DDR4 Memory ထုတ်လုပ်မှု ရပ်ဆိုင်းတော့မယ် Samsung

DDR4 Memory ထုတ်လုပ်မှု ရပ်ဆိုင်းတော့မယ် Samsung

DDR4 memory chips ထုတ်လုပ်တဲ့နေရာမှာ ထိပ်ဆုံးမှာရပ်တည်နေတဲ့ Samsung ကတော့ DDR4 memory chips တွေကို ဒီနှစ်ကုန်အထိပဲ ထုတ်လုပ်သွားမှာဖြစ်ပြီး တရားဝင်ရပ်နားသွားမှာကြောင်း ကြေညာလိုက်ပါတယ်။ 

အမှာစာအသစ်တွေကို လာမယ် ဇွန်လအစောပိုင်းမှာ နောက်ဆုံးလက်ခံမှာဖြစ်ပြီး သက်ဆိုင်ရာကုမ္ပဏီများနဲ့‌ ဖောက်သည်တွေကိုတော့ ဒီဇင်ဘာလနောက်ဆုံးထားပြီး ပို့ဆောင်သွားမယ်လို့ ဆိုထားပါတယ်။ 

ရပ်နားရတဲ့အကြောင်းအရင်းကတော့ နောက်ဆုံးပေါ် memory နည်းပညာတွေဖြစ်တဲ့ DDR5, LPDDR5 နဲ့ HBM တို့ ထုတ်လုပ်မှုအပေါ်  ပိုပြီးအားစိုက်ချင်တာကြောင့်ပါ။ ဒါ့အပြင် AI နဲ့ပတ်သက်ပြီး ထုတ်လုပ်မှုအချို့ကို အရှိန်မြင့်တင့်ဖို့လည်း စတင်ရည်ရွယ်ထားတာကြောင့်လို့ ဆိုပါတယ်။ 

နောက်ထပ်အကြောင်းအရင်းကလည်း 2023 စက်တင်ဘာလကစပြီး ရောင်းအားကျဆင်းလာတာရယ် တရုတ်ကနေ ဈေးနှုန်းသက်သာတဲ့ DDR4 ဝင်ရောက်လာမှု များပြားလာတာကြောင့်ပါ။ ဒါကြောင့် Samsung အနေနဲ့ DDR4 ထုတ်လုပ်မှုအပေါ်ရပ်ဆိုင်းလိုက်ပြီး နည်းပညာအသစ်များကို အရှိန်တင်လိုက်တဲ့သဘောပါပဲ။ 

Read more

အာဆင်နယ်-PSG ပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ပွဲကထက် ပိုပြီးဆူညံသံလိုချင်တယ်လို့ ပရိသတ်တွေကို အာတီတာတိုက်တွန်း

အာဆင်နယ်-PSG ပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ပွဲကထက် ပိုပြီးဆူညံသံလိုချင်တယ်လို့ ပရိသတ်တွေကို အာတီတာတိုက်တွန်း

ဒီနေ့ကစားမယ့် အာဆင်နယ်-PSG ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ အာဆင်နယ်အသင်းနည်းပြအာတီတာက အသင်းပရိသတ်

စပါး-Bodo/Glimt ယူရိုပါလိဂ်ပွဲကို ဆွန်ဟောင်မင်ပါဝင်နိုင်ဖို့ မသေချာဘူးလို့ ပိုစတီကိုဂလူးဖွင့်ဟ

စပါး-Bodo/Glimt ယူရိုပါလိဂ်ပွဲကို ဆွန်ဟောင်မင်ပါဝင်နိုင်ဖို့ မသေချာဘူးလို့ ပိုစတီကိုဂလူးဖွင့်ဟ

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ်(၄)ပွဲဆက်တိုက်မပါဝင်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ စပါး-Bodo/Glimt ယူရိုပါလိဂ်ဆီမီးဖိုင်

ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဂွဲရိုးကို ကျော်ဖြတ်ပြီး အဆင့်(၅)နေရာရောက်လာတဲ့ ဆာလာ

ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဂွဲရိုးကို ကျော်ဖြတ်ပြီး အဆင့်(၅)နေရာရောက်လာတဲ့ ဆာလာ

လီဗာပူးလ်အသင်းရဲ့အီဂျစ်တိုက်စစ်မှူးဆာလာဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ်(၅-၁)စပါးပွဲမှာ လီဗာပူးလ်အသင်းအတွက် ပွဲချိန်(၆၃)မိနစ်မှာ အနိုင်ဂိ