16900 ကျပ်ကစပြီးတော့ Korea Style BBQ+ Hotpot+ Unlimited Appetizer ဘူဖေးကို အမုန်းစားချင်တဲ့သူတွေအတွက် သတင်းကောင်း
လစာထုတ်ထားတာမကြာသေးတဲ့ အခုလိုငွေရွှင်နေတဲ့အချိန်က Buffet စားလို့အကောင်းဆုံးအချိန်ပဲမို့ ယောရောဘွန်း တို့အတွက် ဒီတစ်ခါမှာလည်း Adminက စျေးနှုန်းနဲ့ အရသာကောင်းတာတင်မကဘဲ Service ပါကောင်းတဲ့ ဆိုင်လေးကို ပြောပြပေးမယ်နော်
ဆိုင်ကတော့ Times City Outlet,5th floorမှာရှိတဲ့ Daejeon BBQ ဆိုတဲ့ဆိုင်လေးပါ။
ဒီဆိုင်ကိုဘာလို့ရွေးဖြစ်တာလဲ?
Admin ကတော့ ဘူဖေးဆိုရင် hotpotကိုလည်း စားချင်၊BBQ ကိုလည်း လက်မလွှတ်နိုင်၊ဘူဖေးကိုမှ နှစ်မျိုးလုံးကို စားချင်နေတဲ့သူဆိုတော့ Package တစ်ခုမှာတင် နှစ်မျိုးပါတာရှာရင်းနဲ့ ဒီဆိုင်လေးကို ရွေးဖြစ်သွားတယ်။အဲ့တော့ Packageက ဘယ်လိုပုံစံလေးတွေလဲ
ဘူဖေးကို Package အလိုက် တစ်ဝကြီးအားရပါးရသုံးဆောင်နိုင်တဲ့ အပြင် Appetizer, Salad, Kimbap, Desserts, Soft Drinks တွေကိုပါ စိတ်ကြိုက် စားသောက်နိုင်တယ် ဆိုတော့ အစားတစ်လိုင်းတွေအတွက်ကတော့ ရှယ်ပဲပေါ့...
Package တွေအနေနဲ့ကလည်း~Incheon Package-16900 MMK(One Person)အသား-11မျိုးHot Potအရသာ -Kimchi/ Dae-kookBusan Paackage-24900 MMK(One Person)အသား-20မျိုးHot Potအရသာ -Kimchi/ Dae-kookSeoul Package-27900 MMK (One Person)အသား-25မျိုးHot Potအရသာ -Kimchi/ Dae-kookSide Dishes-5 menuDaejeon Package-32900 MMK(One Person)(Beer Free Flow-Tiger)အသား-28မျိုးHot Potအရသာ -Kimchi/ Dae-kook/Daejeon MalaSide Dishes-5 menu ဆိုပြီး ရွေးချယ်စရာ 4 Package ရှိပါတယ်။
Packageကို Koreaရဲ့မြို့ နာမည်လေးတွေပေးထားတဲ့Idea လေးကလည်းချစ်ဖို့ကောင်းပြီးတော့ နာမည်နဲ့တင် Korea အငွေ့အသက်ကတော့ စတင်ရနေပါပြီ။
ကွာခြားချက်အနေနဲ့က ကိုယ်ယူတဲ့Package ပေါ် မူတည်ပြီးတော့ အသားအရေအတွက်နဲ့ Side Dishes တွေထပ်တိုးသွားမှာ ဖြစ်ပါတယ်။Side Dishesကတော့ Seoul နဲ့ Daejeon Packageမှာပဲ ပါပါတယ်။Side Dishes တွေအနေနဲ့ Korea Seafood Pancake, Seafood Soup,အမဲစွပ်ပြုတ်,Bibimbap တွေပါပြီး တစ်ယောက်စာပုံစံလုပ်ပေးထားတာဆိုတော့ အသားကင် စားရင်းနဲ့ အမြည်းအနေနဲ့ဖြစ်ဖြစ် စမ်းစားကြည့်ချင်တဲ့သူတွေအတွက်တော့ အဆင်ပြေမှပြေပဲနော်။
Admin တို့ကတော့ BBQ+ Hot Pot ဘူဖေး အပြင်ကိုမှ extra side dishes လေးတွေပါ ပါတဲ့Seoul Package မှာစားခဲ့ပါတယ်။Items အစုံကို အကြိုက်စားချင်တာရော၊ကိုရီးယားဆန်ဆန်လေးလည်းဖြစ်အောင်လို့ဆိုပြီး Seoul Packageကိုရွေးလိုက်တာပါ။Table တစ်ခု မှာ မတူညီတဲ့ Packageတွေတော့ မှာလို့မရပါဘူး..Package တူတာတစ်ခုတည်းကိုရွေးချယ်ရပါမယ်နော်..
အသားတွေအနေနဲ့ကလည်း ရွေးချယ်စရာတွေများလွန်းလို့ အမယ်စုံစုံလေးဖြစ်အောင် အူချို၊ဘေကွန်၊ဝက်ဂုတ်သား၊အမဲသား၊ကြက်၊ဝက်၊အမဲ၊Seafoods အစုံနဲ့ ကြက်မဲကိုတော့ ကြိုက်လို့ ပိုမှာလိုက်တယ်။Hotpotထဲလည်းထည့်လို့ရအောင်လို့..အားလုံးနီးပါးပဲမှာလိုက်တယ်
အသားတွေကိုလည်း Korean Original Taste အတိုင်းသေချာနှပ်ထားတာကတော့ ဒီဆိုင်ရဲ့ Main Point လို့ပြောလို့ရပါတယ်။ အသားကိုလည်း မှာတဲ့အခါမှ အသင့်ပြင်ထားတဲ့ Sauce ကိုစမ်းပြီး ၁မိနစ်ကျော်လောက်နှပ်ထား။ပြီးမှ ချပေးတာဆိုတော့ပိုပြီးလတ်လတ်ဆတ်ဆတ်နဲ့ Sauce ရဲ့အရသာလေးလည်း အသားထဲ စိမ့်ဝင်နေတော့ တစ်ကိုက်ဆို တစ်ကိုက်သိသာပါတယ်။
အသားတွေကို Sauceနဲ့သေချာနှပ်ထားတာက နူးညံ့ပြီးသားဆိုတော့ အကျက်ကြီးမကင်တော့ဘဲ Medium Rare ပဲကင်လိုက်တယ်။ အရမ်းမာသွားရင်ကျ အသားအရသာပျက်သလိုခံစားရတဲ့အတွက် mediumလောက်က စားဖို့အနေတော်ပါပဲ..Sauce ကလည်း ရွေးချယ်စရာတွေအများကြီးထဲကမှ အသားတွေအတွက်-Daejeon Sauce နဲ့Seafoods အတွက်Green Sauce ဆိုပြီးနှစ်မျိုးယူလာလိုက်တယ်။အသားကင်ထားတာရတာနဲ့ Sauceထဲကို နှစ် အသင့်ပြင်ထားတဲ့ ဆလပ်ရွက်ထဲထည့်..လုံးဝKorea Vibeလေးရနေမှာ အသေအချာပဲ။
Admin က ငါးလုံးဝမကြိုက်တဲ့သူပါ
Seafoods Items တွေမှာရင်းနဲ့ ဆိုင်ကဝန်ထမ်းက Dory Fish စားကြည့်ဖို့Recommend ပေးပါတယ်။ဗိုက်လည်းသိပ်မပြည့်ဘူး..မညှီလဲမညှီဘူးပြောတာနဲ့..စမ်းမှာကြည့်လိုက်တာ..တော်တော်မှန်သွားတယ်ပြောရမယ်။ထောပတ်နဲ့ကင်တာဆိုတော့ အီများအီမလားလို့ တွေးနေတာ..စားကြည့်လိုက်တော့ မအီပဲနဲ့ စိမ့်စိမ့်လေးကိုမှ ထောပတ်နံ့သင်းသင်းလေးနဲ့ စားလို့ရတဲ့အနေအထားပါပဲ..နောက်ထပ် ထပ်ပြီးမှာစားခဲ့ရလောက်တဲ့ထိ အဆင်ပြေတာမို့Dory Fishကတော့ စားကြည့်သင့်တယ်နော်…
Hot Pot အတွက်ကိုတော့ မတူတဲ့အရသာနှစ်မျိုးလုံးကိုယူလိုက်ပါတယ်။ ဟင်းရည်ဆူအောင် အရင်တည်ထားပြီးတော့ အသားကင်ဖို့ပြင်ပါတော့တယ်။ဟင်းရည်ဆူရင်တော့ကြက်မဲ၊အမဲသား၊ဘေကွန် နဲ့Seafoods(ဂုံး၊ပုစွန် )နဲ့ဟင်းသီးဟင်းရွက်တွေကို Hot Potထဲထည့်..အသားကင်လည်းရ Hot Pot လည်းရ…အသားကင်ကျက်တဲ့အချိန်ဆို Hot pot အရည်ဆူတာနဲ့ ကွက်တိပဲဆိုတော့ ပြင်ပြီး ဆင်ပြီးရင် ဝါးတီးကြိတ်ရုံပါပဲ…
Time Limit-1:45 မိနစ် ရပါတယ် (အကင်ကင်တာတွေ စားဖို့ပြင်ဆင်တာမပါပဲနဲ့)ဆိုတော့ကာ Admin တို့ကတော့ အေးအေးဆေးဆေးနဲ့ စားလိုက်၊စကားများလိုက်၊ဗိုက်ချောင်သွားတဲ့အခါ ပြန်စားလိုက်၊အကင်တွေစားလို့ အီလာတဲ့အခါကျ Desserts, Ice cream နဲ့ Drinks တွေဘက်ကိုပြန်လှည့်နဲ့ ဟုတ်နေတာပဲ
ဘူဖေးကိုတန်အောင်ကိုစားခဲ့ပါတယ်။
အသားကင်ဖို့အတွက် ဆိုင်ကဝန်ထမ်းလေးတွေကို အကူအညီတောင်းလို့လည်း ရပါတယ်နော်။Admin ကတော့ ပုံမှန်ဆို ကိုယ့်ဟာကိုယ်ကင်စားဖြစ်တယ်....ဒါပေမယ့်ဒီတစ်ခါတော့လွတ်လွတ်လပ်လပ် ကင်ပေးတာပဲထိုင်စားချင်တော့တာဆိုတော့..ဝန်ထမ်းတွေကိုပဲ အကူအညီတောင်းခဲ့ပါတယ်။ကင်ပေးမယ့်သူမရှိလည်း အေးဆေးပါပဲ..
Promotion အနေနဲ့ Incheon Package ကလွဲလို့ ကျန်တာPackageတွေအကုန်လုံးကို ဒီလ 15ရက်နေ့ထိ 15% offပေးမှာဖြစ်ပါတယ်။မင်မင်ကတော့ Promotion ချတုန်းလေး မငမင်တို့စားခဲ့တဲ့ Seoul Package လေးကိုစားကြည့်ဖို့ အကြံပေးချင်ပါတယ်။ရနိုင်တဲ့အသားအရေအတွက်ကလည်း အနေတော်အပြင်ကိုမှSide Dishesလေးလည်းရ၊15% offတဲ့ထဲလည်းပါတော့ Promotionမပြီးခင်လေး မြန်မြန်ပြေးလိုက်နော်..
ဒါနဲ့ ကပ်တိုးလေးမေးခဲ့တာ..Promotion ကာလကိုလည်း ထပ်တိုးနိုင်မယ့်အစီအစဥ်ရှိပါတယ်တဲ့နော်
Korea Style (Hot Pot +BBQ)ဘူဖေးကို အမျိုးအစားစုံစုံလင်လင်နဲ့ တစ်နေရာတည်းမှာ စားနိုင်မယ့်အပြင် Promotion ကလည်းရှိနေတော့..ဒီထက်ကောင်းတဲ့အစီအစဉ်တောင် ဒီလောက်မကောင်းနိုင်လို့ စိတ်ကူးမလွဲနဲ့ချစ်တို့ရေ..