April 24 မှာ pre-orderစတင်လို့ရပြီ
Nintendo သည်၎င်း၏ Switch 2 console ကို2025 ခုနှစ် ဧပြီလ 24 ရက်နေ့တွင် US မှာ per orderတင်နိုင်မှာဖြစ်ကြောင်း ကြေညာခဲ့သည်။Console အတွက်စျေးနှုန်းသည် console-only package အတွက် $450 နှင့် Mario Kart World ပါသည့်အတွဲအတွက် $500 ဖြင့်ဈေးနှုန်းမပြောင်းလဲပါ။ သို့သော်ကုမ္ပဏီသည် မူလconsole နှင့်အတူ ကြေညာထားသည့် ၎င်း၏ဆက်စပ်ပစ္စည်းအများစုအတွက် စျေးနှုန်းကို ပြန်လည်ပြင်ဆင်ခဲ့သည်။
အစတွင်ဖော်ပြထားခြင်းမရှိသောဆက်စပ်ပစ္စည်းတစ်ခုသည် Switch 2 အတွက် 256GB Samsung microSD Express Card ဖြစ်ပြီးဒေါ်လာ 60တန်ပါတယ်။
Console မှလွဲ၍ဈေးမြင့်လာတာမရှိသေးတဲ့အရာ ကတော့ဂိမ်းတွေပါ။ Mario Kart World ကတော့ $80 နဲ့ မူလဈေးအတိုင်းပဲရှိပြီး Donkey Kong Bananza ကတော့ $70ပါ။ ဒါပေမယ့် လူအများက ဒီဂိမ်းတွေက မူလတည်းက ဈေးကြီးအောင် သတ်မှတ်ထားတယ်လို့ ပြောနေကြဆဲပါ။
Nintendo က၎င်းကိုUS တွင် စျေးနှုန်းတက်ရခြင်း၏ အကြောင်းရင်းမှာ အမေရိကန်၏ အခွန်စည်းကြပ်မှု ကြောင့်ဖြစ်နိုင်ပြီး စျေးနှုန်းအခြေအနေပြောင်းလဲမှုများ ဆက်လက်ပြောင်းလဲဖြစ်ပေါ်နေပါက အခြားသော Nintendo ထုတ်ကုန်များသည်လည်း အနာဂတ်တွင် အပြောင်းအလဲများ မြင်တွေ့ရနိုင်သည်ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။
Nintendo Switch 2 ကို 2025 ခုနှစ် ဇွန်လ 5 ရက်နေ့တွင် စတင်ရောင်းချပါမည်။