အင်္ဂလန်အမှတ်ပေးချန်ပီယံဆုကို ကိုင်မြှောက်နိုင်မယ့် ပထမဆုံး ဒတ်ချ်လူမျိုးနည်းပြနဲ့ဒတ်ချ်လူမျိုးအသင်းခေါင်းဆောင်

အင်္ဂလန်အမှတ်ပေးချန်ပီယံဆုကို ကိုင်မြှောက်နိုင်မယ့် ပထမဆုံး ဒတ်ချ်လူမျိုးနည်းပြနဲ့ဒတ်ချ်လူမျိုးအသင်းခေါင်းဆောင်

၁၈၈၈ ခုနှစ်က စတင်ခဲ့တဲ့ အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက် ချန်ပီယံဆု ရယူဆွတ်ခူးနိုင်ခဲ့တဲ့နည်းပြတွေကို လူမျိုးအလိုက် အမျိုးအစားခွဲရင် လူမျိုး(၉)ခုသာတွေ့ရပါလိမ့်မယ်။

အင်္ဂလန်၊ စကော့တလန်၊ စပိန်၊ အီတလီ၊ ပြင်သစ်၊ ပေါ်တူဂီ၊ အိုင်ယာလန်၊ ချီလီ၊ ဂျာမနီ အစရှိတဲ့နိုင်ငံတွေက နည်းပြတွေသာ သက်တမ်းအားဖြင့်(၁၃၇)နှစ်ကြာမြင့်နေပြီဖြစ်တဲ့ အင်္ဂလန်အမှတ်ပေးပြိုင်ပွဲရဲ့ချန်ပီယံဆုကို ရယူဆွတ်ခူးခဲ့ဖူးတာပါ။

အခုနှစ်မှာတော့ နောက်ထပ် လူမျိုးတစ်ဦးတိုးလာတော့မှာဖြစ်ပြီး နယ်သာလန်/ဒတ်ချ်လူမျိုးဖြစ်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ်အသင်းက ရယူဖို့သေချာနေပြီး လီဗာပူးလ်အသင်းနည်းပြအာနီဆလော့ဟာ ပရီးမီးယားလိဂ်မှာသာမက အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းမှာပါ ချန်ပီယံဆုရယူနိုင်တဲ့ ပထမဆုံးဒတ်ချ်လူမျိုးနည်းပြ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

အာနီဆလော့လိုပဲ လီဗာပူးလ်အသင်းရဲ့ ဒတ်ချ်လူမျိုးအသင်းခေါင်းဆောင်ဗန်ဒိုက်ကလည်း ပရီးမီးယားလိဂ်/အင်္ဂလန်အမှတ်ပေးပြိုင်ပွဲသမိုင်းမှာ ချန်ပီယံဆုကိုင်မြှောက်နိုင်တဲ့ ပထမဆုံးဒတ်ချ်လူမျိုးအသင်းခေါင်းဆောင်ဖြစ်လာမှာပါ။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကန်တိုနာ၊ ဗီယာရာ(ပြင်သစ်)၊ ရွိုင်ကိန်း(အိုင်ယာလန်)၊ ဖာနန်ဒင်ဟို(ဘရာဇီးလ်)၊ ဂွန်ဒိုဂန်(ဂျာမနီ)၊ ကွန်ပနီ(ဘယ်လ်ဂျီယံ)၊ ဗီဒစ်(ဆားဘီးယား)အစရှိတဲ့ နိုင်ငံခြားသားအသင်းခေါင်းဆောင်တွေက ချန်ပီယံဆုတွေကို ကိုင်မြှောက်အောင်ပွဲခံခဲ့ကြပေမယ့် ဒတ်ချ်လူမျိုးအသင်းခေါင်းဆောင်တွေထဲက တစ်ဦးတစ်ယောက်မှ ချန်ပီယံဆုမကိုင်မြှောက်ဖူးသေးတာကြောင့် ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု(အင်္ဂလန်အမှတ်ပေးချန်ပီယံဆု)ကို ကိုင်မြှောက်အောင်ပွဲခံနိုင်တဲ့ ပထမဆုံးဒတ်ချ်လူမျိုးအသင်းခေါင်းဆောင်ဖြစ်လာမှာပါ။

လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ် တနင်္ဂနွေနေ့နေ့မှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၃၄) လီဗာပူးလ်-စပါးပွဲမှာ အနိမ့်ဆုံးရမှတ်(၁)မှတ်ရခဲ့ရင် ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံအသင်းအဖြစ် လက်ကျန်ပွဲ(၄)ပွဲအလိုမှာ အောင်ပွဲခံနိုင်မှာဖြစ်ပါတယ်။

Read more

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

PSG အသင်းဟာ နိုက်စ်အသင်းကို (၁-၃)ဂိုးနဲ့ အရေးနိမ့်ပြီး ဒီရာသီပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် PSG အသင်းနည်းပြလူးဝစ်အင်းနရစ်က လာမယ့် အာဆင်

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ခရစ္စတယ်ပဲလေ့စ် - အက်စတွန်ဗီလာ (FA ဖလားဆီမီးဖိုင်နယ်) (26 April 2025/ 10:45 pm) လက်ရှိပရီးမီးယားလိဂ်ရပ်တည်မှုမှာ ဗီလာက ရမှတ်(၅၇)မှတ်နဲ့ အဆင့်(၇)မှာ ရှိနေပြီး ခရစ္စတယ်

ကိုးလ်ပါမား (၁၆)ပွဲဆက်ဂိုးမသွင်းနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မာရက်စ်ကာ မှတ်ချက်ပြု

ကိုးလ်ပါမား (၁၆)ပွဲဆက်ဂိုးမသွင်းနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မာရက်စ်ကာ မှတ်ချက်ပြု

ချယ်လ်ဆီးအသင်းရဲ့ အီတလီလူမျိုးနည်းပြမာရက်စ်ကာက ချယ်လ်ဆီးအသင်းအတွက် အင်္ဂလန်ကြယ်ပွင့်ကိုးလ်ပါမား (၁၆)ပွဲဆက်တိုက်ဂိုးမသွင်းယူနိုင်တာက သူ့ရဲ့အမှားကြ

Gemini AI ကို မော်တော်ကားနဲ့ Smart Watch များမှာလည်း သုံးနိုင်ဖို့စီစဉ်နေ

Gemini AI ကို မော်တော်ကားနဲ့ Smart Watch များမှာလည်း သုံးနိုင်ဖို့စီစဉ်နေ

Gemini AI ကို မော်တော်ကားများနဲ့ Smart watch များမှာပါ အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း Google CEO Sundar Pichai က ကြေညာလာပါတယ်။  မော်တော်ကားများအတွက် Android Auto မှတဆင့် သုံးနိုင်အောင် ပြုလု