Copa del Rey ဆုပေးပွဲမှာ စပိန်ဘုရင်ကို မလေးမစားပြုမူခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ လာမင်းယာမားလ်

Copa del Rey ဆုပေးပွဲမှာ စပိန်ဘုရင်ကို မလေးမစားပြုမူခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ လာမင်းယာမားလ်

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ပွဲမတိုင်ခင် စပိန်ဒိုင်လူကြီးတွေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ရုပ်သံမီဒီယာတိုက်ပွဲ၊ ပွဲချိန်အတွင်း ရီးရဲလ်ကစားသမားတွေနဲ့ ကွင်းလယ်ဒိုင်ရဲ့အချင်းများမှု၊ ဘာစီလိုနာအသင်းရဲ့ဒီရာသီ El Clasico (၃)ပွဲဆက်တိုက် အနိုင်ရမှုတွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပါတယ်။

ဒီပွဲက ပွဲပြီးတော့လည်း မီးမသေသေးဘဲ စိတ်ဝင်စားစရာအကြောင်းအရာတွေရှိခဲ့ပြီး ဒီအထဲမှာ လာမင်းယာမားလ်ရဲ့ ဖြစ်ရပ်ကလည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲဖြစ်တာနဲ့အညီ ဒီပွဲကို စပိန်ဘုရင် ဖိလစ်ပီ - VI ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ပွဲအပြီးဆုပေးပွဲမှာလည်း စင်မြင့်ပေါ်တက်ရောက်ကာ အခြားသော တာဝန်ရှိသူတွေနဲ့အတူ ကစားသမားတွေကို တရင်းတနှီးနှုတ်ဆက်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကို အချိန်ပို(၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ကစားသမားတွေ ဆုလက်ခံရယူဖို့ စင်မြင့်ပေါ်ကိုတက်ရောက်လာတဲ့အခါ လာမင်းယာမားလ်ရဲ့ပုံစံက သရုပ်ပျက်ဝတ်စားဆင်ယင်မှုနဲ့ စရိုက်ဆန်တဲ့သွင်ပြင်လက္ခဏာဖြစ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းအင်္ကျီကို နောက်ပြန်ဝတ်ထားပြီး မျက်မှန်နှစ်လက်ကို ခေါင်းမှာတပ်ဆင်ထားတဲ့ လာမင်းယာမားလ်ရဲ့ပုံစံက စပိန်ဘုရင် ဖိလစ်ပီ - VI ကို မလေးမစားပြုမူတဲ့ပုံစံပေါက်နေသလို လက်ဆွဲနှုတ်ဆက်ရာမှာလည်း ဘုရင်တစ်ပါးကို အရိုအသေပေးတဲ့ သာမန်လက်ဆွဲနှုတ်ဆက်ပုံ(Normal Handshake)မဟုတ်ဘဲ သူငယ်ချင်း/အသင်းဖော် အချင်းချင်း နှုတ်ဆက်သလို လက်ဝါးချင်းရိုက်ပြီး လက်ဆွဲနှုတ်ဆက်တဲ့ပုံစံ(Dap Handshake)နဲ့ နှုတ်ဆက်ခဲ့တာကြောင့် အရိုအသေတန်တဲ့ အပြုအမူဖြစ်ကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလိုစွပ်စွဲဝေဖန်မှုတွေရှိခဲ့ပေမယ့် လာမင်းယာမားလ်ကို စပိန်ဘုရင်က ဘယ်လိုသဘောမှမထားဘဲ ပြုံးရွှင်စွာနဲ့ နှုတ်ဆက်ခဲ့တာကိုလည်း ရုပ်သံမှာတွေ့ရပါတယ်။ အသက်(၁၇)နှစ်ကျော်ကစားသမားတစ်ဦးအနေနဲ့ ဆယ်ကျော်သက်အရွယ်လူငယ်တစ်ဦးပီပီ ကလေးသူငယ်တစ်ဦးလို မိမိလုပ်ချင်ရာကို လုပ်ခဲ့တယ်လို့ပဲ သဘောထားခဲ့ပုံပေါ်ပါတယ်။

ဒါပေမယ့် X လို ဆိုရှယ်မီဒီယာမှာ ဝေဖန်ရေးသားမှုတွေရှိခဲ့ပြီး "အရိုအသေတန်တဲ့လုပ်ရပ်"လို့ တစ်ဦးက ရေးသားခဲ့သလို၊ အခြားတစ်ဦးကလည်း "Gen Z တွေရဲ့ အပြုအမူကတော့ တကယ်ရယ်စရာပဲ"လို့ ရေးခဲ့ပါတယ်။ နောက်တစ်ဦးကတော့ "သူ့နေရာမှာ ရီးရဲလ်မက်ဒရစ်ကစားသမားတစ်ဦးဆိုရင် ပွဲပယ်ခံနေရလောက်ပြီ"လို့ ရေးသားခဲ့ပါတယ်။

Read more

ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးလီဝန်ဒေါစကီးရဲ့နေရာမှာအစားထိုးဖို့အတွက် အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗားရက်ဇ်ကို အက်သလက်တီကိုမက်ဒရစ်အသင်းကနေ အံ့အားသင့်ဖွ

ဖလားဗိုလ်လုပွဲတွေမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဖလား(၇)ခုဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဟန်ဆီဖလစ်

ဖလားဗိုလ်လုပွဲတွေမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဖလား(၇)ခုဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဟန်ဆီဖလစ်

ဘာစီလိုနာအသင်းနည်းပြဟန်ဆီဖလစ်ဟာ ဖလားဗိုလ်လုပွဲတွေ ယှဉ်ပြိုင်ရင် ဘယ်တော့မှ မရှုံးတဲ့သူရဲ့မှတ်တမ်းကောင်းကို စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဆက်လက်ထိန်းသိ

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါဖလားရယူနိုင်မယ့်ပွဲကို ဟာရီကိန်းပွဲပယ်ကြောင့် လွဲချော်

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါဖလားရယူနိုင်မယ့်ပွဲကို ဟာရီကိန်းပွဲပယ်ကြောင့် လွဲချော်

ဘိုင်ယန်မြူးနစ်အသင်းက မိန့်ဇ်အသင်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ အဝါကတ်ပြခံခဲ့ရတဲ့ အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဘုန်းမောက် - မန်ယူနိုက်တက် (ပရီးမီးယားလိဂ်) (27 April 2025/ 7:30 pm) လက်ရှိပရီးမီးယားလိဂ်ရပ်တည်မှုမှာ ဘုန်းမောက်က မန်ယူနိုက်တက်ထက် ရမှတ်(၁၁)မှတ်အသာ (၄၉)မှတ်