အစ်ဝစ်ခ်ျနဲ့ ပွဲမှာရခဲ့တဲ့ ဆာကာရဲ့ဒဏ်ရာပြင်းထန်မှုမရှိဘူးလို့ နည်းပြအာတီတာဆို

အစ်ဝစ်ခ်ျနဲ့ ပွဲမှာရခဲ့တဲ့ ဆာကာရဲ့ဒဏ်ရာပြင်းထန်မှုမရှိဘူးလို့ နည်းပြအာတီတာဆို

အာဆင်နယ်အသင်းက အစ်ဝစ်ခ်ျအသင်းကို (၄-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမား ‌ဆာကာရဲ့ဒဏ်ရာဟာ ပြင်းထန်မှုမရှိဘူးလို့ အာဆင်နယ်အသင်းနည်းပြအာတီတာက ဆိုခဲ့ပါတယ်။ ဆာကာဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကို ခံရပြီးနောက် ကြိုတင်ကာကွယ်မှုအနေနဲ့ ပွဲချိန်(၅၇)မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။

ဆာကာဟာ အရန်ခုံတန်းပေါ်မှာ သူ့ရဲ့ခြေချင်းဝတ်ကို ရေခဲနဲ့ပတ်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒဏ်ရာကြောင့် (၄)လနီးပါးကြာအနားယူခဲ့ရတဲ့ ဆာကာဟာ မကြာသေးခင်ကမှ အာဆင်နယ်အသင်းအတွက် ပြန်ပါဝင်ကစားနိုင်ခဲ့တာဖြစ်ပြီး နောက်ထပ်ဒဏ်ရာရရှိမှာကို အာဆင်နယ်အသင်းပရိသတ်တွေက စိုးရိမ်မှုတွေရှိနေတာပါ။ ဒါပေမယ့် အာဆင်နယ်အသင်းနည်းပြအာတီတာက ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆာကာရဲ့ဒဏ်ရာမပြင်းထန်ဘူးလို့ပြောကာ ဒဏ်ရာအခြေအနေစိုးရိမ်မှုတွေကို ဖြေလျော့ပေးခဲ့ပါတယ်။

အာတီတာက "ရည်ရွယ်ချက်ရှိတဲ့ ဖျက်ထုတ်မှုလို့မထင်ပေမယ့် အန္တရာယ်ရှိပါတယ်။ ဒိုင်လူကြီးက ဆုံးဖြတ်ချက်ချခဲ့ပြီး ဒါကရှင်းပါတယ်။ ဆာကာဟာ အနည်းငယ်နာကျင်နေပေမယ့် ပြင်းထန်မှုမရှိတဲ့အတွက် ကောင်းပါတယ်"လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်အပတ်မှာ PSG အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒဏ်ရာကြောင့်အနားယူနေရတဲ့ ကစားသမားတွေကလွဲပြီး ကစားသမားအားလုံးဒဏ်ရာကင်းစင်နေဖို့ မျှော်လင့်နေပါတယ်။ အာဆင်နယ်အသင်းဟာ ကြားရက်ထဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Read more

ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးလီဝန်ဒေါစကီးရဲ့နေရာမှာအစားထိုးဖို့အတွက် အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗားရက်ဇ်ကို အက်သလက်တီကိုမက်ဒရစ်အသင်းကနေ အံ့အားသင့်ဖွ

ဖလားဗိုလ်လုပွဲတွေမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဖလား(၇)ခုဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဟန်ဆီဖလစ်

ဖလားဗိုလ်လုပွဲတွေမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဖလား(၇)ခုဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဟန်ဆီဖလစ်

ဘာစီလိုနာအသင်းနည်းပြဟန်ဆီဖလစ်ဟာ ဖလားဗိုလ်လုပွဲတွေ ယှဉ်ပြိုင်ရင် ဘယ်တော့မှ မရှုံးတဲ့သူရဲ့မှတ်တမ်းကောင်းကို စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဆက်လက်ထိန်းသိ

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါဖလားရယူနိုင်မယ့်ပွဲကို ဟာရီကိန်းပွဲပယ်ကြောင့် လွဲချော်

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါဖလားရယူနိုင်မယ့်ပွဲကို ဟာရီကိန်းပွဲပယ်ကြောင့် လွဲချော်

ဘိုင်ယန်မြူးနစ်အသင်းက မိန့်ဇ်အသင်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ အဝါကတ်ပြခံခဲ့ရတဲ့ အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်

Copa del Rey ဆုပေးပွဲမှာ စပိန်ဘုရင်ကို မလေးမစားပြုမူခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ လာမင်းယာမားလ်

Copa del Rey ဆုပေးပွဲမှာ စပိန်ဘုရင်ကို မလေးမစားပြုမူခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ လာမင်းယာမားလ်

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ပွဲမတိုင်ခင် စပိန်ဒိုင်လူကြီးတွေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ရုပ်သံမီဒီယာတိုက်ပွဲ၊ ပွဲချိန်အတွင်း ရီးရဲလ်ကစားသမားတွေနဲ