ဆန်းတို့စ်အတွက် ပါဝင်ကစားရင်း ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် နေမာငိုကြွေးပြီးကွင်းထဲက ထွက်ခွာ

ဆန်းတို့စ်အတွက် ပါဝင်ကစားရင်း ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် နေမာငိုကြွေးပြီးကွင်းထဲက ထွက်ခွာ

ဆန်းတို့စ်အသင်းက အက်သလက်တီကို MG အသင်းကို(၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘရာဇီးလ်စီးရီးအေပွဲစဉ်မှာ ဘရာဇီးလ်တိုက်စစ်ကစားသမားနေမာဟာ ဆန်းတို့စ်အသင်းအတွက် ပါဝင်ကစားရင်း ရရှိခဲ့တဲ့ ဘယ်ဘက်ပေါင်ဒဏ်ရာကြောင့် ပွဲချိန်(၃၄)မိနစ်မှာ ကွင်းထဲက ငိုကြွေးပြီးထွက်ခွာခဲ့ပါတယ်။

နေမာဟာ ဆန်းတို့စ်အသင်းအိမ်ကွင်းမှာ သူ့ရဲ့ပွဲ(၁၀၀)ပြည့်အထိမ်းအမှတ်အဖြစ် ဂျာစီပေါ်မှာ နံပတ်(၁၀၀)ကို ဝတ်ဆင်ပြီး ကစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန်မိနစ်အနည်းငယ်အကြာမှာ နေမာဟာ သူ့ရဲ့ဘယ်ဘက်ပေါင်မှာ နာကျင်မှုကို ခံစားရတဲ့ လက္ခဏာကိုပြသခဲ့တာပါ။ နေမာဟာ မကြာသေးခင်ကမှ (၆)ပတ်ကြာအနားယူခဲ့ရတဲ့ ဒဏ်ရာနဲ့တူညီတဲ့နေရာမှာ နောက်ထပ်ဒဏ်ရာခံစားခဲ့ရတာဖြစ်ပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိ နေမာဟာ ဒဏ်ရာကသက်သာပြီးနောက် တနင်္ဂနွေနေ့က ဖလူမီးနီစ်အသင်းနဲ့ပွဲစဉ်မှှာ ဆန်းတို့စ်အသင်းအတွက် လူစားဝင်အဖြစ်ပါဝင်ကစားခဲ့တာပါ။ နေမာဟာ အက်သလက်တီကို MG အသင်းနဲ့ပွဲစဉ်မှာ ဆန်းတို့စ်အသင်းရဲ့ပွဲထွက်လူစာရင်းထဲပါဝင်ခဲ့ပြီး အသင်းက ဒုတိယမြောက်သွင်းဂိုးယူပြီး မကြာခင်မှာ အရန်ခုံတန်းကို လက်ပြကာ လူစားလဲပေးဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။ နေမာဟာ ဒဏ်ရာကြောင့်နာကျင်နေတဲ့အတွက် ကွင်းပြင်ကို ကားနဲ့ထွက်ခွာခဲ့ရတာပါ။

ငိုကြွေးနေတဲ့ နေမာကို ဆန်းတို့စ်အသင်းဖော်တွေအပြင် အက်သလက်တီကို MG အသင်းကစားသမားတွေက နှစ်သိမ့်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ နေမာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းရဲ့စာချုပ်ဖျက်သိမ်းခြင်းကို ခံခဲ့ရကာ ဇန်နဝါရီမှာ အသင်းဟောင်း ဆန်းတို့စ်အသင်းထံ ပြန်လည်ပြောင်းရွှေ့လာခဲ့တာပါ။

နေမာဟာ ပြီးခဲ့တဲ့မတ်လနိုင်ငံတကာပွဲစဉ်တွေအတွက် ဘရာဇီးလ်အသင်းလူစာရင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရပေမယ့် ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

Read more

ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဂွဲရိုးကို ကျော်ဖြတ်ပြီး အဆင့်(၅)နေရာရောက်လာတဲ့ ဆာလာ

ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဂွဲရိုးကို ကျော်ဖြတ်ပြီး အဆင့်(၅)နေရာရောက်လာတဲ့ ဆာလာ

လီဗာပူးလ်အသင်းရဲ့အီဂျစ်တိုက်စစ်မှူးဆာလာဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ်(၅-၁)စပါးပွဲမှာ လီဗာပူးလ်အသင်းအတွက် ပွဲချိန်(၆၃)မိနစ်မှာ အနိုင်ဂိ

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့(ဧပြီ ၃၀ ရက်)မှာ ကစားဖို့ရှိတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ် ဘာစီလိုနာ-အင်တာမီလန်ပွဲကို ဥရောပမှာ မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

မနေ့က ကစားခဲ့တဲ့ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အာဆင်နယ်အမျိုးသမီးအသင်းဟာ နာမည်ကြီးပြင်သစ်ကလပ် လိုင်ယွန်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ (၄-၁)ဂိုးနဲ့ အံ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရီးရဲလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ်ကိုင်တွယ်နေတဲ့ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ဒီရာသီကုန်ရင် အသင်းနဲ့ လမ်းခွဲပြီး သူ့ကိုနည်းပြအဖြစ်ခန့်အပ်ချင်နေ