Best 2D Indie Nintendo Switch Games

Best 2D Indie Nintendo Switch Games
Photo by Samsung Memory / Unsplash
Nintendo ပိုင်ရှင်အတော်များများအနေနဲ့ Switch ဝယ်ဖြစ်ရင် Legends of Zelda ကိုသေချာပေါက်ဆော့ဖြစ်မှာပါ။ တစ်ချို့တော့လည်း Action, Adventure ကိုမှ 2D နဲ့ ဆော့ချင်ပြီး Indie စတိုင်ကြိုက်တဲ့ ကျွန်တော့်လိုလူတွေအတွက် ဆော့ကြည့်သင့်တဲ့ Game တွေကိုဖော်ပြပေးလိုက်ပါမယ်။ Nintendo ဆိုတဲ့အတိုင်း ဂိမ််းတွေက ဈေးကြီးပြီး ဝယ်ဆော့ရတာများပါတယ်။

1. Hollow Knight

Steam မှာ ဖရီးရတတ်ပေမယ့် Nintendo eshop မှာတော့ဈေးလည်းကြီးတယ်။ ဆော့ရတာလည်းမိုက်တယ်။ Character တွေကလည်း ချစ်ဖို့လည်းကောင်း၊ အသံနဲ့ Graphics ကလည်း အတော်လေးကို လှနေအောင်ဆွဲထားတာပါ။ 2D Game မို့အထင်မသေးနဲ့ Maps ကြီးကလည်း အကြီးကြီးပဲ။ တစ်ခုတော့ ကြိုပြောချင်တာက ဒီဂိမ်းကို Switch နဲ့ဆော့မယ်ဆိုရင် Controller သပ်သပ်ကြိုဝယ်ထားဖို့ အကြံပေးချင်ပါတယ် :3

2. INSIDE

Gameplay က အစအဆုံးတစ်ထိုင်တည်းဆော့ရင် ၂ နာရီကျော်ကျော်လောက်နဲ့ ပြီးနိုင်ပါတယ်။ ဒါပေမယ့် အဖြူ၊ အနက်၊ ခဲရောင်၊ မီးခိုရောင် စတဲ့ ခပ်မှောင်မှောင် အရောင်တွေနဲ့ပဲ လုပ်ထားပြီး Puzzle တွေဖြည်၊ Creepy ဖြစ်ဖြစ်ဆော့ရတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Gameplay ကလည်း ရှင်းပါတယ်။ ကောင်လေးတစ်ယောက် ဘာဖြစ်နေမှန်းမသိတဲ့ Zombie လိုလို၊ Mind Control လိုလိုအကောင်တွေလက်ကနေ လွတ်မြောက်အောင်ကြိုးစားတာပဲဖြစ်ပါတယ်။ ဒါပေမယ့် Plot Twist လေးတွေပါပါတယ်။ ဆော့ကြည့်ဖို့ အကြံပေးချင်ပါတယ်။

3. Ori & the Blind forest

Graphics အတော်လေးကိုလှပြီး အရောင်တွေရော၊ Character တွေပါမကျန်ချစ်ဖို့ကောင်းတဲ့ Game ဆိုလည်းမမှားပါဘူး။ Exploration လုပ်ရတဲ့ Game ပဲဖြစ်ပါတယ်။ Game ကတော့ Mythical ဆန်ဆန် အကောင်ကြီးတွေပါဝင်ပြီး ချစ်စရာလည်းကောင်းပါတယ်။ Cinematic Scene တွေလည်း ပါဝင်လို့ အစအဆုံးမျောပါသွားပါလိမ့်မယ်။

4.Monster Sanctuary

ဒီဂိမ်းမှာက ထူးခြားချက်က Graphics တွေက Pixelated ဖြစ်ပြီး၊ Gameplay ကတော့ Exploration လုပ်ရင်းနဲ့ အစွမ်းအမျိုးမျိုးရှိတဲ့ Monster တွေနဲ့ အတူ မကောင်းနဲ့ Monster တွေကို နှိမ်နင်းရတာဖြစ်ပါတယ်။ Pixel Character တွေကိုပြန်မြင်ရတာ လုံးဝ Nostalgia ပါပဲ

5. Hollow Knight: Silksong

အပေါ်က Hollow Knight ကိုဆော့ကြည့်ပြီးရင် ဒီကောင်ကိုဘာလို့ ဆော့ကြည့်သင့်လဲဆိုတာ သိလာပါလိမ့်မယ််။ လာမယ့် ၂၀၂၃ ဂျူလိုင်လမှာ Release လုပ်မယ့် Game ဖြစ််ပါတယ်။ မထွက်သေးပဲဘာလို့ထည့်ထားလဲဆိုတော့ ကျွန်တော်အရမ်းကြိုက်သလို ဆော့လည်းဆော့ကြည့်သင့်လို့ဖြစ်ပါတယ်။

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ