ကိုရီးယားအစားအစာဆို မငြင်းဆန်နိုင်တဲ့ သူတွေအတွက် သတင်းကောင်း

ကိုရီးယားအစားအစာဆို မငြင်းဆန်နိုင်တဲ့ သူတွေအတွက် သတင်းကောင်း

Admin ကတော့ ကိုရီးယားစာလို့ပြောလိုက်တာနဲ့ အိပ်နေရင်တောင် ထထိုင်တဲ့သူဆိုတော့ ဘယ်လိုမှ မငြင်းနိုင်လို့ ညနေရုံးဆင်းတဲ့အချိန် ရုံးကသူတွေနဲ့ Ahjumma Kitchen မှာ သွားစားဖြစ်ခဲ့ပါတယ်။မငြင်းနိုင်ဆို Adminက ဦးဆောင်တဲ့သူကိုး..

Ahjumma Kitchen က ကိုရီးယားအစားအစာကြိုက်တဲ့သူတွေအနေနဲ့တော့ လုံးဝမစိမ်းတဲ့ဆိုင်ပါ..အရင် ယောက်လမ်း ဘက်မှာဖွင့်ထားတဲ့ဆိုင်ကို အခု စမ်းချောင်းဘက်မှာ ပြောင်းဖွင့်ထားတာပါ။ဆိုင်က မနက်10နာရီ ကနေ ည 9 နာရီထိ ဖွင့်တာဆိုတော့ ညနေခင်းရုံးဆင်းချိန်လေးသွားရင်တော့ ကွက်တိပဲ….

ဆိုင်နေရာကလည်း သပ်သပ်ရပ်ရပ်နဲ့ Private ဆန်တာရယ်..ပြီးတော့ နေရာအပြင်အဆင်ကလည်း ကိုရီးယားဇာတ်လမ်းထဲကလိုမျိုးလေး အောက်ဘက်မှာထိုင်ရတဲ့ ပုံစံလေး ..အဲ့တာကတော့ ဆိုင်ထဲဝင်ဝင်ချင်း ပထမဆုံးသဘောကျမိတာပါပဲ…Admin တို့က အစားတစ်လိုင်း,အပြောတစ်လိုင်းတွေ များတော့ စားလိုက်၊သောက်လိုက်။စကားပြောလိုက်နဲ့ ဟန်ကျနေတော့တာပါပဲ..

Admin တို့မှာစားခဲ့တာက~ဝက်ဆလပ်၊ ထမင်းလိပ်၊Kimchi ဟင်းရည် ၊ကျောက်အိုးပူထမင်းသုပ် ၊Cheese တော့ပိုကီ၊ပဲခေါက်ဆွဲ အပြင် ပိုပြီး ကိုရီးယားဆန်သွား​အောင်လို့ Peachအရသာ နဲ့ SOJU တစ်လုံးပါမှာလိုက်ပါသေးတယ်။မကြာခင်လလည်း ကုန်တော့မှာဆိုတော့ Soju/Somaek သောက်ဖို့အကောင်းဆုံးအချိန်ပဲမလား?Pay Day နေ့မှာ ကိုရီးယားစာ လေးစားရင်း အေးအေးလူလူနဲ့ Ahjumma Kitchenမှာ Soju သောက်ရင်း Chill မယ်ဆိုရင် လုံးဝ​နောင်တရမှာမဟုတ်ပါဘူး

စိတ်ပါလာရင် စမ်းချောင်းဘက်ကို စကားလေးပြောရင်း လမ်း​လျှောက်သွားလို့ရ​တော့ ညနေခင်း က​ Perfect ဖြစ်နေတော့မှာပဲ…

Promotion အ​နေနဲ့ဆိုရင်လည်း ကိုရီးယားမှာ နာမည်ကြီးတဲ့ CASS Beer ကို‌ 50% Discount ရမှာဆိုတော့ အဆင်ပြေလွန်းလို့ သောက်ကိုသောက်ရတော့မယ့် အခြေအနေပါပဲ..

လလည်း ကုန်​တော့မှာဆိုတော့ ကိုယ့်ကိုယ်ကို ဂုဏ်ပြုရမယ်လေ..တစ်လလုံးပင်ပန်းခဲ့တာမှတ်လား? ဒီလလည်း အကောင်းဆုံးလုပ်ခဲ့တာဆိုတော့ Cheers Everyone!….

ဆိုင်နာမည်-Ahjumma Kitchen

ဆိုင်လိပ်စာကတော့~No 17,ရှင်စောပုလမ်း၊ Windsor tower ပထမထပ်၊ ဆာကူရာဆေးရုံအနီး၊စမ်းချောင်းမြို့နယ်။

ဖုန်းနံပါတ် - 09 787 006124

ဆိုင်ဖွင့်ချိန် -10AM-9PM

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ