အိမ်ကွင်းဂိုးပေါက်ပျောက်မှတ်တမ်းဆိုးနဲ့အတူ (၃)ရာသီအတွင်း ဒုတိယအကြိမ်တန်းဆင်းသွားတဲ့ လက်စတာ

အိမ်ကွင်းဂိုးပေါက်ပျောက်မှတ်တမ်းဆိုးနဲ့အတူ (၃)ရာသီအတွင်း ဒုတိယအကြိမ်တန်းဆင်းသွားတဲ့ လက်စတာ

လက်စတာစီးတီးအသင်းဟာ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် လက်စတာ(၀-၁)လီဗာပူးလ်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်းလက်မှတ်ရရှိသွားခဲ့ပါတယ်။

လက်စတာအသင်းဟာ နောက်ဆုံး(၃)ရာသီအတွင်း ဒုတိယမြောက် တန်းဆင်းခဲ့ရတာလည်းဖြစ်ပြီး အိမ်ကွင်းမှာ ဆိုးရွားတဲ့ စံချိန်မှတ်တမ်းတစ်ခုလည်း တင်ခဲ့ပါတယ်။

လက်စတာအသင်းဟာ အိမ်ကွင်းမှာ(၉)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ အဆိုးရွားဆုံးအိမ်ကွင်းဂိုးပေါက်ပျောက်ဆုံးမှုအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

နာမည်ကျော်တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းရဲ့လက်ထက်မှာ လက်စတာအသင်းအနေနဲ့ ဆိုးရွားတဲ့ဂိုးမှတ်တမ်းနဲ့အတူ ရလဒ်ဆိုးတွေကိုသာ ရရှိခဲ့တာဖြစ်ပါတယ်။

လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲသက်တမ်းတစ်လျှောက်မှာ (၅)ကြိမ်မြောက်တန်းဆင်းခဲ့တာဖြစ်ပြီး ၁၉၉၅၊ ၂၀၀၂၊ ၂၀၀၄၊ ၂၀၂၃၊ ၂၀၂၅ ခုနှစ်တွေမှာ တန်းဆင်းလက်မှတ်ရခဲ့တာပါ။

ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ လက်စတာအသင်းဟာ ဒုတိယအကြိမ်အများဆုံးတန်းဆင်းတဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး နောဝစ်ချ်(၆ ကြိမ်)ပြီးရင် အများဆုံးအဖြစ် ဝက်စ်ဘရွန်းအသင်းနဲ့အတူ ပူးတွဲမှတ်တမ်းဝင်နေတာဖြစ်ပါတယ်။

Read more

နိုင်ငံဥပဒေကို AI နဲ့ ရေးသားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

နိုင်ငံဥပဒေကို AI နဲ့ ရေးသားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

ဒီသတင်းက ဧပြီ ၂၂ တည်းကမို့ နည်းနည်းကြာပြီဆိုတော့ သိပြီးတဲ့သူတွေတောင်ရှိလောက်ပါတယ်။ UAE အစိုးရကနေ နိုင်ငံရဲ့ ဥပဒေနဲ့ပတ်သက်ပြီး ဥပဒေအသစ်တွေရေးသားခြင်းနဲ့ ပြုပြင်ပြောင်းလဲ

US မှာ AI နည်းပညာအတွက် Supercomputer များတည်ဆောက်မည့် NVIDIA

US မှာ AI နည်းပညာအတွက် Supercomputer များတည်ဆောက်မည့် NVIDIA

NVIDIA သည် အမေရိကန်ပြည်ထောင်စုအတွင်း၌ AI supercomputers များကို ပထမဆုံးအကြိမ်အဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ၎င်းစီမံကိန်းတွင် TSMC၊ Foxconn၊ Wistron၊ Amkor နှင့် SPIL တို့နှင့

ဘာသာရေးအရ အရက်သေစာရှောင်တဲ့ဆာလာကိုပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံချိန်မှာနူနက်ဇ် ဘီယာနဲ့လောင်းခဲ့

ဘာသာရေးအရ အရက်သေစာရှောင်တဲ့ဆာလာကိုပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံချိန်မှာနူနက်ဇ် ဘီယာနဲ့လောင်းခဲ့

လီဗာပူးလ်အသင်းက စပါးအသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံအဖြစ်‌အောင်ပွဲခံချိန်မှာ ဥရုဂွေးတိုက်စစ်မှူးဒါဝင်နူနက်ဇ်ဟာ အီဂျ

Man City (2 -0) Nottingham Forest    FA Cup (Semi Final)  Highlight

Man City (2 -0) Nottingham Forest FA Cup (Semi Final) Highlight

0:00 /0:34 1× ■ Video - မနေ့ကကစားခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ် မန်စီးတီး(၂-၀)နော်တင်ဂမ်ဖောရက်စ်ပွဲမှာ မန်စီးတီးအသင်းအတွက် ပွဲအစ(၂)မိနစ်မှာ ရီကိုလူးဝစ်သွင်းယူခဲ့တဲ