AI သူငယ်ချင်းတွေရတော့မယ့် Facebook user တွေ

“ စစ်မှန်တဲ့ သူငယ်ချင်းတွေဆိုတာ ရှားပါးလာပြီ။​ AI Bot တွေက သင့်အတွက် စစ်မှန်တဲ့ သူငယ်ချင်းတွေ ဖြစ်လာမှာပါ” လို့ Meta ကတော့ ပြောလာပါပြီ။ 

AI Bot တွေဟာ Facebook မှာ account တစ်ခုအနေနဲ့ ရှိနေမှာပါ။ ကိုယ်တွေ facebook သုံးသလိုပဲ ပရိုဖိုင်တွေ Personal Bios တွေကအစ ရှိမှာဖြစ်ပြီး သူတို့ရဲ့ account တွေမှာ content တွေ Share တာမျိုး upload လုပ်တာမျိုးတွေမှာ ရှိမှာပါ။ တစ်ခုရှိတာက Chatbox မှာလည်း စကားပြောနိုင်လား၊ Facebook post တွေမှာ comment  အပြန်အလှန်ရေးသားနိုင်လား ဆိုတာတွေတော့ အတိအကျမဖော်ပြထားသေးပါဘူး။ 

Meta ဟာ AI နဲ့ပတ်သက်ပြီး သူတို့ရဲ့ အဓိက Platform လို့ပြောလို့ရတဲ့ Facebook မှာ မနှစ်ကတည်းက AI Studio Tool, Movie Gen တို့လို Feature တွေကို မိတ်ဆက်ခဲ့တာပါ။ အဓိကရည်ရွယ်ချက်ကတော့ facebook အပါအဝင် Whatsapp, instagram နဲ့ Thread တို့မှာ အသုံးပြုသူနည်းပါးလာတာကြောင့် AI နဲ့ ဆွဲခေါ်နေတာပါပဲ။ Meta ရဲ့ အဆိုအရလည်း လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ၄င်းရဲ့ Platform တွေကို အသုံးပြုသူဝင်ရောက်လာမှုက တဖြေးဖြေးနည်းပါးလာတယ်လို့ ဆိုပါတယ်။