အစ်ကိုဖြစ်သူရဲ့ခြေရာကို နင်းပြီး ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုရခဲ့တဲ့ ဂျုပ်ဘ်ဘယ်လင်ဂမ်

အစ်ကိုဖြစ်သူရဲ့ခြေရာကို နင်းပြီး ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုရခဲ့တဲ့ ဂျုပ်ဘ်ဘယ်လင်ဂမ်

ချန်ပီယံရှစ်၊ လိဂ်ဝမ်း၊ လိဂ်တူးအစရှိတဲ့ အင်္ဂလန်ဘောလုံးလိဂ်(EFL)ပြိုင်ပွဲအသီးသီးရဲ့အကောင်းဆုံးဆုတွေကို မနေ့က ချီးမြှင့်ခဲ့ရာမှာ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ် ရှက်ဖီးယူနိုက်တက်ကွင်းလယ်လူဂူစတာဗိုဟာမာက ရွေးချယ်ခံခဲ့ရပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကိုတော့ ဆန်းဒါးလန်းအသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမားဂျုပ်ဘ်ဘယ်လင်ဂမ်က ဆွတ်ခူးရရှိခဲ့ပါတယ်။

EFL ဆုပေးပွဲမှာ ပရီးမီးယားလိဂ်ရဲ့အောက်က လိဂ်အတန်း(၃)ခုရဲ့အကောင်းဆုံးဆုအသီးသီးကို ကြေညာခဲ့တာဖြစ်​ပေမယ့် ဂျုပ်ဘ်ဘယ်လင်ဂမ် ဆွတ်ခူးရရှိခဲ့တဲ့ ချန်ပီယံရှစ်ပြိုင်ပွဲ အကောင်းဆုံးလူငယ်ကစားသမားဆုအကြောင်းကိုပဲ ဥရောပမီဒီယာတွေက အသားပေးဖော်ပြခဲ့ကြပါတယ်။

အသက်(၁၉)နှစ်အရွယ် ဂျုပ်ဘ်ဘယ်လင်ဂမ်အနေနဲ့ အစ်ကိုဖြစ်သူ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဂမ်ရဲ့ခြေရာကို နင်းနိုင်ခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဂျုဒ်ဘယ်လင်ဂမ်ဟာ အရင် ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းမှာ ကစားခဲ့စဉ် ၂၀၁၉-၂၀ ဘောလုံးရာသီက ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကို ဆွတ်ခူးခဲ့ဖူးပြီး အခု ညီဖြစ်သူ ဂျုပ်ဘ်ဘယ်လင်ဂမ်က နောက်(၅)နှစ်အကြာမှာ ဒီဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။

အရင်အစ်ကိုဖြစ်သူ ဂျုဒ်ဘယ်လင်ဂမ်ကစားခဲ့တဲ့ ဘာမင်ဂမ်အသင်းမှာ (၂)ရာသီကစားခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဆန်းဒါးလန်းအသင်းကို ပြောင်းရွှေ့ကာ ဒုတိယရာသီကို ဖြတ်သန်းနေတဲ့ ဂျုပ်ဘ်ဘယ်လင်ဂမ်အနေနဲ့ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အလားအလာအကောင်းဆုံးလူငယ်ကစားသမားတစ်ဦးအဖြစ် သူ့ရဲ့ကစားသမားဘ၀ကို တည်ဆောက်နေပြီး ဥရောပအသင်းကြီးတွေရဲ့ ပစ်မှတ်ကစားသမားဖြစ်နေသူလည်း ဖြစ်ပါတယ်။

အစ်ကိုဖြစ်သူ ဂျုဒ်ဘယ်လင်ဂမ်ကစားနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူတွေက ညီဖြစ်သူဂျုပ်ဘ်ဘယ်လင်ဂမ်ကို ခေါ်ယူပြီး အသင်းမှာ ညီအစ်ကိုနှစ်ဦးတွဲကစားစေဖို့ စဉ်းစားနေတယ်လို့ သတင်းတွေထွက်ဖူးသလို၊ အခု ချန်ပီယံရှစ်ပြိုင်ပွဲ အကောင်းဆုံးလူငယ်ကစားသမားဆုရအပြီးမှာ သူ့ကိုခေါ်ယူဖို့ အလှုပ်ရှားဆုံးဖြစ်လာတာက မန်ယူနိုက်တက်အသင်းဖြစ်နေတာကို တွေ့ရပါတယ်။

ဂျုပ်ဘ်ဘယ်လင်ဂမ်အနေနဲ့ အစ်ကိုဖြစ်သူခြေရာကို ဆက်နင်းပြီး ရီးရဲလ်မက်ဒရစ်အသင်းကိုရောက်လာမလား ... ဘယ်နာမည်ကြီးအသင်းရဲ့ကစားသမားဖြစ်လာမလဲဆိုတာက မကြာခင် အဖြေထွက်ပေါ်လာဖွယ်ရှိပါတယ်။

Read more

လက်ရှိဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးနဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ (၃)ဂိုးသာလိုတော့တဲ့ယာမားလ်

လက်ရှိဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးနဲ့ မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ (၃)ဂိုးသာလိုတော့တဲ့ယာမားလ်

ဒီရာသီ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ပြိုင်ပွဲစုံဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ဘာစီလိုနာအသင်းရဲ့အသက်(၁၇)နှစ်အရွယ် လူငယ်ကစားသမား လာမင်းယာမားလ်က ဦးဆောင်နေ

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ရူဒီဂါရဲ့အပြုအမူက လက်ခံနိုင်စရာမရှိဘူးလို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) ဝေဖန်

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ရူဒီဂါရဲ့အပြုအမူက လက်ခံနိုင်စရာမရှိဘူးလို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB) ဝေဖန်

ဘာစီလိုနာအသင်းက ရီးရဲလ်မက်ဒရစ်အသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲစဉ်က ဂျာမနီလက်ရွေးစင်အသင်းရဲ့ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူ ရူဒီ

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ ဒေါသတကြီးပြစ်တင်မှုကို ရင်ဆိုင်နေရတဲ့ ဘယ်လင်ဂမ်

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ ဒေါသတကြီးပြစ်တင်မှုကို ရင်ဆိုင်နေရတဲ့ ဘယ်လင်ဂမ်

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေဟာ အချစ်ကြီးသလို အမုန်းကြီးသူတွေလို့ ပြောရင်မမှားနိုင်ပါဘူး။ အိမ်ကွင်းဘာနေဗျူးကွင်းမှာ မိမိချစ်ခင်နှစ်သက်တဲ့ကစားသမားကို တစ်ကွ

ဒေါ်လာ 300 မပြည့်တဲ့ CMF Phone 2 Pro က ကျွတ်ဆင်ကြီးလား

ဒေါ်လာ 300 မပြည့်တဲ့ CMF Phone 2 Pro က ကျွတ်ဆင်ကြီးလား

ဧပြီ 28 မှာ မိတ်ဆက်သွားမယ်လို့ ပြောခဲ့တဲ့ CMF Phone 2 Pro ကတော့ အပြောင်းအလဲများစွာနဲ့အတူ မိတ်ဆက်လာပါတယ်။ ခေါင်းစဉ်မှာပြောထားသလိုပဲ ကျွတ်ဆင်ကြီးပဲ အပြောင်းအလဲတွေကတော့... Nothing အနေ