အသင်းဟောင်းတစ်သင်းသင်းကို ဇာဘီအလွန်ဆိုကိုင်တွယ်ချင်ရင် လေဗာကူဆင်ထွက်ခွာခွင့်ပြုမယ့် သဘောတူညီချက်ရှိ

အသင်းဟောင်းတစ်သင်းသင်းကို ဇာဘီအလွန်ဆိုကိုင်တွယ်ချင်ရင် လေဗာကူဆင်ထွက်ခွာခွင့်ပြုမယ့် သဘောတူညီချက်ရှိ

လေဗာကူဆင်အသင်း CEO ဖာနန်ဒိုကာရိုက စပိန်လူမျိုးနည်းပြဇာဘီအလွန်ဆိုကို သူကစားခဲ့တဲ့ ကလပ်အသင်းတွေထဲက တစ်သင်းကို ကိုင်တွယ်ချင်ရင် အသင်းဘက်က ထွက်ခွာခွင့်ပြုမယ့် လူကြီးလူကောင်းဆန်တဲ့ သဘောတူညီမှုရှိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဇာဘီအလွန်ဆိုရဲ့အသင်းဟောင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီမှာ သူ့ကိုနည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတာပါ။

၂၀၂၂ ခုနှစ်ကတည်းက လေဗာကူဆင်အသင်းကို ကိုင်တွယ်နေတဲ့ ဇာဘီအလွန်ဆိုဟာ ပြီးခဲ့တဲ့ရာသီက အသင်းကို ဘွန်ဒစ်လီဂါပြိုင်ပွဲမှာရှုံးပွဲမရှိချန်ပီယံနဲ့ ဂျာမန်ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ဦးဆောင်ခဲ့သလို ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်ရှိအောင်လည်း ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာတော့ လေဗာကူဆင်အသင်းဟာ ဆုဖလားလက်မဲ့အဖြစ်နဲ့ ရာသီအဆုံးသတ်ရဖို့ရှိပေမယ့် ဇာဘီအလွန်ဆိုဟာ နည်းပြတစ်ဦးအနေနဲ့ အလွန်တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်ထားတာပါ။

ဇာဘီအလွန်ဆိုကို နည်းပြအဖြစ်ခန့်အပ်ဖို့ ပြီးခဲ့တဲ့ နွေရာသီကတည်းက အသင်းဟောင်းတွေဖြစ်တဲ့ လီဗာပူးလ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့က ချိတ်ဆက်ခဲ့ပေမယ့် သူကတော့ လေဗာကူဆင်အသင်းမှာ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အီတလီလူမျိုးနည်းပြအန်ဆယ်လော့တီရဲ့အနာဂတ်မရေမရာမှုတွေကြောင့် ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ပစ်မှတ်ထားနေတာပါ။

ဒီအချိန်မှာ လေဗာကူဆင်အသင်း CEO ကာရိုက "ဇာဘီအလွန်ဆိုထွက်ခွာမှုအတွက် သူနဲ့ ကျွန်တော်တို့ဟာ လူကြီးလူကောင်းဆန်တဲ့ သဘောတူညီမှုတစ်ခုရှိထားပါတယ်။ သူကစားခဲ့တဲ့ အသင်းတစ်သင်းသင်းက ကမ်းလှမ်းမှုပြုလုပ်ခဲ့ရင် ကျွန်တော်တို့ဟာ စကားထိုင်ပြောမှာဖြစ်ပြီး သူ့ကိုတားဆီးမှာမဟုတ်ဘူး"လို့ဆိုခဲ့တာကို ဖာဘရီဇီယိုရိုမန်နိုက သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ဖော်ပြထားပါတယ်။

လေဗာကူဆင်အသင်းနဲ့ ၂၀၂၆ ခုနှစ်နွေရာသီအထိ စာချုပ်ရှိနေတဲ့ ဇာဘီအလွန်ဆိုကတော့ လက်ရှိအချိန်ထိ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ခြင်းမရှိသေးဘဲ ဒီရာသီကုန်မှသာ ဆုံးဖြတ်သွားဖို့ ရှိနေပါတယ်။

Read more

ဖလားဗိုလ်လုပွဲတွေမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဖလား(၇)ခုဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဟန်ဆီဖလစ်

ဖလားဗိုလ်လုပွဲတွေမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဖလား(၇)ခုဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဟန်ဆီဖလစ်

ဘာစီလိုနာအသင်းနည်းပြဟန်ဆီဖလစ်ဟာ ဖလားဗိုလ်လုပွဲတွေ ယှဉ်ပြိုင်ရင် ဘယ်တော့မှ မရှုံးတဲ့သူရဲ့မှတ်တမ်းကောင်းကို စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဆက်လက်ထိန်းသိ

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါဖလားရယူနိုင်မယ့်ပွဲကို ဟာရီကိန်းပွဲပယ်ကြောင့် လွဲချော်

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါဖလားရယူနိုင်မယ့်ပွဲကို ဟာရီကိန်းပွဲပယ်ကြောင့် လွဲချော်

ဘိုင်ယန်မြူးနစ်အသင်းက မိန့်ဇ်အသင်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ အဝါကတ်ပြခံခဲ့ရတဲ့ အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်

Copa del Rey ဆုပေးပွဲမှာ စပိန်ဘုရင်ကို မလေးမစားပြုမူခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ လာမင်းယာမားလ်

Copa del Rey ဆုပေးပွဲမှာ စပိန်ဘုရင်ကို မလေးမစားပြုမူခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ လာမင်းယာမားလ်

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ပွဲမတိုင်ခင် စပိန်ဒိုင်လူကြီးတွေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ရုပ်သံမီဒီယာတိုက်ပွဲ၊ ပွဲချိန်အတွင်း ရီးရဲလ်ကစားသမားတွေနဲ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဘုန်းမောက် - မန်ယူနိုက်တက် (ပရီးမီးယားလိဂ်) (27 April 2025/ 7:30 pm) လက်ရှိပရီးမီးယားလိဂ်ရပ်တည်မှုမှာ ဘုန်းမောက်က မန်ယူနိုက်တက်ထက် ရမှတ်(၁၁)မှတ်အသာ (၄၉)မှတ်