အသင်းခေါင်းဆောင် ဗန်ဒိုက်ကို (၂)နှစ်စာချုပ်သစ်ချုပ်ဆိုကြောင်း လီဗာပူးလ်အသင်းကြေညာ

အသင်းခေါင်းဆောင် ဗန်ဒိုက်ကို (၂)နှစ်စာချုပ်သစ်ချုပ်ဆိုကြောင်း လီဗာပူးလ်အသင်းကြေညာ

လီဗာပူးလ်အသင်းဟာ ဒီရာသီအကုန်မှာ အသင်းနဲ့စာချုပ်ကုန်ဆုံးမယ့် နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်ကို ၂၀၂၇ ခုနှစ်နွေရာသီအထိရှိမယ့် (၂)နှစ်စာချုပ်သစ်ချုပ်ဆိုကြောင်း ကြေညာခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့အပတ်ကမှ အီဂျစ်တောင်ပံကစားသမား ဆာလာကို (၂)နှစ်စာချုပ်သစ်ချုပ်ဆိုပြီးနောက် အသင်းခေါင်းဆောင်ဗန်ဒိုက်ကိုပါ စာချုပ်သစ်ချုပ်ဆိုလာခဲ့တာဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ စာချုပ်သစ်အရ တစ်ပတ်ကိုလုပ်ခလစာပေါင်(၄၀၀,၀၀၀)ရရှိမယ်လို့ Mail Sport က ဖော်ပြထားတာပါ။ အဲ့ဒါကြောင့် ဗန်ဒိုက်ဟာ ဥရောပမှာလုပ်ခလစာအများဆုံးရရှိတဲ့ နောက်ခံလူဖြစ်လာဖို့ရှိနေပြီး အသင်းဖော် ဆာလာနဲ့ လစာချင်းတူညီသွားနိုင်ပါတယ်။

ဗန်ဒိုက်က "ကျွန်တော့်ရဲ့ခေါင်းထဲ၊ကျွန်တော့်ရဲ့အစီအစဉ်ထဲမှာ အမြဲတမ်းလီဗာပူးလ်ပါပဲ။ ဒီနေရာက ကျွန်တော်နဲ့ကျွန်တော့်မိသားစုအတွက် နေရာဖြစ်တယ်ဆိုတာ ကျွန်တော့်ခေါင်းထဲမှာ သံသယမရှိခဲ့ပါဘူး။ ဒီကလပ်မှာ နောက်ထပ်(၂)နှစ်သက်တမ်းတိုးနိုင်ခဲ့တာက အံ့သြစရာကောင်းပြီး ကျွန်တော်အလွန်ပျော်ရွှင်သလို ဂုဏ်လည်းယူတယ်"လို့ လီဗာပူးလ်အသင်း ဝက်ဘ်ဆိုက်ကို ဆိုခဲ့တာပါ။

၂၀၁၈ ခုနှစ်၊ဇန်နဝါရီက ဆောက်သမ်တန်အသင်းကနေ ပေါင်(၇၅)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ(၃၁၄)ပွဲပါဝင်ကစားထားပြီး (၂၇)ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်၊FA ဖလား၊ဖီဖာကလပ်ကမ္ဘာ့ဖလား၊ဥရောပစူပါဖလားတို့ကို (၁)ကြိမ်စီနဲ့ ကာရာဘောင်းလိဂ်ဖလားကို(၂)ကြိမ်ရယူထားတာဖြစ်ပါတယ်။

Read more

ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဂွဲရိုးကို ကျော်ဖြတ်ပြီး အဆင့်(၅)နေရာရောက်လာတဲ့ ဆာလာ

ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဂွဲရိုးကို ကျော်ဖြတ်ပြီး အဆင့်(၅)နေရာရောက်လာတဲ့ ဆာလာ

လီဗာပူးလ်အသင်းရဲ့အီဂျစ်တိုက်စစ်မှူးဆာလာဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ်(၅-၁)စပါးပွဲမှာ လီဗာပူးလ်အသင်းအတွက် ပွဲချိန်(၆၃)မိနစ်မှာ အနိုင်ဂိ

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း သတင်းထွက်နေတဲ့ ဘာစီလိုနာ - အင်တာမီလန်ပွဲ

ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့(ဧပြီ ၃၀ ရက်)မှာ ကစားဖို့ရှိတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ် ဘာစီလိုနာ-အင်တာမီလန်ပွဲကို ဥရောပမှာ မီးပျက်နေလို့ ရွှေ့ဆိုင်းရဖွယ်

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲလို ထိပ်တိုက်တွေ့မလား ကြည့်ရမယ့် အာဆင်နယ် Vs ဘာစီလိုနာ

မနေ့က ကစားခဲ့တဲ့ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အာဆင်နယ်အမျိုးသမီးအသင်းဟာ နာမည်ကြီးပြင်သစ်ကလပ် လိုင်ယွန်အမျိုးသမီးအသင်းကို အဝေးကွင်းမှာ (၄-၁)ဂိုးနဲ့ အံ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီကိုင်တွယ်ဖွယ်ရှိနေ

ရီးရဲလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ်ကိုင်တွယ်နေတဲ့ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ဒီရာသီကုန်ရင် အသင်းနဲ့ လမ်းခွဲပြီး သူ့ကိုနည်းပြအဖြစ်ခန့်အပ်ချင်နေ