Decoration ကောင်းပြီး Pet ကလေးတွေရောသွားလို့ရတဲ့ Cafe ဆိုင်တစ်ဆိုင်
Pet ကလေးနဲ့ Cafe ဆိုင်သွားကြတဲ့အခါ တချို့သော Cafe ဆိုင်တွေက Pet ကလေးတွေကို Allow မလုပ်ဘူး ဟုတ် ???
ဒီနေ့မှာ မင်မင်က ကိုယ်လည်း ဓာတ်ပုံကောင်းကောင်းရိုက်လို့ရပြီး ကိုယ်ရဲ့ ကလေးတွေပါ ခေါ်သွားလို့ရတဲ့ Cafe ဆိုင်တစ်ဆိုင်နဲ့ မိတ်ဆက်ပေးမယ်။
အဲ့ဆိုင်လေးရဲ့ နာမည်ကတော့.....
"Booboo Café" ဖြစ်ပါတယ်
Booboo Café လေးကဖွင့်ထားတာတော့ ၁လ မပြည့်သေးဘူးပေါ့နော်။ ဒါပေမယ့် လူတော်တော်များများလာကြတယ်။ ဆိုင်အပြင်အဆင်လေးကတော့ ချစ်စရာလေး။ ဆိုင်လေးက အဖြူရောင်လေးဆိုတော့ ဓာတ်ပုံရိုက်လို့လည်း အရမ်းကောင်းတယ်။
Menu ပိုင်းအရကြည့်ရင်တော့ Cafe ဆိုင်တစ်ဆိုင်အနေနဲ့ တော်တော်လေးစုံတယ်။
မင်မင်တို့ မှာစားဖြစ်တာကတော့.....
Butterfly Pea Lemonade - 5000 MMK
အရောင်အားဖြင့်တော်တော်လေးလှတယ်။ အပြာရောင်နဲ့ အဝါရောင်လေးရောစပ်ထားတာ။ အဝါရောင်ကတော့ lemon သီးနဲ့ အပြာရောင် Drink တစ်မျိုးကို Soda နဲ့ရောထားတာပေါ့။ Detox ပုံစံမျိုးလေးတော့ဖြစ်တယ်။ သောက်ရင်းသောက်ရင်း lemon ရဲ့ အရသာလေးရယ် lemon ခွံရဲ့ အနည်းငယ်ခါးတဲ့ အရသာလေးကိုရတယ်။
Expresso (cold) - 3000 MMK
Expresso ကတော့ ခါးသက်သက်အရသာလေးဘဲ။ ကော်ဖီဆို ခါးခါးမှကြိုက်တဲ့သူတွေအတွက်ကတော့ try ကြည့်သင့်တဲ့ Coffee တစ်ခွက်ပေါ့။
Burnt Cheese Cake - 4200 MMK
Burnt Cheese Cake ကတော့ အပေါ်ယံလေးကို Burnt လုပ်ထားတာဖြစ်တဲ့အတွက် အညိုရောင်လေးဖြစ်နေမယ်။ Cheese Cake က စားလိုက်တာနဲ့ ပါးစပ်ထဲမှာ အရည်ပျော်သွားရော မင်မင်သဘောကျတယ်။ စားရအဆင်ပြေတယ်။
Blueberry Danish - 2000 MMK
ဒါလေးကတော့ မင်မင်အကြိုက်ဆုံးဘဲ။ စားရတာတော်တော်ကောင်းတယ်။ Blueberry jam လေးနဲ့မို့ စားရတာလည်းမအီဘူး။ Danish အသားကလည်း တော်တော်စားလို့ကောင်းတယ်။
မင်မင့်အမြင်တော့ ဒီဆိုင်လေးက အေးဆေး chill လို့ကောင်းတဲ့ ဆိုင်လေးတစ်ဆိုင်လို့ မမြင်မိဘူး။ ဘာလို့ဆို အရမ်းလူများတယ်။ ဓာတ်ပုံကတော့ တော်တော်လေးရိုက်လို့ကောင်းတဲ့ Cafe ဆိုင်တစ်ဆိုင်ပါ။ Pet ကလေးတွေအတွက် လည်း Menu လေးတွေ Cookie လေးတွေမှာလို့ရတယ့်အတွက် ဆန်းသစ်တယ်။ Decoration ပိုင်းအရကောင်းသင့်သလောက်ကောင်းနေပြီဆိုတော့ အစားအသောက်ပိုင်းကိုလည်း ပိုပြီး အားစိုက်ထားတာကိုမြင်တွေ့ရတယ်။