စပို့တင်းလစ္စဘွန်းနဲ့အနာဂတ်ကို မန်ယူနိုက်တက်နဲ့အာဆင်နယ်ပစ်မှတ် ယောကရက်စ် ဖွင့်ဟ

စပို့တင်းလစ္စဘွန်းနဲ့အနာဂတ်ကို မန်ယူနိုက်တက်နဲ့အာဆင်နယ်ပစ်မှတ် ယောကရက်စ် ဖွင့်ဟ

စပို့တင်းလစ္စဘွန်းအသင်းက မိုရီရန်ဆီအသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပေါ်တူဂီလိဂ်ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ ဆွီဒင်တိုက်စစ်မှူးယောကရက်စ်ဟာ သူ့ရဲ့စပို့တင်းလစ္စဘွန်းအသင်းအနာဂတ်ကို ဖွင့်ဟခဲ့ပါတယ်။

ယောကရက်စ်ဟာ ဒီရာသီစပို့တင်းလစ္စဘွန်းအသင်းအတွက် ပြိုင်ပွဲစုံ(၄၆)ပွဲမှာ (၄၇)ဂိုးအထိသွင်းယူကာ ခြေစွမ်းပြသနေတာကြောင့် ဥရောပထိပ်သီးအများအပြားရဲ့ပစ်မှတ်အဖြစ်ရှိနေတဲ့သူ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာကစားဖို့ စိတ်ဝင်စားနေတဲ့ ယောကရက်စ်နဲ့ စပို့တင်းလစ္စဘွန်းအသင်းရဲ့စာချုပ်ဟာ ၂၀၂၈ ခုနှစ်နွေရာသီအထိရှိနေပြီး စာချုပ်ထဲမှာ စာချုုပ်ဖျက်သိမ်းကြေး(Release Clause)ပေါင်(၈၅)သန်း ပါဝင်နေတာပါ။

ဒီရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းအတွက် ဟက်ထရစ်(၅)ကြိမ်အထိရယူနိုင်ခဲ့တဲ့ ယောကရက်စ်ကို နွေရာသီမှာ အသင်းဘက်ကထွက်ခွာခွင့်ပြုမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ယောကရက်စ်ကတော့ ဘာတွေဖြစ်လာမလဲဆိုတာကို ဘယ်သူမှခန့်မှန်းလို့မရဘဲ လက်ရှိအခိုက်အတန့်ကိုသာ မိမိနှစ်သက်တယ်လို့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မီဒီယာသမားတွေရဲ့မေးမြန်းမှုကို ဖြေခဲ့ပါတယ်။

ယောကရက်စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလက မထွက်ခွာခဲ့တဲ့အတွက် သူနဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့အကြားမှာ နှစ်ဦးနှစ်ဖက် အပြုသဘောဆန်တဲ့ သဘောတူညီမှုတစ်ခုရှိထားတာပါ။ စပို့တင်းလစ္စဘွန်းအသင်းဟာ ယောကရက်စ်ကို ပေါင်(၅၅)သန်းကနေ ပေါင်သန်း(၇၀)ကြားရရင် ထွက်ခွာခွင့်ပေးဖို့ ဆန္ဒရှိနေတယ်လို့ The Sun က ဖော်ပြထားပါတယ်။

ယောကရက်စ်ကို လန်ဒန်ကို နှစ်သက်မှုရှိ/မရှိမီဒီယာသမားတွေက မေးမြန်းခဲ့ရာမှာ သူက လစ္စဘွန်းမှာနေရတာကို နှစ်သက်တယ်လို့ တုံ့ပြန်ခဲ့တာပါ။ မကြာသေးခင်က သတင်းတွေမှာ ယောကရက်စ်ဟာ ချန်ပီယံလိဂ်ကစားချင်တာကြောင့် မန်ယူနိုက်တက်အသင်းထက် အာဆင်နယ်အသင်းကို ပိုပြီးပြောင်းရွှေ့ချင်နေတယ်လို့ ဖော်ပြထားပါတယ်။

Read more

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

မနေ့က ကစားခဲ့တဲ့ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အာဆင်နယ်အမျိုးသမီးအသင်းဟာ နာမည်ကြီးပြင်သစ်ကလပ် လိုင်ယွန်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ (၄-၁)ဂိုးနဲ့ အံ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရီးရဲလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ်ကိုင်တွယ်နေတဲ့ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ဒီရာသီကုန်ရင် အသင်းနဲ့ လမ်းခွဲပြီး သူ့ကိုနည်းပြအဖြစ်ခန့်အပ်ချင်နေ

တိုက်စစ်မှူးအီဗာနီလ်ဆန်ရဲ့အနီကတ်ပြစ်ဒဏ်ကို မိမိတို့အယူခံဝင်မယ်လို့ ဘုန်းမောက်နည်းပြအီရာအိုလာအတည်ပြု

တိုက်စစ်မှူးအီဗာနီလ်ဆန်ရဲ့အနီကတ်ပြစ်ဒဏ်ကို မိမိတို့အယူခံဝင်မယ်လို့ ဘုန်းမောက်နည်းပြအီရာအိုလာအတည်ပြု

ဘုန်းမောက်အသင်းနဲ့ မန်ယူနိုက်တက်အသင်းတို့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ထုတ်ပယ်ခံခဲ့ရတဲ့ ဘရာဇီးလ်တိုက်စစ်မှူး အီဗာနီလ်ဆန်ရဲ့အနီကတ်ပြ

နိုင်ငံဥပဒေကို AI နဲ့ ရေးသားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

နိုင်ငံဥပဒေကို AI နဲ့ ရေးသားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

ဒီသတင်းက ဧပြီ ၂၂ တည်းကမို့ နည်းနည်းကြာပြီဆိုတော့ သိပြီးတဲ့သူတွေတောင်ရှိလောက်ပါတယ်။ UAE အစိုးရကနေ နိုင်ငံရဲ့ ဥပဒေနဲ့ပတ်သက်ပြီး ဥပဒေအသစ်တွေရေးသားခြင်းနဲ့ ပြုပြင်ပြောင်းလဲ