Instagrammable ဖြစ်ပြီး ဓာတ်ပုံရိုက်လို့ကောင်းတယ့် Golden Valley ထဲက Cafe ဆိုင်တစ်ဆိုင်

Instagrammable ဖြစ်ပြီး ဓာတ်ပုံရိုက်လို့ကောင်းတယ့် Golden Valley ထဲက Cafe ဆိုင်တစ်ဆိုင်

မင်မင်ဒီနေ့ Review လုပ်ပေးမှာကတော့ ဖွင့်ထားတာသိပ်မကြာသေးတယ့် Golden Valley ထဲက Barica cafe ဆိုတယ့် Cafe ဆိုင်လေးအကြောင်းဘဲဖြစ်ပါတယ်။ ဆိုင်တစ်ခုလုံးကို အဖြူ၊ အမဲပုံစံလေးနှင့် အလှဆင်ထားပြီး ဓာတ်ပုံရိုက်လို့ကောင်းတာကြောင့် ဒီရက်ပိုင်း လူငယ်တွေကြားမှာရော၊ ဓာတ်ပုံဝါသနာရှင်တွေကြားမှာပါ နာမည်ကြီးနေတယ့်ဆိုင်လေးတစ်ဆိုင်ပါ။ ဆိုင်လေးက အခန်းလေးလည်းကျယ်ပြီး နေရာတော်တော်များများဟာ ဓာတ်ပုံရိုက်လို့ လှတာမို့ သွားကြည့်သင့်တယ်နော်။ အစားအသောက်လေးတွေကလည်း ဈေးသင့်ပြီးစားလို့ကောင်းတယ်။ မင်မင်မှာစားဖြစ်တာလေးတွေကတော့.....

Ham Cheese Croffle- 3500

သူမှာက Ham ရယ် Cheese ရယ် Croffle ရာ်သုံးမျိုးပါတယ်။ အပေါ်ဆုံးမှာက Ham အလယ်မှာ Cheese အောက်ဆုံးမှာကတော့ Croffle ပေါ့။ မင်မင်စားကြည့်ရသလောက်တော့ ‌cheese များများလေးပါလို့ စားရတာစိမ့်တယ်။ Croffle အသားကလည်း ကြွပ်ကြွပ်ရွရွလေးမို့ စားလို့ကောင်းတယ်။ ပေးရတယ့်ဈေးနဲ့လည်းတန်တယ်လို့ထင်တယ်။

Barica Latte- 5500ks

Barica Latte ကတော့ Barica ဆိုင်ရယ့် Signature latte လေးပေါ့။ ပုံမှန် Latte လေးတွေလိုဘဲ တော်တော်လေး ခါးတယ်။ Coffee ခါးခါးကြိုက်တယ့် သူတွေအတွက်တော့ ‌အကြိုက်တွေ့စေမှာပါ။

Dirty- 4500ks

ဒီ Drink လေးကတော့ နာမည်ကအစထူးဆန်းတယ်။ Dirty ကို ဆိုင်ရဲ့ Special Milk နှင့် Cream နဲ့ကိုရောပြီး လုပ်ထားတယ်။ စိမ့်ပြီးသောက်လို့ကောင်းတယ်။ မင်မင့်အကြိုက်လို့ပြောလို့ရတယ်။

0:00
/2:57
BARICA coffee @ Golden Valley · R48X+6RW, Yangon, Myanmar (Birma)
★★★★☆ · Koffiebar
ဆိုင်လိပ်စာ - ရွှေတောင်ကြား၊ အင်းယားမြိုင်၊ ရန်ကုန်။
ဆိုင်ဖွင့်ချိန် - မနက်(9)နာရီခွဲ မှ ည(7)နာရီခွဲ
https://www.facebook.com/Barica.coffee

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ