အစမ်းမောင်းနှင်မှုနဲ့တင် ကမ္ဘာ့အမြန်ဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ တရုတ်ကျည်ဆန်ရထားအသစ်
CR450 လို့အမည်ပေးထားတဲ့ ဒီကျည်ဆန်ရထားကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့တုန်းက တရုတ်မှာ မိတ်ဆက်ခဲ့တာပါ။ ၁ နာရီ ၂၈၁ မိုင်နှုန်း (၄၅၀ ကီလိုမီတာ) အထိ မောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။
CR450 ဟာ လက်ရှိတရုတ်နိုင်ငံမှာ ပြေးဆွဲနေတဲ့ အမြန်ဆုံးကျည်ဆန်ရထား CR400 ထက် ၆၄ မိုင်နှုန်း ပိုမြန်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့အမြန်ဆုံးကျည်ဆန်ရထားအဖြစ် မျှော်လင့်ခဲ့ကြပြီး မိတ်ဆက်ခဲ့ရာမှာပဲ ကမ္ဘာ့အမြန်ဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ CR450 ကို မမိတ်ဆက်ခင်မှာ သရုပ်ပြမှုတွေ ပလက်ဖောင်းစမ်းသပ်မှုတွေကို အကြိမ်ပေါင်း ထောင်နဲ့ချီကာ ပြုလုပ်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၁၀ စုနှစ်ကာလကစလို့ တရုတ်နိုင်ငံရဲ့ကျည်ဆန်ရထားဖွံ့ဖြိုးတိုးတက်မှုဟာ ကမ္ဘာပေါ်မှာ ထိပ်ဆုံးနေရာအဖြစ် ရပ်တည်နေတာပါ။ တရုတ်နိုင်ငံရဲ့ ကျည်ဆန်ရထားလမ်းတွေဟာ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေအပြင် လေကြောင်းခရီးသွားလာခြင်းမှာပါ အစားထိုးနိုင်တဲ့အထိ ရွေးချယ်စရာဖြစ်နေတာ အတော်လေးကို ကြာနေပြီပဲဖြစ်ပါတယ်။