“မနက်ခင်းလေးမှာ လွယ်လွယ်ကူကူနဲ့ အရသာရှိရှိလုပ်စားလို့ရမယ့် Breakfast Menu ‌လေးတစ်ခု”

“မနက်ခင်းလေးမှာ လွယ်လွယ်ကူကူနဲ့ အရသာရှိရှိလုပ်စားလို့ရမယ့် Breakfast Menu ‌လေးတစ်ခု”

နေ့တစ်နေ့မှာ အရေးကြီးဆုံးကမနက်စာပါပဲ။ မနက်စာဆိုတာ နေ့တနေ့ရဲ့ ပထမဆုံးစတင်ရာ Meal တစ်ခုဖြစ်လို့ အကောင်းဆုံးမဟုတ်တောင် အာဟာရပြည့်ဝပြီး ကိုယ့်ကို တနေကုန် လန်းဆန်းနေစေမယ့်မနက်စာဖြစ်ဖို့ကတော့ လိုကိုလိုအပ်ပါတယ်။

ဒီနေ့မှာတော့ အာဟာရပြည့်ဝတဲ့ မနက်စာ ဖြစ်ဖြစ် နေ့လည် သရေစာမုန့်ဖြစ်ဖြစ် Waffle maker လေးရှိရုံနဲ့ လုပ်စားလို့ရမယ့် menu လေးတစ်ခုဖြစ်တဲ့ Waffle လုပ်နည်းလေးကိုပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ကဲ စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ကပုံလေးတွေကို ဆက်လက်ကြည့်ပေးကြဦးနော်။

ပထမဦးဆုံးအနေနနဲ့ ဘယ်လို ပါဝင်ပစ္စည်းတွေလိုလဲ? -ကြက်ဥ -နွားနို့ -ဂျုံမှုန့် -သကြား -အသီးအနှံ -Waffle နဲ့ အတူတူစားဖို့ Nutella ဒါမှမဟုတ် ကြိုက်နှစ်သက်ရာ ယို တစ်ခုခု စတာတွေ လိုအပ်ပါတယ်။
ပါဝင်ပစ္စည်းလေးတွေ စုံပြီဆိုတော့ စလုပ်လိုက်ကြရအောင်!
အရင်ဆုံး ပန်းကန်ထဲကို ကြက်ဉနဲ့ ဂျုံကို အရင်ထည့်ပါ။ ပြီးရင် သကြားထည့်ပါ။
ပြီးရင်တော့ နွားနို့ထည့်ပါ။ အများကြီးထည့်ရင်တော့ ကျဲသွားနိုင်တာမို့လို့ ချိန်ဆပြီး ထည့်ပေးကြပါနော်။
သေချာလေး နှံ့အောင်မွှေပေးပါ။
ပြီးရင်တော့ Waffle လုပ်တဲ့စက်လေးထဲ ထည့်ပြီး လုပ်ပါမယ်။ *မကပ်အောင် စက်လေးကို ဆီအနည်းငယ်သုတ်ပေးဖို့လည်း မမေ့နဲ့နော်။
အနည်းငယ် ကြာပြီဆိုရင်တော့ အရသာရှိတဲ့ waffle လေး ရပါပြီ။
Nutella လေးသုတ်လိုက်မယ်
ဒါဆိုရင်တော့ အရသာရှိတဲ့ Waffle လေးကို သုံးဆောင်နိုင်ပါပြီ။ လုပ်နည်းကလည်း လွယ်ကူတာမို့လို့ အိမ်မှာ လုပ်စားကြည့်ကြနော်။

Read more

ဒေဝါလီခံပြီး လူမွဲစာရင်းသွင်းခံရဖို့ နီးစပ်နေတဲ့ စင်ကလဲယား

ဒေဝါလီခံပြီး လူမွဲစာရင်းသွင်းခံရဖို့ နီးစပ်နေတဲ့ စင်ကလဲယား

မန်စီးတီးအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ ထရီဗာစင်ကလဲယားဟာ အခွန်ငွေ ပေါင်(၃၆၀၀၀)ကျော်ကို မပေးဆောင်နိုင်ဘဲ ငွေကြေးအခက်အခဲ ကြီးကြီးမားမာ

လီဗာပူးလ်အသင်းကို ဝေဖန်ထိုးနှက်ပုံပေါ်တဲ့ ပို့စ်ကိုတင်ပြီးနောက် ဒါဝင်နူနက်ဇ်ပြန်ဖျက်ခဲ့

လီဗာပူးလ်အသင်းကို ဝေဖန်ထိုးနှက်ပုံပေါ်တဲ့ ပို့စ်ကိုတင်ပြီးနောက် ဒါဝင်နူနက်ဇ်ပြန်ဖျက်ခဲ့

ဒီရာသီလီဗာပူးလ်အသင်းမှာ ပွဲကစားချိန်မိနစ်တွေအကန့်အသတ်နဲ့သာ ရရှိနေတဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ အသင်းကိုဝေဖန်ထိုးနှက်ဖို့ ရည်ရွယ်ပြီး ရေးသားခဲ

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

PSG အသင်းဟာ နိုက်စ်အသင်းကို (၁-၃)ဂိုးနဲ့ အရေးနိမ့်ပြီး ဒီရာသီပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် PSG အသင်းနည်းပြလူးဝစ်အင်းနရစ်က လာမယ့် အာဆင်

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ခရစ္စတယ်ပဲလေ့စ် - အက်စတွန်ဗီလာ (FA ဖလားဆီမီးဖိုင်နယ်) (26 April 2025/ 10:45 pm) လက်ရှိပရီးမီးယားလိဂ်ရပ်တည်မှုမှာ ဗီလာက ရမှတ်(၅၇)မှတ်နဲ့ အဆင့်(၇)မှာ ရှိနေပြီး ခရစ္စတယ်