‘‘အချိန်အများကြီးပေးစရာမလိုဘဲ လွယ်လွယ်ကူကူ နဲ့လိုက်လုပ်ရမယ့် Stretching Exercises(6) မျိုး ’’

‘‘အချိန်အများကြီးပေးစရာမလိုဘဲ လွယ်လွယ်ကူကူ နဲ့လိုက်လုပ်ရမယ့် Stretching Exercises(6) မျိုး ’’

ပြီးခဲ့တဲ့အပတ်က အကြောလျှော့တာနဲ့ပတ်သတ်လို့ ဘယ်လိုကောင်းကျိုးတွေရှိလည်းဆိုတာကို ပြောပြပေးခဲ့ပြီးပြီဆိုတော့ ဒီနေ့မှာလွယ်လွယ်ကူကူနဲ့ လိုက်ပြီးလုပ်ရနိုင်မယ့် Exercises လေးတွေကိုပြောပြပေးပါမယ်။ အချိန်မပေးနိုင်လို့ ဆိုပြီး စိတ်မပူပါနဲ့...အလွယ်တကူ လိုက်လုပ်လို့ရတာမို့လို့စိတ်ဝင်စားတယ်ဆိုရင်တော့ တစ်ပုံချင်းစီ ကြည့်ပြီးလိုက်လုပ်ကြည့်ကြပါနော်..။

ဒါနဲ့ Stretching လုပ်တာက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရှိတယ်ဆိုတာကိုသိချင်ရင်တော့..အခု Mentionထားတဲ့ Linkမှာဖတ်ကြည့်လို့ရပါတယ်။

https://www.facebook.com/1713472832310923/posts/pfbid0ZhRtAvx2ujgnePw9oTZRNE3jm8ootUfjZqjpc3ZQnP1BvBUD7h2zydnpc4kidZ34l/?mibextid=Nif5oz

#akhayarlifestyle #fitnesss #Stretching #Exercises

1.Neck Stretch
ပုခုံးကို ​ဖြေ​လျှော့ပြီး ဘယ်ဘက်နားရွက်ကို ပုခုံးဘက် ညင်သာစွာ ​ရွှေ့ပါ။
ကိုယ်​သက်​တောင့်သက်သာရှိသ​ည်အထိ ​အကြောဆန့်နိုင်ပါတယ်။15-20 စက္ကန့်လောက် ဖိထားပြီး ​နောက်တစ်ဖက်ကိုလည်း ထိုနည်း အတိုင်းပြုလုပ်နိုင်ပါတယ်။

2.Shoulder Stretch
ပုံပါအတိုင်း လက်တစ်ဖက်ကို ဆန့်ကျင်ဘက် လက်ပေါ် တင်ထားပြီး လက်မောင်းဖြင့်ဖိထားပါ။
စက္ကန့် 30 ခန့် လောက် ဖိထားပြီး နောက်တစ်ဖက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပါ။

3.Side Stretch
လက်နှစ်ဖက်ကို စုကာ ဦး​ခေါင်းထက်သို့ ဆန့်တန်းပြီး ထိုအ​နေအထား အတိုင်း ခန္ဓာကိုယ်ရဲ့​တစ်ဖက်တစ်ချက်သို့ ဖြည်းညှင်းစွာ ​ကွေးပါ
အ​ကြောများဆန့်သွားသည်ကိုခံစားရပါလိမ့်မယ်။ မတ်တပ်ရပ်ပြီးလည်း လုပ်နိုင်သလို ထိုင်လျက်အနေအထားနဲ့လည်း လုပ်နိုင်ပါတယ်။
တစ်ဖက် ကို 15 20 စက္ကန့်ထိ ဖိထားပြီး ​ပြုလုပ်နိုင်ပါတယ်။EditLikeCommentShare

4.Bound Angle
ထိုင်လျက်အ​နေအထားအဖြင့် ဒူးကို​ကွေးထားပါ၊​ခြေဖဝါးများကို တစ်ညီတစ်ညွှတ်တည်းစုစည်းထားပြီး
ဒူး​ခေါင်းများကို ကြမ်းပြင်ကိုထိထားပါ။
အသက်ကိုပုံမှန်ရှူရင်း လက်ဖဝါးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ​တင်ပါးနဲ့ ခါးကို ​ရှေ့ဘက်သို့ကိုင်းညွှတ်ပါ။

5.Seated Shoulder Squeeze
ဒူးကိုကွေးထိုင်ပြီး ထိုင်လျက်အနေအထားနဲ့ ကိုယ့်ရဲ့လက်တွေကို နောက်ကျောဘက်ကိုပို့ထားပြီး လက်နှစ်ဖက်ကို ဖြောင့်တန်းကာ ပုခုံးနှစ်ဖက်နဲ့ ညှစ်ပါ။ထိုအနေအထားကို ၃ စက္ကန့်လောက်ပြုလုပ်ပြီး လွှတ်လိုက်ပါ။

6.Child Pose
ဒူးကိုကွေးထားပြီး ခြေထောက်ကို တင်ပါးနောက်ဘက်သို့ ကွေးပြီး​ထိုင်ပါ။အသက်ကိုဖြေးဖြေးမှန်မှန်ရှူပြီး လက်နှစ်ဖက်ကို ရှေ့ဆန့်ထုတ်ပြီး ကိုယ်ခန္ဓာကို ​ရှေ့သို့ကိုင်းကာ ပုခုံးများမြေပြင်ပေါ်ကျလာတဲ့အထိ ကြောဆန့်ပါ။ နဖူးကို ကြမ်းပြင် နဲ့ထိပါစေ။ပြီးရင် ပုံမှန်အနေအထားအတိုင်းပြန်ထိုင်ပြီး နောက်တစ်ခေါက်ထပ်လုပ်ပါ။ဒီposeလေးက ဓမ္မတာလာနေတဲ့အတောအတွင်းမှာဖြစ်တတ်တဲ့ နာကျင်မှုကိုသက်သာစေနိုင်ပါတယ်။

~လေ့ကျင့်ခန်းတစ်ခုကို တစ်ကျော့လျှင် သုံးကြိမ် ဒါမှမဟုတ် လေးကြိမ် ပြုလုပ်ပေးလို့ရပါတယ်။
အလွန်အကျွံမလုပ်မိဖို့တော့ ထပ်ပြီးသတိပေးပါရစေ။

အခုပြောပြပေးလိုက်တဲ့ Stretching Exercisesတွေက လုပ်လိုက်ရလည်း လွယ်ကူပြီးတော့ အချိန်လည်းသိပ်မပေးရဘဲ အကြောလည်းပြေတယ်၊ကျန်းမာရေးအတွက်လဲကောင်းတာမို့လို့ လိုက်လုပ်ကြည့်ကြရအောင်နော်။

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ