ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါဖလားရယူနိုင်မယ့်ပွဲကို ဟာရီကိန်းပွဲပယ်ကြောင့် လွဲချော်

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါဖလားရယူနိုင်မယ့်ပွဲကို ဟာရီကိန်းပွဲပယ်ကြောင့် လွဲချော်

ဘိုင်ယန်မြူးနစ်အသင်းက မိန့်ဇ်အသင်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ အဝါကတ်ပြခံခဲ့ရတဲ့ အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအမှတ်ပေးဖလားရယူနိုင်မယ့် လာမယ့်ပွဲကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့ပါတယ်။

ဟာရီကိန်းဟာ ဒီရာသီဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အဝါကတ်ပြသခံရတာ(၅)ကြိမ်ပြည့်သွားခဲ့တဲ့အတွက် လာမယ့် လိုက်ပ်ဇစ်အသင်းနဲ့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။

ဘိုင်ယန်မြူးနစ်အသင်းဟာ လိုက်ပ်ဇစ်အသင်းနဲ့ပွဲမှာ အနိုင်ရလဒ်ရယူနိုင်တာနဲ့ ဒီရာသီ ဘွန်ဒစ်လီဂါဖလားကို ရယူဖို့ သေချာမှာဖြစ်ပါတယ်။ ဒီဆုဖလားဟာ ဟာရီကိန်းအတွက် သူ့ရဲ့ကစားသမားဘဝမှာ ပထမဆုံးဆုဖလားဖြစ်ပြီး ဆုဖလားမရရှိသေးတဲ့ ကျိန်စာဆိုးကို အဆုံးသတ်နိုင်တော့မှာပါ။ ဟာရီကိန်းဟာ ဒီရာသီဘွန်ဒစ်လီဂါပြိုင်ပွဲမှာ (၂၄)ဂိုးသွင်းယူထားပြီး ထိပ်တန်းဂိုးသွင်းရှင်အဖြစ်လည်း ရပ်တည်နေပါတယ်။

ဟာရီကိန်းဟာ ဒီရာသီဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးကစားသမားဆုကို ရယူနိုင်ခဲ့ရင် ဘွန်ဒစ်လီဂါပွဲဦးထွက်(၂)ရာသီမှာ ဂိုးသွင်းအများဆုံးကစားသမားဆုကို ရယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းရေးထိုးနိုင်မှာပါ။ ဟာရီကိန်းက လိုက်ပ်ဇစ်အသင်းနဲ့ပွဲကို လွဲချော်ရမယ့်အပေါ် စိုးရိမ်မှုမရှိဘဲ သူဟာ အခြားသူတွေထက် ပိုပြီးအောင်ပွဲခံသွားမှာလို့ ပွဲအပြီးအင်တာဗျူးမှာ ဆိုခဲ့ပါတယ်။

၂၀၂၃ ခုနှစ်နွေရာသီက စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ(၈၉)ပွဲပါဝင်ကစားထားပြီး သွင်းဂိုး(၈၀)သွင်းယူထားပါတယ်။

Read more

ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးလီဝန်ဒေါစကီးရဲ့နေရာမှာအစားထိုးဖို့အတွက် အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗားရက်ဇ်ကို အက်သလက်တီကိုမက်ဒရစ်အသင်းကနေ အံ့အားသင့်ဖွ

ဖလားဗိုလ်လုပွဲတွေမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဖလား(၇)ခုဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဟန်ဆီဖလစ်

ဖလားဗိုလ်လုပွဲတွေမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဖလား(၇)ခုဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဟန်ဆီဖလစ်

ဘာစီလိုနာအသင်းနည်းပြဟန်ဆီဖလစ်ဟာ ဖလားဗိုလ်လုပွဲတွေ ယှဉ်ပြိုင်ရင် ဘယ်တော့မှ မရှုံးတဲ့သူရဲ့မှတ်တမ်းကောင်းကို စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဆက်လက်ထိန်းသိ

Copa del Rey ဆုပေးပွဲမှာ စပိန်ဘုရင်ကို မလေးမစားပြုမူခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ လာမင်းယာမားလ်

Copa del Rey ဆုပေးပွဲမှာ စပိန်ဘုရင်ကို မလေးမစားပြုမူခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ လာမင်းယာမားလ်

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ပွဲမတိုင်ခင် စပိန်ဒိုင်လူကြီးတွေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ရုပ်သံမီဒီယာတိုက်ပွဲ၊ ပွဲချိန်အတွင်း ရီးရဲလ်ကစားသမားတွေနဲ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဘုန်းမောက် - မန်ယူနိုက်တက် (ပရီးမီးယားလိဂ်) (27 April 2025/ 7:30 pm) လက်ရှိပရီးမီးယားလိဂ်ရပ်တည်မှုမှာ ဘုန်းမောက်က မန်ယူနိုက်တက်ထက် ရမှတ်(၁၁)မှတ်အသာ (၄၉)မှတ်