နာမည်ကြီးနေတဲ့ ဖွင့်ထားတာလည်း သိပ်မကြာသေးတဲ့ ကြက်ကြော်ဆိုင်တစ်ဆိုင်နဲ့

ဒီရက်ပိုင်း နာမည်ကြီးနေတဲ့ ဖွင့်ထားတာလည်း သိပ်မကြာသေးတဲ့ ကြက်ကြော်ဆိုင်တစ်ဆိုင်နဲ့ မိတ်ဆက်ပေးမယ်

မင်မင် မိတ်ဆက်ပေးမှာကတော့....

"Chicki Chicken Signature Roasted & Fried Chicken" ဆိုတဲ့ ကြက်ကြော်ဆိုင်လေးဘဲဖြစ်ပါတယ်။ ဒီရက်ပိုင်း အဲ့ဆိုင်ကိုတော်တော်လေးတွေ့ဖြစ်တယ်။ post တွေရော အစားအသောက် gp တွေမှာပါ တွေ့ဖြစ်တယ် ဒါပေမယ့် မင်မင် တစ်ခါမှသွားမစားဖြစ်ဘူး။ 

ဒီတစ်ခေါက်တော့သွားစားဖြစ်ခဲ့တယ်ပေါ့....

ဆိုင်ရဲ့ အပြင်အဆင်လေးကတော့ franchise ယူထားတဲ့ ဆိုင်ပုံစံမျိုးလေးဘဲ သပ်သပ်ရပ်ရပ်လေးနဲ့ ကြည့်လို့ကောင်းတယ် ဒါပေမယ့် ဆိုင်က franchise ယူထားတဲ့ဆိုင်မဟုတ်ပါဘူး။ ကိုယ်တိုင် menu တွေကို ထုတ်နေတဲ့ Homemade ကြက်ကြော်ဆိုင် တစ်ဆိုင်ဖြစ်ပါတယ်။ ဆိုင်ခန်းလေးကတော့ သန့်သန့်ရှင်းရှင်းလေးဘဲ။

Service ပိုင်းကိုကြည့်မယ်ဆိုလည်း ဆိုင်ရှင် အပါအဝင် ဆိုင်ကဝန်ထမ်းတွေက ဖော်ရွေတယ်။မီးဖို‌ေချာင်ပိုင်းကိုလည်း ဆိုင်ရှင်က ကိုယ်တိုင် ကြီးကြပ်ပေးတာ။ တော်တော်လေးကြိုးစားထားတာကိုတွေ့ရတယ်။

Menu ပိုင်းအရလည်း တော်တော်လေးစုံတယ်။ အဓိကကတော့ ကြက်ကြော်၊ ကြက်ကင်ကို အဓိကထားရောင်းပေးတယ်။ ကြက်ကြော်၊ ကြက်ကင် set လိုက်လည်းရှိတယ်။

Single set 2800ကနေ family set 12000ထိ အစားစားရှိတယ်။ drink အနေနဲ့က Pepsi၊ 7 up၊ ice lemon tea၊ lime juice၊ Marina orange ဆိုပြီးရှိမယ်။ Moktail drinks တွေလည်းရသေးတယ်။ ကြက်ကင် set ကကျ တစ်ကောင်ကို 12000 တစ်ခြမ်းကို 6800‌ေပါ့။ ကိုယ်ကြိုက်တဲ့ set menu ကိုမှာယူသုံးဆောင်နိုင်တယ်။ 

မင်မင်တို့စားခဲ့ကြတာကတော့.....

Fried Chiki Set- 2800 MMK

Fried Chiki set ထဲမှာဆိုရင် ကြက်ကြော် တစ်တုံး၊ pepsi တစ်ခွက်၊ friesတစ်ပွဲရယ်၊ coleslaw တစ်ပွဲပါမယ်။ ကြက်ကြော်ရဲ့အရသာကတော့ ‌ကောင်းတယ်။ပေါင်ရင်းတစ်ချောင်းလုံးရတာဆိုတော့ အသားကလည်းတော်တော်များတယ်။ ကြက်ကြော်က အရသာအထဲထဲထိဝင်တယ်။ မင်မင်က ကြက်ကြော်မှာဆို အရေခွံကိုအကြိုက်ဆုံးဘဲ ကြွပ်ကြွပ်လေးနဲ့ စားလို့ကောင်းတယ်။ ကြက်ကြော်အတွက် အချဉ်ရေ 3မျိုးရှိတယ် ketchup ၊ chilli sauce၊ chiki's homemade sauce တို့ ချပေးလိမ့်မယ်။ Chiki's homemade sauce ကတော့ မင်မင့်အထင် Thai chilli sauce ပုံစံမျိုးလေး၊ ငရုတ်သီးအနံ့ရမယ်၊ နည်းနည်းလေးစပ်မယ်။ မင်မင်ကတော့ တစ်ခြားသောကြက်ကြော်ဆိုင်တွေနဲ့ မတူတဲ့ sauce လေးရလို့ သဘောကျမိတယ်။

Signature Roated Half Set- 6800 MMK

Signature Roated Half Set မှာဆိုရင် ကြက်ကင် တစ်ခြမ်း၊ Fries တစ်ပွဲ၊ Pepsi တစ်ခွက်၊ Coleslaw တစ်ပွဲပါမယ်။ ကြက်ကင်ကတော့ ပျားရည်နဲ့ကင်ပေးထားတယ် homemade ပုံစံမျိုးလေး။ အရသာကတော့ အပေါ်ယံလေးချိုပြီး အတွင်းသားကတော့ အနည်းငယ်လေးငန်တယ်။ အသားကတော့နူးပြီးစားလို့ကောင်းတယ်။ Fries ကလည်းတော်တော်လေးများတယ်။ ပုံမှန်ဆို 2ယောက်လောက် အေးဆေးစားလို့ရတယ်။ Coleslaw ကတော့ ဂေါ်ဖီ၊ မုန်လာဥနီ၊ mayonnaise၊ ဆလပ်ရွက်၊ cherry tomatoeလေးတစ်ခြမ်းပါမယ်။ Mayonnaise ပါပေမယ့် Diet meal ပုံစံလေးလုပ်ထားတာဖြစ်တဲ့အတွက် အရမ်းတော့မချိုဘူး စားလို့ကောင်းတယ်။

မင်မင့် personal အမြင်ကတော့ ဆိုင်လေးတော်တော်လေးအဆင်ပြေတယ်။ Fried Chiki set တစ်ပွဲနဲ့တင် ဗိုက်ပြည့်နိုင်တယ်။ Menu ပိုင်းအရကြည့်မယ်ဆိုရင်လည်း ဖွင့်တာမကြာသေးတဲ့ ဆိုင်တစ်ဆိုင်အနေနဲ့ တော်တော်လေးစုံတယ်လို့ပြောလို့ရတယ်။ ဈေးလည်း ပေးရတာနဲ့တန်တယ်လို့ခံစားရတယ်။

Chicki Chicken · 96 Sinn O Dan St, Yangon, Myanmar (Birma)
★★★★★ · Snackbar

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ