အာဆင်နယ်အသင်းဖော်ဟောင်း(၂)ဦး ပြိုင်ဘက်နည်းပြတွေအဖြစ် ပြန်ရင်ဆိုင်ကြရမယ့်ပွဲ

အာဆင်နယ်အသင်းဖော်ဟောင်း(၂)ဦး ပြိုင်ဘက်နည်းပြတွေအဖြစ် ပြန်ရင်ဆိုင်ကြရမယ့်ပွဲ

၂၀၁၀ ကျော်ခုနှစ်တွေက အာဆင်နယ်အသင်းရဲ့ကွင်းလယ်မှာ အတွဲညီခဲ့တဲ့ ကစားသမား(၂)ဦးဖြစ်တဲ့ အာရွန်ရမ်ဆေးနဲ့ ဂျက်ဝီလ်ရှိုင်းယားတို့ကို ပရိသတ်တွေအမှတ်ရနေဦးမှာပါ။

အသက်(၃၄)နှစ်အရွယ်ရှိတဲ့ အာရွန်ရမ်ဆေးနဲ့ အသက်(၃၃)နှစ်အရွယ်ရှိတဲ့ ဂျက်ဝီလ်ရှိုင်းယားတို့ဟာ သူတို့ရဲ့ကလပ်အသင်းနည်းပြဘ၀အစကို (၃)ရက်သာခြားကာ အတူတူ စတင်ခဲ့ရပြီး မကြာမီရက်ပိုင်းမှာ ပြိုင်ဘက်နည်းပြတွေအဖြစ် သူတို့(၂)ဦးရင်ဆိုင်ကြတာကို ပရိသတ်တွေ တွေ့ရတော့မှာပါ။

ဂျက်ဝီလ်ရှိုင်းယားက ၂၀၂၂ ခုနှစ်မှာ ဘောလုံးကစားခြင်းက အနားယူသွားပေမယ့် အာရွန်ရမ်ဆေးက အခုအချိန်အထိ အနားမယူသေးဘဲ ဝေးလ်စ်ကလပ် ကာဒစ်ဖ်စီးတီးအသင်းမှာ ကစားသမားတစ်ဦးအဖြစ် ကစားနေသူပါ။

ကာဒစ်ဖ်စီးတီးအသင်းဟာ ရလဒ်ဆိုးတွေကြောင့် ပြီးခဲ့တဲ့ ဧပြီ(၁၉)ရက်နေ့မှာ အသင်းနည်းပြအိုမာရီဇာကို ရာထူးကထုတ်ပယ်လိုက်ပါတယ်။အဲဒီနောက် အသင်းရဲ့ဝါရင့်ကွင်းလယ်လူ ရမ်ဆေးကို ဒီရာသီလက်ကျန်ပွဲတွေကိုင်တွယ်ဖို့ ကစားသမား/နည်းပြအဖြစ် (ယာယီ)ခန့်အပ်လိုက်ပါတယ်။ ရမ်ဆေးဟာ ဒီတစ်ပတ်ချန်ပီယံရှစ်ပွဲစဉ် ကာဒစ်ဖ်(၁-၁)အောက်စ်ဖို့ဒ်ပွဲမှာ ကာဒစ်ဖ်အသင်း(ယာယီ)နည်းပြအဖြစ် စတင်ကိုင်တွယ်ခဲ့ရပြီး ရှုံးပွဲဆက်နေတဲ့အသင်းကို ရှုံးပွဲရပ်တန့်အောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဂျက်ဝီလ်ရှိုင်းယားကတော့ ကစားသမားဘ၀က အနားယူပြီးနောက် အာဆင်နယ်အကယ်ဒမီမှာ နည်းပြအဖြစ်ဆောင်ရွက်နေရာကနေ ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာလမှာ သူ့ရဲ့အသင်းဟောင်း နော်ဝစ်ချ်အသင်းမှာ လက်ထောက်နည်းပြအဖြစ် ပြောင်းလဲတာဝန်ယူနေတာပါ။

မနေ့ (ဧပြီ ၂၂ ရက်)က နော်ဝစ်ချ်အသင်းဟာ နည်းပြဖြစ်သူ ဟော့ဖ်သိုရပ်ကို ရာထူးကထုတ်ပယ်ခဲ့ပြီး လက်ထောက်နည်းပြဝီလ်ရှိုင်းယားကို ရာသီလက်ကျန်(၂)ပွဲကိုင်တွယ်ဖို့ (ယာယီ)ခန့်အပ်လိုက်ပါတယ်။

ရမ်ဆေးရဲ့ကာဒစ်ဖ်အသင်းက တန်းဆင်းဇုန်ထဲရောက်နေပြီး အဆင့်(၂၃)မှာ ရှိနေပေမယ့် ဝီလ်ရှိုင်းယားရဲ့နော်ဝစ်ချ်အသင်းကတော့ အဆင့်(၁၄)မှာ တန်းလည်းမတက်၊ တန်းလည်းမဆင်းအနေအထားပါ။

ဒီအသင်း(၂)သင်းက ရာသီနောက်ဆုံးအဆုံးသတ်ပွဲစဉ်မှာ ထိပ်တိုက်တွေ့နေပြီး လာမယ့် မေလ(၃)ရက်နေ့မှာ ကစားကြရမှာ ဖြစ်တာကြောင့် ရမ်ဆေးနဲ့ ဝီလ်ရှိုင်းယားတို့ ပြိုင်ဘက်နည်းပြတွေအဖြစ် ရင်ဆိုင်ရတော့မှာပါ။

ဒီပွဲမှာ အမှတ်မလိုတော့တဲ့ ဝီလ်ရှိုင်းယားက ရမ်ဆေးကို ကူညီတဲ့အနေနဲ့ အမှတ်ပေးမလား ... တစ်ချိန်က အာဆင်နယ်အသင်းမှာ ကစားဖော်တွေအဖြစ်ရော သူငယ်ချင်းမိတ်ဆွေ၊ ညီရင်းအစ်ကိုတွေလိုပါ ချစ်ခင်ခဲ့ကြတဲ့ သူတို့(၂)ဦး ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရာမှာ ဘယ်သူ့က ဘယ်သူ့ကို အနိုင်ယူမလဲ စိတ်ဝင်စားစရာပါပဲ။

Read more

ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

ဒီနေ့ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးလီဝန်ဒေါစကီးရဲ့နေရာမှာအစားထိုးဖို့အတွက် အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗားရက်ဇ်ကို အက်သလက်တီကိုမက်ဒရစ်အသင်းကနေ အံ့အားသင့်ဖွ

ဖလားဗိုလ်လုပွဲတွေမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဖလား(၇)ခုဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဟန်ဆီဖလစ်

ဖလားဗိုလ်လုပွဲတွေမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဖလား(၇)ခုဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဟန်ဆီဖလစ်

ဘာစီလိုနာအသင်းနည်းပြဟန်ဆီဖလစ်ဟာ ဖလားဗိုလ်လုပွဲတွေ ယှဉ်ပြိုင်ရင် ဘယ်တော့မှ မရှုံးတဲ့သူရဲ့မှတ်တမ်းကောင်းကို စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဆက်လက်ထိန်းသိ

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါဖလားရယူနိုင်မယ့်ပွဲကို ဟာရီကိန်းပွဲပယ်ကြောင့် လွဲချော်

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါဖလားရယူနိုင်မယ့်ပွဲကို ဟာရီကိန်းပွဲပယ်ကြောင့် လွဲချော်

ဘိုင်ယန်မြူးနစ်အသင်းက မိန့်ဇ်အသင်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ အဝါကတ်ပြခံခဲ့ရတဲ့ အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်

Copa del Rey ဆုပေးပွဲမှာ စပိန်ဘုရင်ကို မလေးမစားပြုမူခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ လာမင်းယာမားလ်

Copa del Rey ဆုပေးပွဲမှာ စပိန်ဘုရင်ကို မလေးမစားပြုမူခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ လာမင်းယာမားလ်

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ပွဲမတိုင်ခင် စပိန်ဒိုင်လူကြီးတွေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ရုပ်သံမီဒီယာတိုက်ပွဲ၊ ပွဲချိန်အတွင်း ရီးရဲလ်ကစားသမားတွေနဲ