အားလုံးမျှော်လင့်ထားတဲ့အတိုင်း ပရီးမီးယားလိဂ်ကိုအတူတူ တန်းတက်လာတဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ဘန်လေ

အားလုံးမျှော်လင့်ထားတဲ့အတိုင်း ပရီးမီးယားလိဂ်ကိုအတူတူ တန်းတက်လာတဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ဘန်လေ

ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက်နဲ့ ဘန်လေအသင်းတို့ဟာ မနေ့က ကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲစဉ်(၄၄)မှာ ပြိုင်ဘက်တွေကို အသီးသီးအနိုင်ယူခဲ့ပြီးနောက် ရမှတ်(၉၄)မှတ်စီနဲ့အတူ ပရီးမီးယားလိဂ်ကို တပြိုင်တည်းအတူတူတန်းတက်လာကြပါတယ်။

လိဒ်စ်ယူနိုက်တက်က စတုတ်စီးတီးအသင်းကို အိမ်ကွင်းမှာဂိုးဒါဇင်ဝက်သွင်းပြီး (၆-၀)ဂိုး၊ ဘန်လေက ရှက်ဖီးယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ(၂-၁)ဂိုးတို့နဲ့ အနိုင်ယူခဲ့တာပါ။

အဆင့်(၃)က ရှက်ဖီးယူနိုက်တက်အသင်းအနေနဲ့ ဘန်လေကို ရှုံးနိမ့်ခဲ့ပြီးနောက် ရမှတ်(၈၆)မှတ်သာရရှိထားတာကြောင့် လက်ကျန်ပွဲတွေမှာ အဆင့်(၁၊ ၂)က အသင်းတွေကို လိုက်မမီနိုင်ဖို့ သေချာသွားတာကြောင့် လိဒ်စ်ယူနိုက်တက်နဲ့ ဘန်လေတို့က တန်းတက်ခွင့်ကို ရယူနိုင်ခဲ့တာပါ။

အဆင့်(၁၊ ၂)က လိဒ်စ်ယူနိုက်တက်နဲ့ ဘန်လေတို့ အနိုင်ရပေမယ့် ထူးခ​ြားတာကတော့ မနေ့က ကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲတွေမှာ အဆင့်(၃)က အဆင့်(၇)အထိ အသင်းတွေဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်၊ ဆန်းဒါးလန်း၊ ဘရစ္စတိုးလ်စီးတီး၊ ကိုဗင်ထရီ၊ မစ်ဒယ်ဘရော့ အစရှိတဲ့အသင်းအားလုံး ရှုံးပွဲတွေ့ခဲ့ကြတာပါ။ ပရီးမီးယားလိဂ်တန်းတက်ခွင့်တစ်နေရာကျန်သေးပြီး ဒီအသင်းတွေအနေနဲ့ Play-offs ဝင်ခွင့်နေရာကို ရယူရမှာဖြစ်ပေမယ့် ဒီတစ်ပတ်မှာတော့ အားလုံးရှုံံးခဲ့ကြတာပါ။

လိဒ်စ်ယူနိုက်တက်နဲ့ ဘန်လေအသင်းတို့အနေနဲ့ မနေ့ကပွဲတွေမှာ ရလဒ်ကောင်းတွေရယူနိုင်ခဲ့ပြီး နှစ်သင်းစလုံး ပရီးမီးယားလိဂ်တန်းတက်ခွင့်လက်မှတ်ရခဲ့ကြပေမယ့် လက်ကျန်ပွဲ(၂)ပွဲမှာ အမှားမခံဘဲ ချန်ပီယံဆုကို အပြိုင်လုယူရဦးမှာပါ။ လိဒ်စ်ယူနိုက်တက်အသင်းက ဘန်လေထက် ဂိုးကွာခြားချက်(+၁၄)ဂိုးတောင် အသာရနေတာကြောင့် (၂)ပွဲလုံးအနိုင်ကစားနိုင်ခဲ့ရင် ဘန်လေရဲ့ရလဒ်တွေကို ကြည့်နေစရာမလိုဘဲ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာပါ။

လိဒ်စ်ယူနိုက်တက်အသင်းဟာ ၂၀၂၂-၂၃ ရာသီက ပရီးမီးယားလိဂ်မှာ အဆင့်(၁၉)သာရခဲ့တာကြောင့် ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရပြီး တန်းဆင်းပြီး(၂)ရာသီအကြာမှာ ပရီးမီးယားလိဂ်တန်းတက်ခွင့်ကို ပြန်ယူနိုင်ခဲ့တာပါ။ ဘန်လေအသင်းက ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်မှာ အဆင့်(၁၉)သာရခဲ့တာကြောင့် ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရပြီး တန်းဆင်းပြီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ တစ်ရာသီသာကစားကာ ပရီးမီးယားလိဂ်တန်းတက်ခွင့်ကို ပြန်ယူနိုင်ခဲ့တာပါ။

Read more

ဖလားဗိုလ်လုပွဲတွေမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဖလား(၇)ခုဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဟန်ဆီဖလစ်

ဖလားဗိုလ်လုပွဲတွေမှာ ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဖလား(၇)ခုဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဟန်ဆီဖလစ်

ဘာစီလိုနာအသင်းနည်းပြဟန်ဆီဖလစ်ဟာ ဖလားဗိုလ်လုပွဲတွေ ယှဉ်ပြိုင်ရင် ဘယ်တော့မှ မရှုံးတဲ့သူရဲ့မှတ်တမ်းကောင်းကို စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဆက်လက်ထိန်းသိ

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါဖလားရယူနိုင်မယ့်ပွဲကို ဟာရီကိန်းပွဲပယ်ကြောင့် လွဲချော်

ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါဖလားရယူနိုင်မယ့်ပွဲကို ဟာရီကိန်းပွဲပယ်ကြောင့် လွဲချော်

ဘိုင်ယန်မြူးနစ်အသင်းက မိန့်ဇ်အသင်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ အဝါကတ်ပြခံခဲ့ရတဲ့ အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်

Copa del Rey ဆုပေးပွဲမှာ စပိန်ဘုရင်ကို မလေးမစားပြုမူခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ လာမင်းယာမားလ်

Copa del Rey ဆုပေးပွဲမှာ စပိန်ဘုရင်ကို မလေးမစားပြုမူခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ လာမင်းယာမားလ်

စပိန်ဘုရင့်ဖလားဗိုလ်လုပွဲက ပွဲမတိုင်ခင် စပိန်ဒိုင်လူကြီးတွေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ရုပ်သံမီဒီယာတိုက်ပွဲ၊ ပွဲချိန်အတွင်း ရီးရဲလ်ကစားသမားတွေနဲ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဘုန်းမောက် - မန်ယူနိုက်တက် (ပရီးမီးယားလိဂ်) (27 April 2025/ 7:30 pm) လက်ရှိပရီးမီးယားလိဂ်ရပ်တည်မှုမှာ ဘုန်းမောက်က မန်ယူနိုက်တက်ထက် ရမှတ်(၁၁)မှတ်အသာ (၄၉)မှတ်