သွားဖူးရင် နောက်တစ်ခေါက်ပြန်လာချင်အောင်ဖြစ်နေမယ့်နေရာလေး

သွားဖူးရင် နောက်တစ်ခေါက်ပြန်လာချင်အောင်ဖြစ်နေမယ့်နေရာလေး

ရာသီမရွေး အချိန်မရွေး၊ဥတု (၃)ပါးလုံး သွားလို့ကောင်းတဲ့နေရာဆိုလို့ ယာမကာလုလင်၊ပျိုမေတို့ ရဲ့ ခုံမင်ရာ နေရာလေးဘဲရှိတယ်ဟုတ် 

မင်မင့်အကြိုက်လည်းဖြစ်၊သွားဖူးရင် နောက်တစ်ခေါက်ပြန်လာချင်အောင်ဖြစ်နေမယ့်" Da Da  Bar "အကြောင်းလေးပြောပါမယ်

အရင်ဆုံးစမ်းချောင်းလမ်းထဲတွေ့တွေ့ချင်းဆို " ဟယ် ဘာဆိုင်လေးလဲ" ဖြစ်သွားစေနိုင်ပေမယ့် အထဲကို၀င်ကြည့်လိုက်ပါမိတ်ဆွေ၊ တကယ့် နေရာကောင်းလေးရောက်လာတာတွေ့ရမယ်။ အပြင်အဆင်မှာအပြာရောင်မီးတွေသုံးထားပေးလို့(အရှိန်ရလာတဲ့အချိန် မီးရောင်ကအမှိုင်းလေးနဲ့ရှယ်ဘဲပေါ့)  Bar counter လည်းရှိတော့ တစ်ယောက်တည်းသမားတွေဆိုလည်းအဲ့မှာ chillပေါ့၊ unplugged လည်းရှိတယ် မင်မင်ကတော့ဓာတ်ဘဲဖမ်းခဲ့ပါတယ် 

နောက်တစ်ခုသဘောကျတာက Da Da ရဲ့ second floor မှာ mini Club ရှိတယ်၊ သူငယ်ချင်းတွေအုပ်စုလိုက်နဲ့ဆို ကဲလို့ကောင်းတယ်၊Dj တွေရှိတဲ့ရက်တွေကိုတော့ သူတို့ page မှာအမြဲ Update လုပ်ပေးတယ်။

အသောက်တစ်လိုင်းဘဲကောင်းတာလားဆိုတော့ မဟုတ်ဘူးနော်၊ အစားအစာတွေကလည်းရှယ်ဘဲ။မြည်းဖို့လည်း Menuကစုံချက်ဘဲ၊ အကြိုက်ဆုံးတွေ​ပြောပြရရင် ငုံးခြောက်စပ် ကြွပ်ကြွပ်စပ်စပ် အနံ့မွှေးမွှေးလေး။ ကြက်ခြေထောက်သုပ် ဆိုလည်း အမြည်းအနေနဲ့တော်တော်လိုက်တယ်။

အမြည်းအတွက်ဘဲမဟုတ်ဘဲ အ၀စားချင်တယ့်သူတွေအတွက်လည်းအဆင်ပြေအောင် menuတွေလည်းအများကြီးရှိသေးတယ်။

 အသောက်တလိုင်းမှာဆိုရင်လည်း Cocktail တွေထဲ အကြိုက်တွေရှိတယ်။ပုံလေးတွေအောက်မှာဆက်ပြောပြပါမယ်။ DA DA Bar နေရာက သွားရလွယ်တဲ့ နေရာမှာဘဲဆိုတော့ သွားပြီးtryကြည့်ဖို့မင်မင်ကတော့ recommend ပေးပါတယ်လို့

Ai Entertainment · Padonmar Stadium, No (8-26 Sanchaung St, Yangon 11111, Myanmar (Birma)
★★★★☆ · Bar & Grill

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ