100ကျပ်ကနေ စရွေးလို့ရတဲ့ တောင်ဉက္ကလာက အကင်ဆိုင်လေး

100ကျပ်ကနေ စရွေးလို့ရတဲ့ တောင်ဉက္ကလာက အကင်ဆိုင်လေး

ကဲ ဒီနေ့မှာတော့ အစားအသောက်တွေပေါတဲ့ တောင်ဉက္ကလာက စျေးလည်းတန်ပြီး အရသာလည်းကောင်းတဲ့ ဆိုင်လေးတစ်ဆိုင်နဲ့ အားလုံးကို မိတ်ဆက်ပေးချင်ပါတယ်။


ဆိုင်လေးကတော့ တောင်ဉက္ကလာ မေတ္တာလမ်းမပေါ်မှာရှိတဲ့ “ဘာညာအကင်ဆိုင်”ဆိုတဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။
သူ့ဆိုင်လေးက အရင် မြောက်ဒဂုံမှာရှိတာဖြစ်ပြီး ခုတောင်ဉက္ကလာမှာ ပြန်ဖွင့်တာမကြာသေးဖူးပေါ့နော်။


ပထမဦးဆုံးအနေနဲ့ ဆိုင်အတွင်းလေးက decoration လှတဲ့အပြင်အစားအသောက်တွေဆိုလည်း ပေးရတဲ့စျေးနဲ့ တန်တဲ့ အရသာကိုပြန်ရတယ်။


အကင်တွေဆိုလည်းစုံပြီး စျေးနှုန်းအနေနဲ့ဆိုလည်း ၁၀၀ကျပ်တန်ကနေ အများဆုံးကျောက်ပုစွန်တွေထိရှိတာနော်။


အရသာတွေဆိုလည်း အချဉ်မပါဘဲစားရင်တောင် တော်တော်ကောင်းတယ်။


Admin တို့ကတော့ အကင်တွေအပြင် မာလာရှမ်းကော, ဝက်နံရိုးမီးတောက် အပြင်
မာလာ ကြက်ခြေထောက်,ကြက်အရေခွံကြော် နဲ့ ဝက်သားလုံးကြော်လည်း စားခဲ့ပါသေးတယ်။
ဒီထဲမှာမှ admin ကတော့ ဝက်သားလုံးကြော်နဲ့ ကြက်အရေခွံကြော်ကို တော်တော် သဘောကျတယ်။ ကြက်အရေခွံကြော်ဆို ကြွပ်ရွနေပြီး စားလို့တော်တော်ကောင်းလို့ ရောက်ရင် မှာစားကြည့်ခဲ့ကြနော်။


ဝက်နံရိုးမီးတောက်ကိုပြောရမယ်ဆိုရင်တော့ သူ့ရဲ့ အသားနူးအိနေချက်ကတော့ တစ်ကယ်ရှယ်ပဲ ။ဒါပေမယ့် သူ့အရသာက အစပ်အရမ်းမစားတဲ့သူဆိုရင်တော့ အဆင်ပြေပေမယ့် အစပ်စားတဲ့သူအတွက်ဆိုရင်တော့ ပေါ့မယ်လို့ ထင်ပါတယ်။ဒါကြောင့် ကိုယ်က ချဉ်ငံစပ်သမားဆိုရင် မှာတည်းက တစ်ခါတည်း ကိုယ့်အကြိုက်ကို ပြောပြီး ပြင်ခိုင်းတာ ပိုကောင်းမယ်လို့ ပြောချင်ပါတယ်။


Overall ပြောရမယ်ဆိုရင်တော့ စျေးတန်တန်လေးနဲ့ အရသာကောင်းကောင်းလေးလည်း ပြန်လိုချင်တဲ့သူတွေအတွက် ဒီဘာညာ အကင်ဆိုင်ဆိုတဲ့ ဆိုင်လေးကို admin က သွားကြည့်ကြဖို့ ပြောချင်ပါတယ်။


ဒါဆိုရင်တော့ adminတို့ စားခဲ့တာလေးတွေကို စျေးနှုန်းလေးတွေနဲ့ပါ တကွပြောပြပေးထားမလို့ ဆက်လက်ကြည့်ပေးကြပါဦးနော်။

Bar Nyar (ဘာညာ) · R5WQ+FG5, Myittar Rd, Yangon, Myanmar (Birma)
★★★★☆ · Barbecueplek
ဘာညာအကင်ဆိုင်

ဖုန်း- 09 400623026

လိပ်စာ-တောင်ဥက္ကလာ မေတ္တာလမ်းမပေါ် CB bank မျက်စောင်းထိုး

Read more

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

လေပေါ်ပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်

ဒီနှစ်ရဲ့ CES 2025 မှာ မိတ်ဆက်လာတဲ့ ပစ္စည်းတော်တော်များများက ရှယ်တွေပါပဲ။ တစ်ခုပဲ ဈေးကွက်ထဲ ရောက်မရောက်မသေချာတာရယ် ရောက်ဖို့ အချိန်ကြာဦးမှာရယ်က လွ

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

တစ်ကိုယ်တည်း နေတတ်ခြင်းအကြောင်း

မနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ တစ်ယောက်တည်း လမ်းလျှောက်နေမိတယ်။ လမ်းဘေးက သစ်ရွက်တွေပေါ်မှာ နေရောင်ခြည်က ဝင်းဝင်းလက်လက် ကျနေတယ်။ ဒီအချိန်မှာ စိတ်ထဲ

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

အမြင်အာရုံချို့တဲ့သူတွေအတွက် ခေါင်းစွပ်မျက်မှန်

Australia Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ရဲ့ သုတေသီများက အမြင်အာရုံဆုံးရှုံးသူများရဲ့ အမြင်အာရုံကို သာမန်သူများနီးပါးကောင်းမွန်စွာခံစားနိုင်မယ့် ကမ္ဘာ့ပထမဆုံးသေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

Atomic Habits ဆိုတဲ့ စာအုပ်ထဲက မှတ်သားစရာ အချက်တွေ

ဂျိမ်းစ် ကလီးယား ရေးသားထားတဲ့ ဒီစာအုပ်လေးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလေ့အထကောင်းတွေ ဘယ်လိုတည်ဆောက်မလဲ၊ အလေ့အထဆိုးတွေကို ဘယ်လိုဖျက်သိမ်းမလဲဆိုတာကို လက်တွေ့ကျ