အစ်ဝစ်ချ်အသင်းရဲ့ဒုတိယဂိုးအတွက် ချယ်လ်ဆီးပရိသတ်တွေကို နည်းပြမာရက်စ်ကာပြစ်တင်

အစ်ဝစ်ချ်အသင်းရဲ့ဒုတိယဂိုးအတွက် ချယ်လ်ဆီးပရိသတ်တွေကို နည်းပြမာရက်စ်ကာပြစ်တင်

မနေ့က ကစားခဲတဲ့ ချယ်လ်ဆီး(၂-၂)အစ်ဝစ်ချ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အစ်ဝစ်ချ်အသင်းသွင်းယူခဲ့တဲ့ ဒုတိယဂိုးအတွက် အီတလီလူမျိုးနည်းပြမာရက်စ်ကာက ချယ်လ်ဆီးအသင်းပရိသတ်တွေကို အပြစ်တင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ အစ်ဝစ်ချ်အသင်းရဲ့(၂-၀)ဂိုးနဲ့ဦးဆောင်ခြင်းကို ခံခဲ့ရပြီး ဒုတိယပိုင်းမှာ ချေပဂိုး(၂)ဂိုးပြန်သွင်းနိုင်ခဲ့တဲ့အတွက် သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပြီး ဒီရလဒ်ကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၆)နေရာအထိ ကျဆင်းသွားခဲ့တာပါ။

ဒီပွဲမှာ ချယ်လ်ဆီးဂိုးသမားဆန်းချက်ဇ်ဟာ နည်းပြမာရက်စ်ကာရဲ့နည်းစနစ်ကိုဆန့်ကျင်ပြီး ဘောလုံးကို အနီးပေးရမယ့်အစား အဝေးကိုကန်တင်ခဲ့တာကြောင့် အစ်ဝစ်ချ်အသင်းရဲ့ဒုတိယသွင်းဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ မာရက်စ်ကာက ဂိုးသမားဆန်းချက်ဇ်ကို ကာကွယ်ပြီး ပရိသတ်တွေရဲ့လှောင်ပြောင်မှုကြောင့် အမှားအယွင်းပြုလုပ်ခဲ့တယ်လို့အဓိပ္ပါယ်ရတဲ့ စကားကို ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

မာရက်စ်ကာက"ပတ်ဝန်းကျင်ကြောင့် ကျွန်တော်တို့ဟာ အဝေးကိုကန်ပေးဖို့ဆုံးဖြတ်ခဲ့ပြီး ဒါကြောင့် ဂိုးပေးခဲ့ရတာပါ။ ကျွန်တော်တို့ဟာ သန်မာဖို့လိုပြီး လုပ်စရာရှိတဲ့အလုပ်ကို ဆက်လုပ်ရမှာပါ။ ကျွန်တော်တို့ဟာ ပရိသတ်တွေအားပေးမှုရှိရင် သန်မာတယ်လို့ အကြိမ်ကြိမ်ပြောဖူးပါတယ်။ ဒီလိုအခြေအနေမှာ ပရိသတ်တွေမပျော်ရွှင်ဘူးဆိုတာ သိပေမယ့် ကျွန်တော်တို့အတွက် သူတို့ရဲ့အားပေးမှုပိုလိုအပ်ပါတယ်"လို့ ဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်(၅)နေရာအထိ ရရှိထားတာကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ အဆင့်(၅)အတွင်းဝင်ရောက်ပြီး ရာသီအဆုံးသတ်နိုင်ဖို့ လက်ကျန်ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေရယူနိုင်ဖို့လိုအပ်နေတာပါ။ ချယ်လ်ဆီးအသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Read more

ဒွန်နာရမ်မာကို မကျော်ဖြတ်နိုင်လို့ အိမ်ကွင်းမှာ PSG ကို ရှုံးခဲ့ရတဲ့ အာဆင်နယ်အသင်း

ဒွန်နာရမ်မာကို မကျော်ဖြတ်နိုင်လို့ အိမ်ကွင်းမှာ PSG ကို ရှုံးခဲ့ရတဲ့ အာဆင်နယ်အသင်း

ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်)ပထမအကျော့ ------------------------------------------- အာဆင်နယ် (၀-၁) PSG ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်)ပထမအကျော့မှာ အာဆင်နယ်အသင်းဟာ IFFHS ရဲ့လက်ရှိအကောင်းဆုံးဂိုးသမားအဖြစ်သတ်မှတ်

အုပ်စုအဆင့်ထိပ်ဆုံးအသင်းတွေသာ လွဲချော်ပြီး အဆင့်(၂၊ ၃၊ ၄)အသင်းတွေ မလွဲခဲ့တဲ့ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်

အုပ်စုအဆင့်ထိပ်ဆုံးအသင်းတွေသာ လွဲချော်ပြီး အဆင့်(၂၊ ၃၊ ၄)အသင်းတွေ မလွဲခဲ့တဲ့ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်

ဒီရာသီချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့တဲ့အသင်း(၈)သင်း (ပြိုင်ပွဲတစ်ခု ၄ သင်းစီ)ကို ပြန်လေ့လာကြည့်မယ်ဆိုရင် အုပ်စု

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းနဲ့ နည်းပြအာနီဆလော့ကို ကလောပ့်ဂုဏ်ပြု

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းနဲ့ နည်းပြအာနီဆလော့ကို ကလောပ့်ဂုဏ်ပြု

လီဗာပူးလ်အသင်းနည်းပြဟောင်း ကလောပ့်က ၂၀၂၄-၂၅ ရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ သူ့ရဲ့အသင်းဟောင်း လီဗာပူးလ်အသင်းနဲ့ သူ့ရဲ့နေရာမှာဆက်ခံခဲ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်) ပထမအကျော့ အာဆင်နယ် - PSG (30 April 2025/ 1:30 am) ဒီရာသီမှာ အာဆင်နယ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဒုတိယအသင်း၊ PSG က ပြင်သစ်လိ