ အခမဲ့သင်ပေးတဲ့ Course တစ်ခုပါ။ Fundamentals of Digital Marketing လို့ ခေါ်ပါတယ်။ digital marketing, SEO, social media, email marketing စသဖြင့် DM နဲ့ သက်ဆိုင်တဲ့ သင်ခန်းစာပေါင်း ၂၀ ကျော်ပါဝင်တာမို့ ကိုယ်အဓိကထားလေ့လာချင်တာကိုလည်း ရွေးနိုင်ပါသေးတယ်။ ပြီးတော့ Certificate လည်း ယူလို့ရပါတယ်
  2. Hubspot Academy: Beginner ကနေ advanced အထိတောင် သင်လို့ရတဲ့ Course တွေ စုံလို့ တော်တော်လေးလူသုံးများပါတယ်။ DM နဲ့ပတ်သက်ပြီး SEO Strategy နဲ့ Marketing Design တွေအပြင် Customer Service၊ Data Analyst , Web development ကနေ Sales ပိုင်းတွေကိုလည်း လေ့လာနိုင်ပါသေးတယ်
  3. Meta Blurprint: အချိန်နဲ့အမျှ ထိတွေ့နေရတဲ့ facebook ကနေလည်း လေ့လာနိုင်ပါတယ်။ Facebook ရဲ့ Meta Blurprint ကလည်း Ads အကြောင်းတွေ၊ Audience Targeting တွေကို ဦးစားပေးလေ့လာနိုင်ပါတယ်။ Meta မှာလည်း Level အလိုက်ရှိတာမို့ Beginner တွေကအစ လေ့လာနိုင်ပါတယ်
  4. LinkedIn Learning : လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး နယ်ပယ်တိုင်းအတွက် သင်ယူလေ့လာမယ်ဆိုရင်တော့ LinkedIn Learning ကို ချန်ထားခဲ့လို့မရပါဘူး။ သူလည်း Google လိုပဲ Master Digital Marketing ဆိုတဲ့ Course ကို လေ့လာနိုင်ပါတယ်။ Course မှာ အပိုင်း ၉ ပိုင်းပါဝင်ပြီး DM နဲ့ပတ်သက်လို့ SEO Keyword Strategy , Marketing on LinkedIn, SEO Content writing, Augmented Reality Marketing စတာတွေကို လေ့လာနိုင်ပါတယ်။
  5. Class Central : နာမည်ကြီး Learning Platform တွေ အများကြီးစုထားတာမို့ ဒီ website တစ်ခုသိတာနဲ့တင် တော်တော်လေးကို အဆင်ပြေနေပါပြီ။ Coursea၊ Udemy၊ edx တို့က အစရှိပြီး DM အပါအဝင် Free Course တွေ တပုံကြီး တွေ့ရမှာပါ။ ဒါကြောင့် အခြားလုပ်ငန်းနယ်ပယ်တွေအတွက်လည်း လေ့လာနိုင်ပါတယ်

 အခုပြောပြေပးခဲ့တဲ့ website တွေက Google မှာ အလွယ်တူရှာဖွေနိုင်ပြီး အခမဲ့လည်းဖြစ်တဲ့အပြင် User friendly လည်း ဖြစ်ပါတယ်။ 

ဒီ Website တွေအပြင် အခြားကိုယ့်လေ့လာနေကြ Website ကောင်းကောင်းလေးတွေ ရှိရင်လည်း ပြန်ပြီး recoomend ပေးသွားပါဦးခင်ဗျာ.....

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ