Acumen International College (AIC) သည် NCUK နှင့်အတူပူးပေါင်းပြီး International Foundation Year ၊ International Year One နှင့် Master’s Preparation Programmes အတန်းများကိုဖွင့်လှစ်ခဲ့

Acumen International College (AIC) သည် NCUK နှင့်အတူပူးပေါင်းပြီး International Foundation Year ၊ International Year One နှင့် Master’s Preparation Programmes အတန်းများကိုဖွင့်လှစ်ခဲ့

Acumen International College (AIC) နှင့် NCUK တို့ ပူးပေါင်းပြီး  International Foundation Year Programme၊ International Year One နှင့် Master’s Preparation Programme အစီအစဉ်ကို 2022 ခုနှစ် ဇူလိုင်လ 1st ရက်နေ့ Novotel Yangon Max တွင် NCUK Programme Launching နှင့်တကွ စတင်မိတ်ဆက်ခဲ့ပါသည်။ AICမှ NCUK Programme မိတ်ဆက်ခြင်းအခမ်းအနားကို AIC ၏ Founder Mr. San Zaw Htet နှင့် NCUK ၏ တွဲဖက်ဒါရိုက်တာ Mr. Adrian Ting တို့မှတက်ရောက် ချီးမြှင့်ခဲ့ကြပြီး ဗြိတိသျှသံရုံးမှ Head Of Mission To British Embassy Yangon HMA မျက်မှောက်တွင် စာချုပ်စာတမ်းများ လဲလှယ်ခြင်းများလည်း ပြုလုပ်ခဲ့ကြပါသည်။

ဒီအစီအစဥ်လေးက အထက်တန်းကျောင်းသားများအား International Foundation Year programme နှင့် ပြည်တွင်းတွင် နိုင်ငံတကာဘွဲ့ (IYOne) ကို သက်သာသော စျေးနှုန်းများဖြင့် လေ့လာနိုင်မှာဖြစ်ပါသည်။  Acumen International College မှ  International Foundatin Year နှင့် International Year One အောင်မြင်ပြီးသား ကျောင်းသားများသည် ယူကေ၊ အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန်နှင့် ကနေဒါတို့ ရှိ NCUK တက္ကသိုလ်များသို့ တိုက်ရိုက်ဝင်ခွင့်ရရှိမှာဖြစ်ပါသည်။ Programmes များအားလုံးကို စက်တင်ဘာလမှာ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

ဒီပွဲကိုတက်ရောက်ခြင်းအားဖြင့် ကျောင်းသားများအတွက် NCUK ပညာရေးလမ်းကြောင်းများအကြောင်းနှင့် NCUK လမ်းကြောင်းများမှကတဆင့် မိမိတက်ရောက်ချင်သော တက္ကသိုလ်များသို့ တက်ရောက်နိုင်ရန်အတွက် အကြံဉာဏ်များရရှိခဲ့ပါသည်။ AIC တည်ထောင်သူက ကျောင်းသားများနှင့် မိဘများအား NCUK အစီအစဉ်အကြောင်း လေးနက်စွာရှင်းပြခဲ့ပါသည်။ ကျောင်းသားများသည် AIC ကောလိပ်၏ပညာရေးအတိုင်ပင်ခံများနှင့် တွေ့ဆုံခဲ့ပြီး  သူတို့၏ အနာဂတ်လမ်းကြောင်းများနှင့် အစီအစဉ်များအကြောင်း ဆွေးနွေးခဲ့ကြပါသည်။

Acumen International College ၏ မန်နေဂျင်းဒါရိုက်တာ Mr. San Zaw Htet က လည်းအခုလိုပြောကြားခဲ့ပါသည်။
“Acumen International College မှ ကြိုဆိုပါတယ်။ AIC သည် ကျောင်းသားများအား မတူညီသည့် ပညာရေးစနစ်နှင့် လူမှုပတ်ဝန်းကျင်ကို ပေးဆောင်လျက်ရှိနေပါတယ်။ AIC သည်ကျွန်ုပ်တို့၏ကျောင်းသားများအတွက်  အနာဂတ်တက်လမ်းတိုးတက်စေမည့် ပညာရေးခရီးကိုစတင်ရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းတက္ကသိုလ်များသို့ဝင်ခွင့်ရရှိရန်အတွက် ပြီးပြည့်စုံသော ဝန်ဆောင်ပေးမည်ဟုလည်း ယုံကြည်ထားပါတယ်”

NCUK မှ တွဲဖက်ဒါရိုက်တာ Mr. Adrian Ting က
“Acumen International College နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံတစ်ဝှမ်းနှင့် မြန်မာနိုင်ငံ အနီးတစ်ဝှက်ကျောင်းသားများအတွက် ကမ္ဘာ့အဆင့်မီ ဘာသာရပ်များကို ရွေးချယ်စရာများသော ပညာရေးလမ်းကြောင်းများကို ပေးဆောင်နိုင်မှာဖြစ်ပါတယ်။ဒီ NCUK Programme များမှာ မြန်မာနိုင်ငံတစ်ဝှမ်းမှ ရည်မှန်းချက်ကြီးပြီး အရည်အချင်းရှိသော ကျောင်းသားများကို လည်း ကြိုဆိုလျက်ရှိပါတယ်။ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကျွန်ုပ်တို့နှင့်အတူလက်တွဲလုပ်ဆောင်နေသော တက္ကသိုလ်များကလည်း ကြိုဆိုနေပါသေးတယ် ” ဟုပြောကြားခဲ့ပါသည်။

Kelly - Akhayar Lifestyle

Read more

နိုင်ငံဥပဒေကို AI နဲ့ ရေးသားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

နိုင်ငံဥပဒေကို AI နဲ့ ရေးသားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ

ဒီသတင်းက ဧပြီ ၂၂ တည်းကမို့ နည်းနည်းကြာပြီဆိုတော့ သိပြီးတဲ့သူတွေတောင်ရှိလောက်ပါတယ်။ UAE အစိုးရကနေ နိုင်ငံရဲ့ ဥပဒေနဲ့ပတ်သက်ပြီး ဥပဒေအသစ်တွေရေးသားခြင်းနဲ့ ပြုပြင်ပြောင်းလဲ

US မှာ AI နည်းပညာအတွက် Supercomputer များတည်ဆောက်မည့် NVIDIA

US မှာ AI နည်းပညာအတွက် Supercomputer များတည်ဆောက်မည့် NVIDIA

NVIDIA သည် အမေရိကန်ပြည်ထောင်စုအတွင်း၌ AI supercomputers များကို ပထမဆုံးအကြိမ်အဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ၎င်းစီမံကိန်းတွင် TSMC၊ Foxconn၊ Wistron၊ Amkor နှင့် SPIL တို့နှင့

ဘာသာရေးအရ အရက်သေစာရှောင်တဲ့ဆာလာကိုပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံချိန်မှာနူနက်ဇ် ဘီယာနဲ့လောင်းခဲ့

ဘာသာရေးအရ အရက်သေစာရှောင်တဲ့ဆာလာကိုပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံချိန်မှာနူနက်ဇ် ဘီယာနဲ့လောင်းခဲ့

လီဗာပူးလ်အသင်းက စပါးအသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံအဖြစ်‌အောင်ပွဲခံချိန်မှာ ဥရုဂွေးတိုက်စစ်မှူးဒါဝင်နူနက်ဇ်ဟာ အီဂျ

Man City (2 -0) Nottingham Forest    FA Cup (Semi Final)  Highlight

Man City (2 -0) Nottingham Forest FA Cup (Semi Final) Highlight

0:00 /0:34 1× ■ Video - မနေ့ကကစားခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ် မန်စီးတီး(၂-၀)နော်တင်ဂမ်ဖောရက်စ်ပွဲမှာ မန်စီးတီးအသင်းအတွက် ပွဲအစ(၂)မိနစ်မှာ ရီကိုလူးဝစ်သွင်းယူခဲ့တဲ