China​ ၏ 10G Broadband

China​ ၏ 10G Broadband

တရုတ်နိုင်ငံသည်ပထမဆုံး 10G broadband ကွန်ရက်ကို Hebei ပြည်နယ်၊ Sunan တွင်တရားဝင် လွှင့်တင်ခဲ့ပြီး အင်တာနက်နည်းပညာအတွက်ကြီးမားသောအမှတ်အသားဖြစ်သည်။

အဆိုပါပရောဂျက်သည် Huawei နှင့် China Unicom တို့၏ ပူးပေါင်းကြိုးပမ်းမှုဖြစ်ပြီး ဧပြီလ 20 ရက်နေ့တွင် ထုတ်ဖော်ပြသခဲ့သည်။ ကွန်ရက်သည် downloadများအတွက် 9,834 Mbps ၊uploadများအတွက် 1,008 Mbps နှင့် latency 3 မီလီစက္ကန့်အထိ အံအားသင့်ဖွယ်အမြန်နှုန်းများကိုပေးဆောင်သည်။

ဤမျိုးဆက်သစ်အမြန်နှုန်းသည် လက်ရှိဖိုက်ဘာအော်ပတစ်စနစ်များထက် ဒေတာလွှဲပြောင်းမှုစွမ်းရည်ကို မြှင့်တင်ပေးသည့် 50G Passive Optical Network (PON) နည်းပညာဖြင့်ဖန်တီးထားသည်။ ကွန်ရက်အသစ်သည် 8K ဗီဒီယိုကြည့်ရှုခြင်း၊ cloud computing၊ VR/AR အတွေ့အကြုံများနှင့် smart home ပေါင်းစပ်ခြင်းကဲ့သို့သော ဒေတာများသော appများအတွက်အထူးဒီဇိုင်းထုတ်ထားသည်။

၎င်းမြန်နှုန်းကိုသရုပ်ဖော်ရန်ပုံမှန်အားဖြင့် 1 Gbps ချိတ်ဆက်မှုတွင် 10 မိနစ်အထိ ကြာသည့် 20 GB 4K ရုပ်ရှင်ကို ဒေါင်းလုဒ်လုပ်ခြင်း အတွက်ယခု10G ဘရော့ဒ်ဘန်းကွန်ရက်တွင် စက္ကန့် 20 မျှ ကြာမည်ဖြစ်သည်။

ဤလွှတ်တင်ခြင်းဖြင့် တရုတ်နိုင်ငံသည် broadband နည်းပညာနယ်ပယ်တွင် UAE နှင့် Qatar အပါအဝင်အခြားနိုင်ငံအများအပြားထက်ကျော်လွန်နေပြီဖြစ်သည်။ 10G ဖြန့်ချိမှုသည် ပိုမိုမြန်ဆန်၊ တည်ငြိမ်သော ဒေတာကူးပြောင်းမှုနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းတို့ကို လုပ်ဆောင်ခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် စိုက်ပျိုးရေးကဲ့သို့သော ကဏ္ဍများကို မြှင့်တင်ရန်ရည်ရွယ်ထားပါသည်။

Read more

လီဗာပူးလ်အသင်းကို ဝေဖန်ထိုးနှက်ပုံပေါ်တဲ့ ပို့စ်ကိုတင်ပြီးနောက် ဒါဝင်နူနက်ဇ်ပြန်ဖျက်ခဲ့

လီဗာပူးလ်အသင်းကို ဝေဖန်ထိုးနှက်ပုံပေါ်တဲ့ ပို့စ်ကိုတင်ပြီးနောက် ဒါဝင်နူနက်ဇ်ပြန်ဖျက်ခဲ့

ဒီရာသီလီဗာပူးလ်အသင်းမှာ ပွဲကစားချိန်မိနစ်တွေအကန့်အသတ်နဲ့သာ ရရှိနေတဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ အသင်းကိုဝေဖန်ထိုးနှက်ဖို့ ရည်ရွယ်ပြီး ရေးသားခဲ

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

PSG အသင်းဟာ နိုက်စ်အသင်းကို (၁-၃)ဂိုးနဲ့ အရေးနိမ့်ပြီး ဒီရာသီပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် PSG အသင်းနည်းပြလူးဝစ်အင်းနရစ်က လာမယ့် အာဆင်

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ခရစ္စတယ်ပဲလေ့စ် - အက်စတွန်ဗီလာ (FA ဖလားဆီမီးဖိုင်နယ်) (26 April 2025/ 10:45 pm) လက်ရှိပရီးမီးယားလိဂ်ရပ်တည်မှုမှာ ဗီလာက ရမှတ်(၅၇)မှတ်နဲ့ အဆင့်(၇)မှာ ရှိနေပြီး ခရစ္စတယ်

ကိုးလ်ပါမား (၁၆)ပွဲဆက်ဂိုးမသွင်းနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မာရက်စ်ကာ မှတ်ချက်ပြု

ကိုးလ်ပါမား (၁၆)ပွဲဆက်ဂိုးမသွင်းနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မာရက်စ်ကာ မှတ်ချက်ပြု

ချယ်လ်ဆီးအသင်းရဲ့ အီတလီလူမျိုးနည်းပြမာရက်စ်ကာက ချယ်လ်ဆီးအသင်းအတွက် အင်္ဂလန်ကြယ်ပွင့်ကိုးလ်ပါမား (၁၆)ပွဲဆက်တိုက်ဂိုးမသွင်းယူနိုင်တာက သူ့ရဲ့အမှားကြ