၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် မန်စီးတီးအသင်းမှာပါဝင်ဖို့ကို ဒီဘရိုင်းနားငြင်းဆန်ဖွယ်ရှိနေ

၂၀၂၅  ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် မန်စီးတီးအသင်းမှာပါဝင်ဖို့ကို ဒီဘရိုင်းနားငြင်းဆန်ဖွယ်ရှိနေ

ဘယ်လ်ဂျီယံဝါရင့်ကွင်းလယ်လူ ဒီဘရိုင်းနားဟာ ကလပ်အသင်းသစ်ကို ရှာဖွေဖို့အချိန်ယူချင်တာကြောင့် နွေရာသီမှာကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်စီးတီးအသင်းနဲ့ ပါဝင်ဖို့ကို ငြင်းဆန်ဖွယ်ရှိနေပါတယ်။ ဒီရာသီကုန်မှာ မန်စီးတီးအသင်းက ထွက်ခွာမယ့် ဒီဘရိုင်းနားနဲ့ အသင်းတို့ရဲ့စာချုပ်ဟာ ဇွန်(၃၀)ရက်အထိသက်တမ်းရှိနေတာပါ။

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်(၁၄)ရက်မှာ စတင်ကျင်းပမှာဖြစ်လို့ ဒီဘရိုင်းနားဟာ ဒီပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်ရှိနေတာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ကွင်းလယ်လူဒီဘရိုင်းနားရဲ့စာချုပ်ကို ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးထိ သက်တမ်းတိုးချင်နေတာပါ။

ဒါပေမယ့် ဒီဘရိုင်းနားဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒဏ်ရာရခဲ့ရင် သူ့ရဲ့အပြောင်းအရွှေ့ခက်ခဲသွားမှာကို စိုးရိမ်နေတာကြောင့် ဒီပြိုင်ပွဲကို ငြင်းပယ်ချင်နေတယ်လို့ Daily Star က ဖော်ပြထားပါတယ်။

ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းက သူ့ကို စာချုပ်သက်တမ်းမတိုးခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ်မှာလည်း ဒေါသထွက်နေတဲ့ပုံစံမှာ ရှိနေတာပါ။ ဒီဘရိုင်းနားဟာ ရာသီကုန်တာနဲ့ အပြောင်းအရွှေ့အတွက် ကလပ်အသင်းတွေနဲ့ဆွေးနွေးမှုပြုလုပ်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင် ဒီဘရိုင်းနားဟာ အသင်းသစ်ထံမပြောင်းရွှေ့မီမှာ အနားယူပြီး နောက်ထပ်ခြေလှမ်းကို ဦးစားပေးဖို့ စီစဉ်နေတာပါ။

အသင်းပေါင်း(၃၂)သင်းနဲ့ ပထမဆုံးအကြိမ်ကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲပုံစံသစ်မှာ မန်စီးတီးအသင်းဟာ မော်ရိုကလပ် ဝီဒတ်၊ အာရှချန်ပီယံလိဂ်လက်ရှိချန်ပီယံ အယ်လ်အိန်း၊ စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပါတယ်။ မန်စီးတီးအသင်းဟာ အခုလာမယ့်ပွဲစဉ်အဖြစ် နော်တင်ဂမ်ဖောရက်စ်အသင်းနဲ့ FA ဖလားပြိုင်ပွဲဆီမီးဖိုင်နယ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Read more

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

မိမိအသင်းအပေါ် စိုးရိမ်စရာမရှိဘူးလို့ အာဆင်နယ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ လူးဝစ်အင်းနရစ် ဆို

PSG အသင်းဟာ နိုက်စ်အသင်းကို (၁-၃)ဂိုးနဲ့ အရေးနိမ့်ပြီး ဒီရာသီပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် PSG အသင်းနည်းပြလူးဝစ်အင်းနရစ်က လာမယ့် အာဆင်

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ခရစ္စတယ်ပဲလေ့စ် - အက်စတွန်ဗီလာ (FA ဖလားဆီမီးဖိုင်နယ်) (26 April 2025/ 10:45 pm) လက်ရှိပရီးမီးယားလိဂ်ရပ်တည်မှုမှာ ဗီလာက ရမှတ်(၅၇)မှတ်နဲ့ အဆင့်(၇)မှာ ရှိနေပြီး ခရစ္စတယ်

ကိုးလ်ပါမား (၁၆)ပွဲဆက်ဂိုးမသွင်းနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မာရက်စ်ကာ မှတ်ချက်ပြု

ကိုးလ်ပါမား (၁၆)ပွဲဆက်ဂိုးမသွင်းနိုင်တာက စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ မာရက်စ်ကာ မှတ်ချက်ပြု

ချယ်လ်ဆီးအသင်းရဲ့ အီတလီလူမျိုးနည်းပြမာရက်စ်ကာက ချယ်လ်ဆီးအသင်းအတွက် အင်္ဂလန်ကြယ်ပွင့်ကိုးလ်ပါမား (၁၆)ပွဲဆက်တိုက်ဂိုးမသွင်းယူနိုင်တာက သူ့ရဲ့အမှားကြ

Gemini AI ကို မော်တော်ကားနဲ့ Smart Watch များမှာလည်း သုံးနိုင်ဖို့စီစဉ်နေ

Gemini AI ကို မော်တော်ကားနဲ့ Smart Watch များမှာလည်း သုံးနိုင်ဖို့စီစဉ်နေ

Gemini AI ကို မော်တော်ကားများနဲ့ Smart watch များမှာပါ အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း Google CEO Sundar Pichai က ကြေညာလာပါတယ်။  မော်တော်ကားများအတွက် Android Auto မှတဆင့် သုံးနိုင်အောင် ပြုလု