16900 ကျပ်ကစပြီးတော့ Korea Style BBQ+ Hotpot+ Unlimited Appetizer ဘူ​ဖေးကို အမုန်းစားချင်တဲ့သူ​တွေအတွက် သတင်း​ကောင်း

16900 ကျပ်ကစပြီးတော့ Korea Style BBQ+ Hotpot+ Unlimited Appetizer ဘူ​ဖေးကို အမုန်းစားချင်တဲ့သူ​တွေအတွက် သတင်း​ကောင်း

လစာထုတ်ထားတာမကြာသေးတဲ့ အခုလိုငွေရွှင်နေတဲ့အချိန်က Buffet စားလို့အကောင်းဆုံးအချိန်ပဲမို့ ​ယော​ရောဘွန်း တို့အတွက် ဒီတစ်ခါမှာလည်း Adminက စျေးနှုန်း​နဲ့ အရသာ​ကောင်းတာတင်မကဘဲ Service ပါ​ကောင်းတဲ့ ဆိုင်​​လေးကို ​ပြော​ပြ​​ပေးမယ်​နော်

ဆိုင်က​တော့ Times City Outlet,5th floorမှာရှိတဲ့ Daejeon BBQ ဆိုတဲ့ဆိုင်​လေးပါ။

ဒီဆိုင်ကိုဘာလို့​ရွေးဖြစ်တာလဲ?

Admin က​တော့ ဘူဖေးဆိုရင် hotpotကိုလည်း စားချင်၊BBQ ကိုလည်း လက်မလွှတ်နိုင်၊ဘူဖေးကိုမှ နှစ်မျိုးလုံးကို စားချင်နေတဲ့သူဆိုတော့ Package တစ်ခုမှာတင် နှစ်မျိုးပါတာရှာရင်းနဲ့ ဒီဆိုင်​လေးကို ရွေးဖြစ်သွားတယ်။အဲ့တော့ Package​က ဘယ်လိုပုံစံလေး​တွေလဲ

ဘူဖေးကို Package အလိုက် တစ်ဝကြီးအားရပါးရသုံးဆောင်နိုင်တဲ့ အပြင် Appetizer, Salad, Kimbap, Desserts, Soft Drinks တွေကိုပါ စိတ်ကြိုက် စားသောက်နိုင်တယ် ဆိုတော့ အစားတစ်လိုင်းတွေအတွက်ကတော့ ရှယ်ပဲ​ပေါ့...

Package တွေအနေနဲ့ကလည်း~Incheon Package-16900 MMK(One Person)အသား-11မျိုးHot Potအရသာ -Kimchi/ Dae-kookBusan Paackage-24900 MMK(One Person)အသား-20မျိုးHot Potအရသာ -Kimchi/ Dae-kookSeoul Package-27900 MMK (One Person)အသား-25မျိုးHot Potအရသာ -Kimchi/ Dae-kookSide Dishes-5 menuDaejeon Package-32900 MMK(One Person)(Beer Free Flow-Tiger)အသား-28မျိုးHot Potအရသာ -Kimchi/ Dae-kook/Daejeon MalaSide Dishes-5 menu ဆိုပြီး ‌ရွေးချယ်စရာ 4 Package ရှိပါတယ်။

Package​ကို Koreaရဲ့မြို့ နာမည်​လေး​တွေ​ပေးထားတဲ့Idea ​​လေးကလည်းချစ်ဖို့​ကောင်းပြီးတော့ နာမည်နဲ့တင် Korea အ​ငွေ့အသက်​ကတော့ စတင်ရ​နေပါပြီ။

ကွာခြားချက်အ​နေနဲ့က ကိုယ်ယူတဲ့Package ပေါ် မူတည်ပြီးတော့ အသားအ​ရေအ​တွက်နဲ့ Side Dishes တွေထပ်တိုးသွားမှာ ဖြစ်ပါတယ်။Side Dishesကတော့ Seoul နဲ့ Daejeon Packageမှာပဲ ပါပါတယ်။Side Dishes တွေအနေနဲ့ Korea Seafood Pancake, Seafood Soup,အမဲစွပ်ပြုတ်,Bibimbap တွေပါပြီး တစ်ယောက်စာပုံစံလုပ်ပေးထားတာဆိုတော့ အသားကင် စားရင်းနဲ့ အမြည်းအနေနဲ့ဖြစ်ဖြစ် စမ်းစားကြည့်ချင်တဲ့သူတွေအတွက်တော့ အဆင်ပြေမှပြေပဲနော်။

Admin တို့ကတော့ BBQ+ Hot Pot ဘူဖေး အပြင်ကိုမှ extra side dishes လေးတွေပါ ပါတဲ့Seoul Package မှာစားခဲ့ပါတယ်။Items အစုံကို အကြိုက်စားချင်တာရော၊ကိုရီးယားဆန်ဆန်လေးလည်းဖြစ်အောင်လို့ဆိုပြီး Seoul Packageကို​ရွေးလိုက်တာပါ။Table တစ်ခု မှာ မတူညီတဲ့ Packageတွေ​တော့ မှာလို့မရပါဘူး​..Package တူတာတစ်ခုတည်းကိုရွေးချယ်ရပါမယ်​နော်..

အသားတွေအနေနဲ့ကလည်း ရွေးချယ်စရာတွေများလွန်းလို့ အမယ်စုံစုံလေးဖြစ်အောင် အူချို၊ဘေကွန်၊ဝက်ဂုတ်သား၊အမဲသား၊ကြက်၊ဝက်၊အမဲ၊Seafoods အစုံနဲ့ ကြက်မဲကိုတော့ ကြိုက်လို့ ပိုမှာလိုက်တယ်။Hotpotထဲလည်းထည့်လို့ရအောင်လို့..အားလုံးနီးပါးပဲ​မှာလိုက်တယ်

အသား​တွေကိုလည်း Korean Original Taste အတိုင်းသေချာနှပ်ထားတာကတော့ ဒီဆိုင်ရဲ့ Main Point လို့ပြောလို့ရပါတယ်။ အသားကိုလည်း မှာတဲ့အခါမှ အသင့်ပြင်ထားတဲ့ Sauce ကိုစမ်းပြီး ၁မိနစ်ကျော်လောက်နှပ်ထား။ပြီးမှ ချပေးတာဆို​တော့ပိုပြီးလတ်လတ်ဆတ်ဆတ်နဲ့ Sauce ရဲ့အရသာလေးလည်း အသားထဲ စိမ့်ဝင်​နေ​တော့ တစ်ကိုက်ဆို တစ်ကိုက်သိသာပါတယ်။

အသား​တွေကို Sauceနဲ့​သေချာနှပ်ထား​တာက နူးညံ့ပြီးသားဆို​တော့ အကျက်ကြီးမကင်​တော့ဘဲ Medium Rare ပဲကင်လိုက်တယ်။ အရမ်းမာသွားရင်ကျ အသားအရသာပျက်သလိုခံစားရတဲ့အတွက် medium​လောက်က စားဖို့အ​နေ​တော်ပါပဲ..Sauce ကလည်း ​ရွေးချယ်စရာ​တွေအများကြီးထဲကမှ အသား​တွေအတွက်-Daejeon Sauce နဲ့Seafoods အတွက်Green Sauce ဆိုပြီးနှစ်မျိုးယူလာလိုက်တယ်။အသား​ကင်ထားတာရတာနဲ့ Sauceထဲကို နှစ် အသင့်ပြင်ထားတဲ့ ဆလပ်ရွက်ထဲထည့်..လုံးဝKorea Vibe​လေးရ​နေမှာ အ​သေအချာပဲ။

Admin က ငါးလုံးဝမကြိုက်တဲ့သူပါ

Seafoods Items ​တွေမှာရင်းနဲ့ ဆိုင်ကဝန်ထမ်း​က Dory Fish စားကြည့်ဖို့Recommend ​ပေးပါတယ်။ဗိုက်လည်းသိပ်မပြည့်ဘူး..မညှီလဲမညှီဘူး​ပြောတာနဲ့..စမ်းမှာကြည့်လိုက်တာ..​တော်​တော်မှန်သွားတယ်​ပြောရမယ်။ထောပတ်နဲ့ကင်တာဆို​တော့ အီ​များအီမလားလို့ ​တွေး​နေတာ..စားကြည့်​လိုက်တော့ မအီပဲနဲ့ စိမ့်စိမ့်​လေးကိုမှ ထောပတ်နံ့သင်းသင်းလေးနဲ့ စားလို့ရတဲ့အ​နေအထားပါပဲ..​နောက်ထပ် ထပ်ပြီးမှာစားခဲ့ရ​လောက်တဲ့ထိ အဆင်​ပြေတာမို့Dory Fishက​တော့ စားကြည့်သင့်တယ်​နော်…

Hot Pot အတွက်ကိုတော့ မတူတဲ့အရသာနှစ်မျိုးလုံးကိုယူလိုက်ပါတယ်။ ဟင်းရည်ဆူ​အောင် အရင်တည်ထားပြီး​တော့ အသားကင်ဖို့ပြင်ပါ​တော့တယ်။ဟင်းရည်ဆူရင်​တော့ကြက်မဲ၊အမဲသား၊​ဘေကွန် နဲ့Seafoods(ဂုံး၊ပုစွန် )နဲ့ဟင်းသီးဟင်းရွက်​တွေကို Hot Potထဲထည့်..အသားကင်လည်းရ Hot Pot လည်းရ…အသားကင်ကျက်တဲ့အချိန်ဆို Hot pot အရည်ဆူတာနဲ့ ကွက်တိပဲဆိုတော့ ပြင်ပြီး ဆင်ပြီးရင် ဝါးတီးကြိတ်ရုံပါပဲ…

Time Limit-1:45 မိနစ် ရပါတယ် (အကင်ကင်တာတွေ စားဖို့ပြင်ဆင်တာမပါပဲနဲ့)ဆိုတော့ကာ Admin တို့ကတော့ အေးအေးဆေးဆေးနဲ့ စားလိုက်၊စကားများလိုက်၊‌ဗိုက်ချောင်သွားတဲ့အခါ ပြန်စားလိုက်၊အကင်တွေစားလို့ အီလာတဲ့အခါကျ Desserts, Ice cream နဲ့ Drinks တွေဘက်ကိုပြန်လှည့်နဲ့ ဟုတ်နေတာပဲ

ဘူဖေးကိုတန်အောင်ကိုစားခဲ့ပါတယ်။

အသားကင်ဖို့အတွက် ဆိုင်ကဝန်ထမ်း​​​လေး​တွေကို အကူအညီ​တောင်းလို့လည်း ရပါတယ်နော်။Admin က​တော့ ပုံမှန်ဆို ကိုယ့်ဟာကိုယ်ကင်​စားဖြစ်တယ်....ဒါပေမယ့်ဒီတစ်ခါ​တော့လွတ်လွတ်လပ်လပ် ကင်​ပေးတာပဲထိုင်စားချင်​တော့တာဆို​တော့..ဝန်ထမ်း​တွေကိုပဲ အကူအညီ​တောင်းခဲ့ပါတယ်။ကင်​ပေးမယ့်သူမရှိလည်း ​အေး​ဆေးပါပဲ..

Promotion အနေနဲ့ Incheon Package ကလွဲလို့ ကျန်တာPackage​တွေအကုန်လုံးကို ဒီလ 15ရက်နေ့ထိ 15% off​ပေးမှာဖြစ်ပါတယ်။မင်မင်က​တော့ Promotion ချတုန်း​လေး မငမင်တို့စားခဲ့တဲ့ Seoul Package ​လေးကိုစားကြည့်ဖို့ အကြံ​ပေးချင်ပါတယ်။ရနိုင်တဲ့အသားအ​ရေအတွက်ကလည်း အ​နေ​တော်အပြင်ကိုမှSide Dishes​လေးလည်းရ၊15% offတဲ့ထဲလည်းပါ​တော့ Promotionမပြီးခင်​လေး မြန်မြန်​ပြေးလိုက်​နော်..

ဒါနဲ့ ကပ်တိုး​လေး​မေးခဲ့တာ..Promotion ကာလကိုလည်း ထပ်တိုးနိုင်မယ့်အစီအစဥ်ရှိပါတယ်တဲ့​နော်

Korea Style (Hot Pot +BBQ)ဘူဖေးကို အမျိုးအစားစုံစုံလင်လင်နဲ့ တစ်နေရာတည်းမှာ စားနိုင်မယ့်အပြင် Promotion ကလည်းရှိနေတော့..ဒီထက်ကောင်းတဲ့အစီအစဉ်တောင် ဒီလောက်မကောင်းနိုင်လို့ စိတ်ကူးမလွဲနဲ့ချစ်တို့ရေ..

Daejeon BBQ · 2nd Floor, No.55, Sayar San Rd, 11201, Myanmar (Birma)
★★★★☆ · Koreaans barbecuerestaurant

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ