“ဘဝမှာ မဖြစ်မနေကြည့်ရှုဖူးသင့်တဲ့ Drama ရုပ်ရှင်တချို့ ”

“ဘဝမှာ မဖြစ်မနေကြည့်ရှုဖူးသင့်တဲ့ Drama ရုပ်ရှင်တချို့ ”

ဒီတစ်ပတ်မှာတော့ Akhayar Lifestyle ပရိတ်သတ်တွေအတွက် ဘဝမှာတစ်ကြိမ်တစ်ခါလောက်ဖြစ်ဖြစ် ကြည့်ဖူးသင့်တဲ့ Drama ကားကောင်း တချို့ကို Recommend ပေးချင်ပါတယ်။ ခု recommend ပေးထားတဲ့ ရုပ်ရှင်တွေမကြည့်ခင်မှာ ကိုယ်က မျက်ရည်လွယ်တဲ့သူဆိုရင်မျက်ရည်သုတ်ဖို့ tissue ဆောင်ထားဖို့ အကြံပေးပါရစေ..

#akhayarlifestyle #drama

Shawshank Redemption (1994)

ပထမဆုံးအနေနဲ့ 1994 မှာ ထွက်ရှိထားတဲ့ Drama အသားပေးရုပ်ရှင်လေးကိုပြောပြပေးချင်ပါတယ်။ မင်းသားကြီး Morgan Freeman နဲ့ Tim Robbins တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ Frank Darabont ရဲ့ လက်ရာကောင်းတစ်ခုဖြစ်ပြီး ကြည့်ပြီးတဲ့သူတိုင်း ရင်ထဲမှာ တစ်ခုခုတော့ ကျန်နေခဲ့စေတာ အမှန်ပါပဲ ။ ရုပ်ရှင်ကပေးချင်တဲ့ message တွေဖြစ်တဲ့ မိတ်ဆွေသံယောဇဥ် ၊ လူသားဆန်မှုတွေ နဲ့ မျော်လင့်ချက်နဲ့ပတ်သတ်တဲ့ ဒဿန တွေကို ပေါ်လွင်အောင်ရိုက်ကူးပြသထားပါတယ်။ စာရေးဆရာကြီး Stephen King ရဲ့ Rita Hayworth and Shawshank Redemption ကို အခြေခံထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။

ဖောက်ပြန်နေတဲ ဇနီးဖြစ်သူနဲ့ သူမဖောက်ပြန်နေတဲ့ သူကို လုပ်ကြံတဲ့အမှုနဲ့ Shawshank ပြည်နယ် အကျဥ်းထောင်မှာ ကျခံနေရတဲ့ Andy ရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ၊ လူ့သဘာဝစရိုက်တွေ၊ သူ့ရဲ့ မိတ်ဆွေ Eliis Boyd Redding နဲ့ ကြားမှာ ရှိတဲ့ မိတ်ဆွေအပေါ်ထားတဲ့ သံယောဇဥ်တွေနဲ့ ရောက်ရာအရပ်မှာ ကိုယ့်ကိုယ်ကို လူကောင်းဖြစ်အောင် ဘယ်လိုကြိုးစား နေထိုင်လဲ ဆိုတာကိုရသမြောက်အောင်‌ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။

The Green Mile (1999)

မင်းသားကြီး Tom Hanks ရဲ့ Drama ရုပ်ရှင်လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်လေးကတော့ မကြည့်ဖူးရင်တောင် တော်တော်များများ သိကြမယ်လို့ထင်ပါတယ်။ ဇာတ်အေးအေးလေးနဲ့ မျက်ရည်ကျရလောက်တဲ့ Drama ကားလေးပါ။ လူသန်ကြီး Michael Clarke Duncan လည်းပါဝင်သရုပ်ဆောင်ထားပြီးတော့ သူ့ရဲ့ ပုံရိပ်တစ်ချို့ကိုလွမ်းဆွတ်ရဦးမှာဖြစ်ပါတယ်။ သေချာတာတော့ဒီရုပ်ရှင်ကလည်း မင်းသား Tom Hanks ရိုက်ကူးခဲ့ဖူးတဲ့ သမိုင်းဝင်ရုပ်ရှင်တွေထဲက တစ်ကားပါပဲ ။

လူသားတွေရဲ့နောက်ဆုံးအချိန်ဟာ လူကောင်းတစ်ယောက်အနေနဲ့ နေထိုင်ဖို့ နောက်မကျသေးကြောင်းကို ပြသထားပြီးတော့ လူတစ်ကိုယ်၊စိတ်တစ်မျိုးဆိုတဲ့ အတိုင်းပဲ လူချင်းတူနေရင်တောင် စိတ်နေသဘောထားတွေက မတူကြောင်းကို လူ့သဘာဝ စရိုက်တွေပေါ်လွင်အောင်ရိုက်ကူးပြသထားပါတယ်။ ဒီရုပ်ရှင်ကလည်း True story ကို အခြေခံထားတဲ့ Stephen King ရဲ့ စာအုပ်ကို ရုပ်ရှင်အနေနဲ့ အသက်သွင်းထားတာဖြစ်ပါတယ်။ ဇာတ်လိုက်တွေထဲကတစ်ယောက်ဖြစ်တဲ့ John Coffey ဆိုတဲ့ဇာတ်ကောင်ကတော့ အပြင်မှာတကယ်ရှိခဲ့ပါတယ်၊ George Stinney Junior ဆိုတဲ့ ၁၄ နှစ်အရွယ် လူမည်းကလေးတစ်ယောက်ဖြစ်ပြီး လူဖြူကလေးနှစ်ယောက်ကို လုပ်ကြံခဲ့မှုဖြင့် လျှပ်စစ်ထိုင်ခုံပေါ်မှာ သေဒဏ် ကျခံခဲ့ရတဲ့ ကလေးကို inspire လုပ်ထားတာဖြစ်ပါတယ်။ သူဟာ သမိုင်းမှာ အငယ်ဆုံး သေဒဏ်ကျခံခဲ့ရသူဖြစ်ပြီး ထိုအမှုဟာလည်း လူမျိုးရေးခွဲခြားခံခဲ့ရပြီး စွပ်စွဲ ခံခဲ့ရတယ်လို့ ပြောကြပါတယ်။ ဒီရုပ်ရှင်ကြည့်မယ်ဆိုရင်တော့ အားလုံးကို မျက်ရည်ခိုင်ခိုင်ထားဖို့ မှာလိုက်ပါရစေ...

Forrest Gump (1994)

ဒီကားကလည်း မင်းသား Tom Hanks ရဲ့ Comedy/Drama ကားလေးဖြစ်ပါတယ်။ လူသားဆန်မှုတွေနဲ့ ပြည့်နေတဲ့ Drama မို့လို့ တစ်ဝကြီးကြည့်ပြီး ကြည်နူးရဦးမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ မင်းသား Tom Hanks ကို Forrest Gump ဆိုတဲ့ မတူညီတဲ့ ဇာတ်ရုပ်အနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ဒါရိုက်တာ Robert Zemeckis ကရိုက်ကူးထားတာဖြစ်ပြီး 1986 မှာ ထွက်ရှိခဲ့တဲ့ ဝတ္ထု ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်လမ်းကို နစ်မြောပြီး အေးအေးဆေးဆေးကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးပါပဲ ။ ဇာတ်လမ်းက ကိုယ်တိုင်ခံစားကြည့်ရှုမှ ပိုကောင်းမယ့် ရုပ်ရှင်ဖြစ်တာမို့လို့ အများကြီး ညွှန်းမနေတော့ပါဘူးနော်။ သေချာတာတော့ မဖြစ်မနေကြည့်ဖူးသွားသင့်တဲ့ ဇာတ်ကားဖြစ်ပြီး အချိန်ကုန်ရကျိုးနပ်တဲ့ ရုပ်ရှင်တစ်ကားဖြစ် နေမှာတော့ အသေအချာပါပဲ။

Schindler’s List (1993)

ဒီရုပ်ရှင်ကတော့ Taken မင်းသားကြီး Liam Neeson ငယ်ငယ်ကရိုက်ကူးထားတဲ့ ရုပ်ရှင်လေးတစ်ခုပါ။ ဒုတိယကမ္ဘာစစ်ကာလများကို timeline အ‌ခြေခံထားတဲ့ War/ Drama genre ရုပ်ရှင်လေးပါ။ နာမည်ကျော် ဒါရိုက်တာကြီး Steven Spielberg ကိုယ်တိုင်ရိုက်ကူးထုတ်လုပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ထူးထူးခြားခြားအနေနဲ့ Black and White ကြည့်ရမယ့် ရုပ်ရှင်ဖြစ်ပါတယ်။ ရုပ်ရှင်ကရှည်တယ်ဆိုပေမယ့် ရင်တမမ နဲ့ ကြည့်ရှုမယ့် ရုပ်ရှင်ဖြစ်ပြီး ကြည့်ပြီးသွားရင် လူသားဆန်မှုတွေ ၊ ကြောက်ရွံ့မှုတွေနဲ့ Heart Touching ဖြစ်တဲ့ Feelingတွေကိုခံစားမိစေမှာပါ။

Schindler ဆိုတဲ့ ဂျာမန် စီးပွားရေးသမားဟာ ဂျာမနီကဖမ်းချုပ်ထားတဲ့ ဂျူးလူမျိုးတွေထဲက တချို့ကိုစာရင်းလုပ်ပြီး လစာ အသင့်နဲ့ သူ့ရဲ့စက်ရုံမှာ အလုပ်လုပ်စေခဲ့ပါတယ်။ စီးပွားရေးသမားဖြစ်တဲ့ အလျောက် သူ့ရဲ့အတွေးထဲမှာ ဒီလူတွေဟာသူ့အတွက် လခ အသင့်ပေးပြီး အလုပ်ခိုင်းလို့ရတဲ့ အလုပ်သမားတွေပါပဲ ။ ဒါပေမယ့် သူ့ရဲ့ စက်ရုံမှာ အလုပ်ခိုင်စေဖို့ ဂျူးလူမျိုးတော်တော်များများကို ရရင်ရသလို ဂျာမန် စစ်တပ်ဆီကနေ အမျိုးမျိုး ခေါ်ယူ အလုပ်ပေးခဲ့ပါတယ်။ စစ်ကြီးပြီးဆုံးသွားတဲ့ အခါမှာတော့ ဂျာမန်တွေစစ်ရှုံးသွားခဲ့ပေမယ့် ဂျူးလူမျိူးတော်တော်များများကိုဆုံးရှုံးခဲ့ရပါတယ်။ ဒီလို Schindler ရဲ့ စာရင်းအလုပ်သမားတွေဟာ ဂျာမန်တွေ ရန်ကနေ လွတ်မြောက်ခဲ့တဲ့ လူနည်းစု တွေထဲက တစ်စုဖြစ်ခဲ့ပြီး Schindler က သူကိုယ်တိုင်တောင်မသိပဲ လူပေါင်း ၁၀၀၀ ကျော် ကို ကယ်ခဲ့မိရက်သားဖြစ်နေခဲ့ပါတော့တယ်။ နည်းနည်းရှည်ပြီး ဇာတ်ကားဟောင်းတစ်ကားမို့လို့ ပျင်းဖို့ကောင်းတယ်လို့ထင်ရပေမယ့် စစ်ကြီးကာလ ဖိနှိပ်ခံတွေရဲ့ ဘဝတွေနဲ့ ဂျာမန်လူမျိုးတွေရဲ့ ရက်စက်ပုံတွေ ၊ Schindler ရဲ့ စိတ်နေသဘောထားနဲ့ လူ့သဘာဝစရိုက်တွေကို ရသပေါ်အောင် စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားတဲ့ ရွှေခေတ်က သမိုင်းဝင်ကားတစ်ကားဖြစ်ပါ‌တယ်။ တချို့ Scene တွေမှာ အနည်းငယ်ရက်စက်ကြမ်းကြုတ်တဲ့ Graphic တွေပါတဲ့ အတွက် ကလေးသူငယ်တွေနဲ့ ရောဂါအခံရှိသူတွေ တော့ ကြည့်ရှု ဖို့ မသင့်တော်ပါဘူး ။

အခု ပြောပြသွားတဲ့ ရုပ်ရှင် ဇာတ်ကားတွေကတော့ လက်ရှိအချိန်ထိ ပြန်ပြန်ကြည့်နေရတဲ့ ရုပ်ရှင်ကားကောင်းတွေထဲက တချို့ကို ပြောပြပေးခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ဘယ်လို ရုပ်ရှင်တွေ recommend ပေးသွားမလဲ ဆိုတာသိရဖို့ Akhayar-Lifestyle ကိုဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ။ အဆုံးထိ ဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

Read more

တန်းတက်လာတဲ့(၃)သင်းစလုံး တန်းပြန်ဆင်းပြီး တန်းဆင်းအသင်းတွေ အစောဆုံးအဖြေထွက်တဲ့ရာသီ

တန်းတက်လာတဲ့(၃)သင်းစလုံး တန်းပြန်ဆင်းပြီး တန်းဆင်းအသင်းတွေ အစောဆုံးအဖြေထွက်တဲ့ရာသီ

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၄) နယူးကာဆယ်(၃-၀)အစ်ဝစ်ချ်ပွဲ အပြီးမှာ အဆင့်(၁၈)က အစ်ဝစ်ချ်အသင်းက တန်းဆင်းလက်မှတ်ရသွားခဲ့လို့ ဒီရာသီမှာ တန်းဆင်းမယ့် အသင်း(၃)သင်းစလုံးစုံသွားခဲ

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဒိုင်လူကြီးကို ရေခဲနဲ့ပစ်ပေါက်တဲ့ ရူဒီဂါ ကြီးမားတဲ့ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိ

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဒိုင်လူကြီးကို ရေခဲနဲ့ပစ်ပေါက်တဲ့ ရူဒီဂါ ကြီးမားတဲ့ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိ

မနေ့က စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ ဘာစီလိုနာ(၃-၂)ရီးရဲလ်မက်ဒရစ်ပွဲမှာ ကွင်းလယ်ဒိုင်လူကြီး ရီကာဒိုဒီဘာဂို့စ်ကို ရေခဲနဲ့ပစ်ပေါက်ခဲ့တဲ့ ရီးရဲလ်မက်

မေလ 13 ရက်မှာ မိတ်ဆက်တော့မယ့် Samsung ရဲ့ အပါးဆုံးဖုန်း

မေလ 13 ရက်မှာ မိတ်ဆက်တော့မယ့် Samsung ရဲ့ အပါးဆုံးဖုန်း

တရုတ်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံမှာပဲ မိတ်ဆက်သွားမှာဖြစ်ပြီး မေလ 23 မှာတော့ စတင်ရောင်းချမယ်လို့ ဆိုပါတယ်။ နိုင်ငံတကာကိုတော့ မေလ 30 မှာ မိတ်ဆက်သွားနိ

US အတွက် India မှာတိုးမြှင့်ထုတ်လုပ်မည့်Apple

US အတွက် India မှာတိုးမြှင့်ထုတ်လုပ်မည့်Apple

Apple သည် အမေရိကန်မှာရောင်းချနေသော iPhone များကို အိန္ဒိယမှာတိုးမြှင့်ထုတ်လုပ်ရန်စီစဉ်နေကြောင်း Financial Times က ဖော်ပြခဲ့သည်။ သတင်းရင်းမြစ်များ၏အဆိုအရ အကြောင်းအရင်းမှာ သမ္