ဒေဝါလီခံပြီး လူမွဲစာရင်းသွင်းခံရဖို့ နီးစပ်နေတဲ့ စင်ကလဲယား

ဒေဝါလီခံပြီး လူမွဲစာရင်းသွင်းခံရဖို့ နီးစပ်နေတဲ့ စင်ကလဲယား

မန်စီးတီးအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ ထရီဗာစင်ကလဲယားဟာ အခွန်ငွေ ပေါင်(၃၆၀၀၀)ကျော်ကို မပေးဆောင်နိုင်ဘဲ ငွေကြေးအခက်အခဲ ကြီးကြီးမားမားရင်ဆိုင်နေရလို့ ဒေဝါလီခံပြီး လူမွဲစာရင်းကြေညာရဖွယ်ရှိနေကြောင်း သိရပါတယ်။

ဗြိတိန်ဝင်ငွေခွန်စည်းကြပ်ရေးနဲ့ အကောက်ခွန်ဌာန(HMRC)က အသက်(၅၂)နှစ်အရွယ်ရှိ စင်ကလဲယားအနေနဲ့ သူပေးဆောင်ရမယ့် ငွေကြေးတွေကို ဖြေရှင်းမပေးနိုင်ဘူးဆိုရင် ဒေဝါလီခံဖို့ တရားရုံးမှာ တင်ပြတောင်းဆိုထားကြောင်း သိရပါတယ်။

ကစားသမားဘ၀က QPR ၊ ဝက်စ်ဟမ်း၊ မန်စီးတီးအစရှိတဲ့ကလပ်အသင်းတွေမှာ ကစားခဲ့ပြီး ထိပ်တန်းလစာရကစားသမားစာရင်းမှာ ပါဝင်ခဲ့တဲ့ စင်ကလဲယားဟာ ဘောလုံးသမားဘ၀က အနားယူခဲ့ပြီးနောက် ဘောလုံးဝေဖန်သုံးသပ်သူပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့အလုပ်တာဝန်တွေ ရပ်စဲခံခဲ့ရာကနေ အခုလို ငွေကြေးအဆင်မပြေမှုတွေကို ဆက်တိုက်ကြုံတွေ့ခဲ့ရတာပါ။ ၂၀၁၈ ခုနှစ်မှာ BBC က သူ့ကိုအလုပ်ကထုတ်ပယ်ခဲ့ပြီး talkSPORT သတင်းဌာနကလည်း ဗြိတိန်ဘုရင်မကြီး နတ်ရွာစံတဲ့အကြောင်းအရာပေါ်မှာ အငြင်းပွားဖွယ်မှတ်ချက်ပေးခဲ့တဲ့သူ့ကို လက်တွဲဖြုတ်ခဲ့ပါတယ်။

သူ့ရဲ့အမှားအတွက် စင်ကလဲယားက ပြန်လည်တောင်းပန်ခဲ့ပြီး ဆိုရှယ်မီဒီယာက ပို့စ်ကို ပြန်ဖြုတ်ချခဲ့ပေမယ့် talkSPORT က သူနဲ့ အစီအစဉ် တစ်ကြိမ်သာပြန်ရိုက်ကူးခဲ့ပြီး လမ်းခွဲခဲ့ပါတယ်။

စင်ကလဲယားဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း အိန္ဒိယလက်ရွေးစင်အသင်းမှာ လက်ထောက်နည်းပြလာလုပ်ကိုင်ခဲ့ပေမယ့် သူ့ရဲ့ငွေကြေးအကျပ်အတည်းတွေကို မဖြေရှင်းနိုင်ဘဲ ရှိခဲ့ပါတယ်။

အခု သူရဲ့အမှုကို လန်ဒန်ဗဟိုခရိုင်တရားရုံးမှာ ကြားနာစစ်ဆေးခဲ့ရာမှာ သူ့ရဲ့ငွေကြေးအကောင့်ဟာ အသက်မရှိတော့ဘဲ သူ့အနေနဲ့ ပေးဆောင်စရာအခွန်ငွေအမျိုးမျိုးရှိနေတယ်လို့ HMRC ရဲ့ရှေ့နေက တရားသူကြီးထံ တင်ပြခဲ့ပါတယ်။

တရားသူကြီးက နောက်လာမယ့် ကြားနာမှုတွေမှာ HMRC ရဲ့ တင်ပြတောင်းဆိုချက်အတိုင်း စင်ကလဲယားကို ဒေဝါလီခံစေပြီး လူမွဲစာရင်းသွင်းမလားဆိုတာတော့ ဆက်ကြည့်ရမှာပါ။

Read more

US အတွက် India မှာတိုးမြှင့်ထုတ်လုပ်မည့်Apple

US အတွက် India မှာတိုးမြှင့်ထုတ်လုပ်မည့်Apple

Apple သည် အမေရိကန်မှာရောင်းချနေသော iPhone များကို အိန္ဒိယမှာတိုးမြှင့်ထုတ်လုပ်ရန်စီစဉ်နေကြောင်း Financial Times က ဖော်ပြခဲ့သည်။ သတင်းရင်းမြစ်များ၏အဆိုအရ အကြောင်းအရင်းမှာ သမ္

စပိန်ဘုရင့်ဖလားကို(၃၂)ကြိမ်မြောက် ရယူခဲ့တဲ့ ဘာစီလိုနာ

စပိန်ဘုရင့်ဖလားကို(၃၂)ကြိမ်မြောက် ရယူခဲ့တဲ့ ဘာစီလိုနာ

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ ဘာစီလိုနာအသင်း(၃-၂) ရီးရဲလ်မက်ဒရစ် (AET) စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို အချိန်ပိုသွင်းဂိ

လီဗာပူးလ်အသင်းကို ဝေဖန်ထိုးနှက်ပုံပေါ်တဲ့ ပို့စ်ကိုတင်ပြီးနောက် ဒါဝင်နူနက်ဇ်ပြန်ဖျက်ခဲ့

လီဗာပူးလ်အသင်းကို ဝေဖန်ထိုးနှက်ပုံပေါ်တဲ့ ပို့စ်ကိုတင်ပြီးနောက် ဒါဝင်နူနက်ဇ်ပြန်ဖျက်ခဲ့

ဒီရာသီလီဗာပူးလ်အသင်းမှာ ပွဲကစားချိန်မိနစ်တွေအကန့်အသတ်နဲ့သာ ရရှိနေတဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ အသင်းကိုဝေဖန်ထိုးနှက်ဖို့ ရည်ရွယ်ပြီး ရေးသားခဲ