နိုင်ငံတကာ EV ကားဈေးကွက်မှာ တရုတ်က ထိပ်ဆုံးမှာဦးဆောင်နေ

ကမ္ဘာတစ်ဝှမ်း EV ကားရောင်းချမှုနှုန်းဟာ ယခုနှစ်နိုဝင်ဘာလအတွင်း ဆက်တိုက်မြင့်မားလာခဲ့ရာမှ အရင်နှစ်တွေထက် ရောင်းအား 32% ပိုမိုရောင်းချနိုင်ခဲ့ပြီး စံချိန်တင်မြင့်မားခဲ့တယ်လို့ EV ဈေးကွက်သုတေသသနကုမ္ပဏီ Rho Motion က ဖော်ပြလာပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းရှိ EV ဈေးကွက်မှာဆိုရင် တရုတ်နိုင်ငံဟာ တစ်လအတွင်းမှာတင် ဈေးကွက်ရဲ့ 70% အထိ ပါဝင်ဦးဆောင်နေတယ်လို့လည်း ဆိုပါတယ်။

တရုတ် EV ကားတွေဟာ တရုတ်နိုင်ငံတွင်းမှာပဲ ရောင်းအားရော ဝယ်လိုအားရော များပြားနေတာဖြစ်ပြီး အနောက်နိုင်ငံတွေကို တင်သွင်းရာမှာတော့ အခွန်ကိစ္စနဲ့ပါတ်သက်ပြီး အခုထိ အခက်အခဲများစွာရှိနေပါတယ်။ အခွန်ကြေးတွေက ကားတစ်စီးစာ တန်ဖိုးအထိတောင် ကောက်ခံမှုတွေ ရှိနေတာပါ။ ဒါ့အပြင် အနောက်နိုင်ငံမှာတော့ တရုတ် EV ကားတွေဟာ Tesla ကုမ္ပဏီကြီးတွေကို ယှဉ်ပြိုင်ဖို့ အတော်လေးလိုအပ်သေးတယ်လို့ ဆိုပါတယ်။ (ဆိုပေမဲ့လည်း ဟိုတလောကတင် BYD ရောင်းအားက Tesla ထက် အတော်လေးကျော်တက်သွားလို့ ဂယက်ထသွားပါသေးတယ်။ )

တရုတ် EV ကားတွေက ပြည်တွင်းမှာ ရောင်းအားကောင်းနေတယ်ဆိုတာကလည်း အချက်တွေအများကြီးရှိတာလည်း ပါပါတယ်။ ဥပမာ - တရုတ်အစိုးရကိုယ်တိုင် EV ကားတွေကို ဝယ်ယူဖို့ လှုံ့ဆော်တာမျိုး၊ EV ကားဝယ်ယူသူတွေကို ထောက်ပံ့ကြေးတွေ ပေးအပ်တာမျိုးတို့အထိ လုပ်ပါတယ်။ ဆိုတော့ နာမည်ကြီး ထမင်းငတ်လို့လည်း ဆိုနိုင်ပါတယ်။ သူ့နိုင်ငံထဲမှာပဲ ရောင်းအားကောင်း စံချိန်တင်နေတာက နိုင်ငံတကာ EV ကားဈေးကွက်မှာ ထိပ်ဆုံးမှာ ဦးဆောင်နေသလို ဖြစ်သွားတာမျိုးပါ။