အုပ်စုအဆင့်ထိပ်ဆုံးအသင်းတွေသာ လွဲချော်ပြီး အဆင့်(၂၊ ၃၊ ၄)အသင်းတွေ မလွဲခဲ့တဲ့ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်

အုပ်စုအဆင့်ထိပ်ဆုံးအသင်းတွေသာ လွဲချော်ပြီး အဆင့်(၂၊ ၃၊ ၄)အသင်းတွေ မလွဲခဲ့တဲ့ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်

ဒီရာသီချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့တဲ့အသင်း(၈)သင်း (ပြိုင်ပွဲတစ်ခု ၄ သင်းစီ)ကို ပြန်လေ့လာကြည့်မယ်ဆိုရင် အုပ်စုအဆင့်မှာတုန်းက ဇယားထိပ်ဆုံးမှာ အသီးသီးရပ်တည်ခဲ့ကြတဲ့အသင်းတွေက ဆီမီးဖိုင်နယ်အဆင့်ကို မတက်ရောက်နိုင်ဘဲ ဒီပြိုင်ပွဲ(၂)ရပ်စလုံးက အဆင့်(၂၊ ၃၊ ၄)အသင်းတွေကတော့ ဆီမီးဖိုင်နယ်အဆင့်ကို အသီးသီးတက်လှမ်းနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အုပ်စုအဆင့်မှာ လီဗာပူးလ်အသင်းက ရမှတ်(၂၁)မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲရဲ့အုပ်စုအဆင့်မှာ လာဇီယိုအသင်းက ရမှတ်(၁၉)မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ခဲ့တာပါ။

ဒါပေမယ့် လီဗာပူးလ်အသင်းက ချန်ပီယံလိဂ် Round of 16 အဆင့်မှာ ပြင်သစ်ကလပ် PSG အသင်းကို မကျော်ဖြတ်နိုင်ဘဲ ပြိုင်ပွဲကထွက်ခဲ့ရသလို ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ လာဇီယိုအသင်းကလည်း နော်ဝေကလပ် Bodo/Glimt အသင်းကို မကျော်ဖြတ်နိုင်ဘဲ ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။ တိုက်ဆိုင်တာကတော့ နှစ်သင်းစလုံးပယ်နယ်တီအဆုံးအဖြတ်တွေမှာရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။

ဇယားထိပ်ဆုံးမှာ ရပ်တည်ခဲ့ကြတဲ့အသင်းတွေ စောစောစီးစီးပြိုင်ပွဲကထွက်ခဲ့ရပေမယ့် အဆင့်(၂၊ ၃၊ ၄)အသင်းတွေကတော့ ဆီမီးဖိုင်နယ်အဆင့်ကို အသီးသီးတက်ရောက်နိုင်ခဲ့ကြပါတယ်။

ချန်ပီယံလိဂ်အုပ်စုအဆင့်(၂၊ ၃၊ ၄)အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ အာဆင်နယ်၊ အင်တာမီလန်အသင်းတို့က ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ကြပြီး ယူရိုပါလိဂ်အဆင့်(၂၊ ၃၊ ၄)အသင်းတွေဖြစ်တဲ့ ဘီလ်ဘာအို၊ မန်ယူနိုက်တက်၊ စပါးအသင်းတို့ကလည်း ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။

ကျန်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရောက်တစ်သင်းဖြစ်တဲ့ PSG အသင်းက အုပ်စုအဆင့်မှာ အဆင့်(၁၅)၊ ကျန်ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ရောက်တစ်သင်းဖြစ်တဲ့ Bodo/Glimt အသင်းက အုပ်စုအဆင့်မှာ အဆင့်(၉)နေရာ အသီးသီးရပ်တည်ခဲ့ကြပါတယ်။

ဒါကြောင့် ဥရောပပြိုင်ပွဲ(၂)ရပ်လုံးမှာ အုပ်စုအဆင့်မှာ ခြေစွမ်းပြနိုင်ခဲ့ကြပြီး ဇယားထိပ်ပိုင်းမှာ ရပ်တည်နေတဲ့အသင်းအများစု(ထိပ်ဆုံးကအသင်းတွေကလွဲလို့)က သူတို့ရဲ့ခြေစွမ်းကို ဆက်ထိန်းသိမ်းနိုင်ကြပြီး ပြိုင်ပွဲရဲ့နောက်ဆုံး(၄)သင်းစာရင်းထဲပါဝင်အောင် စွမ်းဆောင်နိုင်ခဲ့ကြတယ်လို့ သတ်မှတ်ရမှာပါ။ ဒီအသင်းတွေထဲကပဲ ချန်ပီယံအသင်းထွက်ပေါ်လာမလား၊ PSG နဲ့ Bodo/Glimt တို့ပဲ ကံထပြီး အုပ်စုအဆင့်မှာတုန်းက ဇယားအထက်ပိုင်းရပ်တည်ခဲ့တဲ့အသင်းတွေကို ကျော်ဖြတ်ဗိုလ်စွဲမလားဆိုတာ ဆက်ကြည့်ရမှာပါ။

Read more

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းနဲ့ နည်းပြအာနီဆလော့ကို ကလောပ့်ဂုဏ်ပြု

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းနဲ့ နည်းပြအာနီဆလော့ကို ကလောပ့်ဂုဏ်ပြု

လီဗာပူးလ်အသင်းနည်းပြဟောင်း ကလောပ့်က ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ သူ့ရဲ့အသင်းဟောင်း လီဗာပူးလ်အသင်းနဲ့ သူ့ရဲ့နေရာမှာဆက်ခံခဲ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်) ပထမအကျော့ အာဆင်နယ် - PSG (30 April 2025/ 1:30 am) ဒီရာသီမှာ အာဆင်နယ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဒုတိယအသင်း၊ PSG က ပြင်သစ်လိ

လက်ရှိဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးနဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ (၃)ဂိုးသာလိုတော့တဲ့ယာမားလ်

လက်ရှိဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးနဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ (၃)ဂိုးသာလိုတော့တဲ့ယာမားလ်

ဒီရာသီ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ပြိုင်ပွဲစုံဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ဘာစီလိုနာအသင်းရဲ့အသက်(၁၇)နှစ်အရွယ် လူငယ်ကစားသမား လာမင်းယာမားလ်က ဦးဆောင်နေ

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ရူဒီဂါရဲ့အပြုအမူက လက်ခံနိုင်စရာမရှိဘူးလို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) ဝေဖန်

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ရူဒီဂါရဲ့အပြုအမူက လက်ခံနိုင်စရာမရှိဘူးလို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) ဝေဖန်

ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲစဉ်က ဂျာမနီလက်ရွေးစင်အသင်းရဲ့ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူ ရူဒီ