‘‘အကြောလျှော့တာ’’ကို ပုံမှန်ပြုလုပ်ပေးမယ် ဆိုရင် ဘယ်လိုကောင်းကျိုးတွေရလာနိုင်လဲ?

‘‘အကြောလျှော့တာ’’ကို ပုံမှန်ပြုလုပ်ပေးမယ် ဆိုရင် ဘယ်လိုကောင်းကျိုးတွေရလာနိုင်လဲ?

အကြောလျှော့တာက ကျန်းမာရေးအတွက် ကောင်းမွန်ပြီး လုပ်သင့်တဲ့ ​လေ့ကျင့်ခန်းတစ်ခုပါ။နေ့စဉ် ကြွက်သား​တွေကို အသုံးပြုပြီး လှုပ်ရှားသွားလာရတဲ့အတွက် ကြွက်သားတွေ မနာကျင်စေရန်၊သန်မာစေရန်၊ကျန်းမာစေရန် လိုအပ်ပါတယ်။

များသောအားဖြင့် Stretching ကို Workout မလုပ်ခင်အချိန် နဲ့ လုပ်ပြီးတဲ့အချိန် မှာ ခန္ဓာကိုယ်ကြွက်သားနာကျင်မှု၊ တောင့်တင်းမှု မဖြစ်စေရန် ပြုလုပ်ကြ​လေ့ရှိပါတယ်။တစ်ကယ်လို့ ကိုယ်က Gymဆော့တဲ့သူမဟုတ်​ပေမယ့် ကျန်းမာရေးအတွက် အ​ကြော​လျှော့တာကို ပြုလုပ်ချင်တယ်ဆိုရင် အိပ်ရာမ၀င်ခင်အချိန် ဒါမှမဟုတ် မနက် အိပ်ရာထတဲ့ အချိန်တွေမှာ အလေ့အကျင့်တစ်ခုအနေနဲ့ ပြုလုပ်နိုင်ပါတယ်။

ဒီလို အ​ကြော​လျှော့တာကို ပုံမှန်ပြုလုပ်မယ်ဆိုရင် ရနိုင်မယ့် အကျိုးကျေးဇူး​တွေကတေ့ာ~

ကောင်းမွန်စွာအိပ်ပျော်စေခြင်း

အိပ်စက်တဲ့အချိန်မှာလည်း လူသားတွေလိုပဲ  ဦးနှောက်နှင့် ကြွက်သားတွေကလဲ အနားယူပါတယ်။ ညအိပ်ရာမ၀င်ခင် Stretching ပြုလုပ်ခြင်းက တစ်ကုန်ပင်ပန်းထားတဲ့ခန္ဓာကိုယ် မှကြွက်သားတွေကိုပြေလျော့စေပြီး အိပ်စက်တဲ့အချိန်မှာလည်း နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။ Stretchingပြုလုပ်ပြီး အိပ်ရာ၀င်တဲ့နေ့က ပုံမှန်နေ့တွေထက်စာရင် ပိုပြီးအိပ်ပျော်စေတာကို တွေ့ရပါတယ်။

စိတ်ဖိစီးမှုကို လျော့ ကျစေခြင်း

ကိုယ်တွေရဲ့တစ်နေ့တာ က ပင်ပန်းနွမ်းနွယ်မှုတွေ စိတ်ပင်ပန်းမူတွေ နဲ့ပြည့်နေနိုင်ပါတယ်။ဒီတော့ အိပ်စက်တဲ့အချိန်မှာတော့ စိတ်ဖိစီးမှုကင်းကင်းနဲ့ အိပ်နိုင်ဖို့ကို အားလုံးက မျှော်လင့်ကြပါတယ်။Stretching ပြုလုပ်ခြင်းက ခန္ဓာကိုယ်ရဲ့တင်းမာနေတဲ့အရာတွေကိုဖြေလျှော့ ပေးနိုင်လို့ လုပ်ငန်းခွင်မှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ရှုပ်စရာတွေကို သက်သာ‌စေနိုင်ပါတယ်။

သွေးလည်ပတ်မှုကောင်းမွန်စေခြင်း

မနက်ခင်း အိပ်ရာနိုးတဲ့အချိန်မှာ သွေးကြောနဲ့ ကြွက်သားတွေ ကောင်းမွန်စွာ ပြန်လည်နိုးကြားလာစေဖို့ လိုအပ်ပါတယ်။ Stretching လုပ်တာက   သွေးပတ်လည်မှုကောင်းစေရန် အထောက်အကူပေးတာမို့လို့ တစ်နေ့တာစတင်ဖို့ အဆင်သင့်ဖြစ်နေမှာအသေအချာပါပဲ။

နေ့တစ်နေ့ကိုEnergy အပြည့်နဲ့ ‌ရှေ့ဆက်နိုင်ခြင်း

ကိုယ်က Morning Person မဟုတ်တဲ့အခါ မနက်ခင်းကို လန်းလန်းဆန်းဆန်းဖြတ်သန်းဖို့  ခက်ခဲနေတတ်ပါတယ်။မနက်ခင်းမှာ ​stretching လုပ်ခြင်းက ခန္ဓာကိုယ်ကစွမ်းအင်​ ​တွေကိုမြှင့်တင်​ပေးလိုက်​ပေးသလိုဖြစ်လို့ အားအင်အပြည့်နဲ့​ရှေ့ဆက်နိုင်မှာအမှန်ပါပဲ။Stretching လုပ်တာက သွေးပူလေ့ကျင့်ခန်းတစ်ခု‌ဆိုပေမယ့် အလွန်အကျွံလုပ်မိတဲ့အခါ ကြွက်သားနာကျင်မှုတွေ ဖြစ်နိုင်တာကို သတိပြုရပါမယ်​နော်။

ကဲ အခုဆိုရင် Stretching လုပ်တာက ဘယ်လို​ကောင်းကျိုး​တွေ ရှိတယ် ဆိုတာကို  သိပြီဆို​တော့ အ​လေ့အကျင့်တစ်ခုအ​နေနဲ့ စပြီးလုပ်ကြည့်ကြရ​အောင်​နော်။

Ref : Ascend Fitness #akhayarlifestyle #healthtips #stretching #lifestyle

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ