စားလို့ကောင်းတဲ့ တောင်ဥက္ကလာက ကွေ့သယိုဆိုင်လေး
"အစားပလုံး" ဟုတ်ပါတယ် ဘယ်နှခေါက်ဖတ်ဖတ် "အစားပလုံး" ပါ
ဆိုင်နာမည်လေးကတစ်မျိုးလေးရယ်၊ မင်မင်လည်းစစတွေ့ချင်းတုန်းကဆို ခဏခဏ ဆိုကြည့်နေတာ (စမ်းခေါ်ကြည့်လို့ကောင်းတယ်.. ဟုတ်) သူ့ဆိုင်လေးမှာ ဘာတွေရလဲဆိုတော့ အဓိကကတော့ ကွေ့သယို၊ အထောင်းတွေလည်းရတယ်၊ Soda drinks တွေလည်းရှိတယ်။ မင်မင်တို့ကတော့ဆိုင်ရဲ့ Signature Menu ဖြစ်တဲ့ ကြက်ပေါင်းကွေ့သယိုနဲ့ ၀က်ပေါင်းကွေ့သယို စားခဲ့တယ်။
ကြက်ပေါင်းကွေ့သယို(ရည်) - 2500
ကွေ့သယိုမှာ ကြက်ပေါင်တစ်ချောင်း၊အသားလုံး၊ ကန်စွန်းရွက်၊ ပဲပင်ပေါက် ပါတယ်။ တချို့ဆိုင်တွေမှာမင်မင်စားဖူးတာ အရွက်မပါလို့လိုက်ရှာရနဲ့ အရွက်များရင်ခေါက်ဆွဲမပါ၊အသားတွေပျောက်နေလို့လိုက်ရှာရ ၊ဒီမှာတော့အဲ့လိုမဖြစ်ဘူး ကြက်ပေါင်ကလည်းနူးအိနေရော။
အသီးအရွက်ကြိုက်တဲ့သူဖြစ်လို့လည်း ကွက်တိဘဲ။ အရသာမှာဆိုရင် အရည်အရသာကလည်းအနေတော်ဘဲ၊မုန့်လာဥအတုံးလေးတွေပါတော့ ချိုနေရော။ ချိုတယ်ဆိုပေမယ့် ချိုတဲ့အရသာတစ်မျိုးထဲဘဲထွက်နေတာမဟုတ်ဘူး။ မင်မင်က အငန်ဘက်နည်းနည်းသွားတဲ့တစ်လိုင်းမလို့ မင်မင့် အတွက်တော့နည်းနည်းလေးပေါ့တယ်ထင်ရတယ်။ ဒါပေမယ့် စားပွဲတိုင်းမှာ ငရုတ်သီးမှုန့်ရယ် အငန်ရယ်ကိုယ်လိုသလောက်ထပ်ထည့်စားဖို့ချပေးထားတာမလို့ စပ်စပ်လေးထည့်စားခဲ့လိုက်တယ်။
၀က်ပေါင်းကွေ့သယို(သုပ်) - 3000
၀က်သားပြား၊ အသည်း၊ အသားလုံး၊ကန်စွန်းရွက်၊ ပဲပင်ပေါက်တို့ပါတယ်။ပဲငံပြာရည်နံ့ မွှေးမွှေးလေးရနေတယ်။ဒါပေမယ့်မင်မင့်အတွက် ပဲငံပြာရည်အရသာနည်းနည်းပိုတယ်။ သူ့ sauceမှာလည်းငရုတ်သီးဖတ်လေးတွေပါပေမယ့်အရမ်းမစပ်ဘူး။ ဟင်းရည်ပူပူချိုချိုလေးနဲ့ဆိုတော့ အတော်လေးလိုက်တယ်။
သင်္ဘောသီးထောင်း - 2000
အရသာကပုံမှန်အစပ်အနေတော်လေးဘဲ။ သင်္ဘောသီးကလည်း တကြွပ်ကြွပ်နဲ့ လတ်ဆတ်တယ်။ ပဲသီး၊ ခရမ်းချဥ်သီး၊မုန့်လာဥနီ၊ မြေပဲလေးတွေပါတယ်။အစပ်ပြေလည်း သခွားသီးပါထည့်ပေးထားပါတယ်။
Drinks တွေကလည်း ချဥ်ချဥ်ချိုချိုအရသာလေးတွေဆိုတော့ အအီလည်းပြေတယ်။ သောက်လို့လည်းကောင်းတယ်။
အစားပလုံးမှာ ရွာလွတ်ပျားရှောက်ချိုဗူးလေးတွေပါ ရောင်းပါတယ်။100% organic ပါ။ 100 g တစ်ဗူး ကိုမှ ၁၅၀၀ ကျပ်ပါ။ အစားပလုံးရဲ့Menu ကိုလည်း ပုံမှာထည့်ပေးထားပါတယ်နော်။delivery လည်းရှိလို့ page လေထဲ၀င်ပြီး ကြည့်လို့ရအောင် ထည့်ပေးလိုက်ပါတယ်။